ပေါက်တောမြို့ မယက သက်သာချောင်ချိရေးဆိုင် မီးလောင်ကျွမ်း

ပေါက်တောမြို့ မယက သက်သာချောင်ချိရေးဆိုင် မီးလောင်ကျွမ်း
by -
ခိုင်သော်က
ပေါက်တောမြို့ရဲစခန်အနှီးရှိ မယက သက်သာချောင်ချိရေးဆိုင်မှာ ဧပြီ (၁၉) ရက်နေ့ ည ၁၁ နာရီ ကျော် ခန့်တွင် မီးလောင်ကျွမ်းခဲ့သည်ဟု....

ပေါက်တောမြို့ရဲစခန်အနှီးရှိ မယက သက်သာချောင်ချိရေးဆိုင်မှာ ဧပြီ (၁၉) ရက်နေ့ ည ၁၁ နာရီ ကျော် ခန့်တွင် မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။

ဆိုင်အရာင်းတာဝန်ခံ မယက အဖွဲ့ဝင် ကိုသာထွန်းအေး နှင့်အပေါင်းပါ အဖွဲ့သည်၄င်းနေ့ည မီးမလောင်မှီ ဆိုင်းအတွင်း၌ အရက်သောက်စား မူးယစ် ပျော်ပါးခဲ့ကြပြီးနောက် ဆိိုင်ကိုပိတ််၍ အိမ်ကို အပြန် မိနစ်(၂၀) ခန့်တွင် မီးစလောင်းကြောင်း အနီးအနားရှိ မျက်မြင် သက်သေများ၏ ထွက်ဆိုချက်အရ သိရသည်။

“မီးလောင်တာလည်း သူတို့ အရက်