ယခုလ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်တပ်အင်အားစာရင်းပေးပို့ရန် နအဖ သတိပေး ထားချက်ကြောင့် နောက်ဆုံးရက် နီးလာ သည်နှင့်အမျှ ပြည်သူများစိုးရိမ်ခြောက်ခြားြပီး နေရပ်မှ တိမ်းရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။
“အခုကျနော်တို့ဘက်က ကျေးလက်ထူထု - အဓိက ၀ လူမျိုးတွေပေါ့၊ အခုဘဲစစ်ဖြစ်တော့မလိုလို သတင်း ထွက်နေတော့ တောထဲရော၊ ထိုင်းနယ်စပ်ဘက်ကော တိမ်းရှောင်နေတာ သင်္ကြန်မတိုင်ခင်ကတည်းကဘဲ။ အခု ရက်ပိုင်း ပိုတောင်များ လာတယ်။ စစ်တကယ်ဖြစ်ခဲ့ရင်ထိုင်းထဲကိုချက်ချင်းပြေးဝင်ဖို့ အဆင်သင့်ပြင်ထားပုံရှိ တယ်” - ဟု ပုံပါကျင်ဒေသခံတဦးက ပြောပါသည်။
ဧပြီလဆန်းပိုင်းကစ၍ မိုင်းတုံ/ မိုင်းဆတ်မြို့နယ်အတွင်းရှိ ၀ ပြည်သူများ မိမိအိမ်မွေးတိရစ္ဆာန်များ၊ မော်တော်ဆိုင်ကယ်များ ကို စျေးနှုန်းသက်သက်သာသာဖြင့်ရောင်းချပြီး တခြားဒေသသို့ လူအင်အားထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း၊ ဟွေအော့်ဘက် ၄-၅ ရွာက မိုင်းကျွတ်ဘက်၊ ပုံပါကျင်ဘက်က နောင်ဝိုင်း (ထိုင်း နယ်စပ် - မိုင်းနသို့ လည်းကောင်း၊ လွယ်အန်ခန်ဘက်သို့လည်းကောင်း၊ ညဘက်ပိုင်း မီးမထွန်းကြဘဲ ၀ တပ်ဖွဲ့တို့၏ အကူအညီဖြင့် တောတောင် ထဲသို့သော် လည်းကောင်း ပြောင်းရွှေ့ကြသည်ဟု ဒေသခံများကပြော ပါသည်။
“ဗမာစစ်တပ်ယာဉ်တန်းတွေ တက်ဆင်းဝင်ထွက်နေတာတွေ စစ်ရေးပြင်နေတာတွေ အခုရက်ပိုင်း ထူးထူးခြား ခြား သိပ်မတွေ့ရပါဘူး၊ ဒါပေမယ့် ၀ ဘက်ကတော့ နအဖ တကယ်ထိုးစစ်ဆင်တိုက်ခိုက်လာရင် မိသားစုဝင်တွေ စစ်ဘေး စစ်ဒဏ် မခံရအောင် ကြိတင်ကာကွယ်ထားတဲ့သဘော၊ ၀ ထိပ်ပိုင်းခေါင်ဆောင်တွေ ညွှန်ကြားတာ တော့ မဖြစ် နိုင်ဘူး။ အောက်ပိုင်းတပ်မှူးတွေစီစဉ်တာဘြဲဖစ်နိုင်တယ်။ ၀ ပြည်သူပြောင်းရွှေ့လှုပ်ရှား မှုကသိသာ တယ်။ ထိုင်းဖြစ်ခေါက်ဆွဲ ခြောက်တွေ ၀ယ်ယူ သွားကြတာ ဆိုင်တိုင်းပြတ်ဘဲ”- ဟု ခေတ်ပညာတတ်လူငယ် စိုင်းအိုက် ကပြောပါသည်။
မိုင်းတုံမြို့နယ် နားကောင်းအုပ်စုမှ ၀မ့်ကျောင်းတော၊ ၀မ့်နောင်ယာ့ဆိုင်း၊ ဟွေ့အွမ့် နှင့် နမ့်ဟူးနိုင်းဆိုင်ရွာနှင့် ပုံပါကျင် မြ့နယ်ခွဲမှ ၀ ရွာသားများက စားသောက် ကုန်ခြောက်များ ၀ယ်ယူသယ်ဆောင်သွားကြသည်ဟုဆို သည်။ ၀ လူထု ရုတ်ရုတ်သဲသဲ ရှောင်တိမ်းနေမှုကြောင့် အခြားဒေသခံများလည်း စစ်ဘေးစစ်ဒဏ်စိုးရိမ်နေကြ သည် ဟုဆက်ပြောပြပါ သည်။
သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ယနေ့ မွန်းတည့်ချိန်၌ သတ်မှတ်ချိန်နောက်ဆုံးဖြစ်ကြောင်း၊ တောင်ပိုင်း ၀ ခေါင်းဆောင်၏ ကိုယ်စားလှယ်များက မိုင်းဆတ်သို့သွားပြီး စစ်အစိုးရနှင့် ဆွေးနွေးနေကြောင်း၊ လက်နက်မချလိုလျှင် အသွင်ပြောင်းရမည်ဖြစ်ကြောင်း၊ သို့မဟုတ်လျှင်လည်းတိုက်ပွဲမှတပါး ရွေးခြယ်စရာလမ်း မရှိတော့ကြောင်း နအဖ က ရာဇဒဏ်ထပ်ပေးထားသည်ဟုဆိုသည်။
တောင်ပိုင်း ၀ လူထု ရုတ်ရုတ်သဲသဲတိမ်းရှောင်နေကြသော်လည်း နအဖ ဘက် ထူးခြားသည့်စစ်ရေးပြင်ဆင်မှုအရှိသည့် အပြင် အချို့အခြေစိုက်တပ်စခန်းများပင် တပ်ရုပ်ပြန်သွားခြင်း ရသည်ဟု သိရှိ၏။ မည်သို့ပင်ဆိုစေ ၀ တပ်ဖွဲ့နှင့်စစ်ဖြစ် ခဲ့လျှင် နအဖ ကလူအင်အားမသုံးဘဲ၊ လက်နက်ကြီးများ၊ MG.29 ရုရှားလုပ် တိုက်လေယာဉ်များ မိနစ်ပိုင်းအတွင်း အရောက်တိုက်ခိုက်နိုင်သည်ဆိုသည့် စိတ်ဓါတ် စစ်ဆင်ရေးအရ ခြိမ်းခြောက်မှု အောင်မြင်နေကြောင်း မိုင်းတုံမြို့နေ အမည်မဖေါ် လိုသူတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ဆက် ပြောပြပါသည်။
“MG.29 တိုက်လေယာဉ် စမ်းသပ်ချင်နေတာ လက်တောင်ယားတယ်ပြောတယ်။ သူတို့အဲလိုမကြာခဏဝါဒဖြန့် လို့ ၀ လူထု ဒုက္ခရောက်နေတာပေါ့၊ တောထဲ တောင်ထဲ အမိုးအကာမရှိ ရေမရှိ မီးမရှိဆိုတော့ - ၀မ်းတွေလျော ရောဂါတွေ ဖြစ်ဆိုတော့ သေတဲ့သူတောင်ရှိတယ်ဆိုဘဲ။ အခုဟာက တရွာလုံးထွက်ပြေးပြီး သက်ကြီး ပိုင်း ၄-၅ ယောက်လောက်ဘဲ ကျန်တော့တယ်ပြောတယ်”
မတ်ချ်လနှောင်းပိုင်းနှင့် ဧပြီလဆန်းပိုင်းတွေ့ဆုံပွဲတွင် နအဖ ၏ စစ်ဘက်ရေးရာလုံခြံုရေးအရာရှိချုပ် ဒုဗိုလ်ချုပ် ကြီးရဲမြင့်က အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြား စောင့်တပ်အသွင်ပြောင်းမည့် လူအင်အားစာရင်းအား ယနေ့ နောက်ဆုံးပေးပို့ရန်၊ ပေးပို့ခြင်းမရှိက ၂၈ ရက်နေ့ (အသွင်ပြောင်းစတင်ဖိအားပေးမှု တနှစ်ပြည့် သည့်နေ့) နောက်ပိုင်း ၁၉၈၉ မတိုင်မီက အတိုင်း (မတရားအသင်းအဖွဲ့များအဖြစ် ) ပြန်လည်ရောက်ရှိမည်ဟု ခြိမ်းခြောက် ထားပါသည်။
၀ တို့ဘက်ကမူ နောက်ဆုံးတောင်းဆိုညှိနှိုင်းချက် ၈ ချက်ကို နအဖ က လက်မခံလျှင် ဆက်၍ အခြားအဖြေပေးရန်မရှိ တော့ကြောင်း ၀ စစ်ဘက်ရေးရာအရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုပါ သည်။
....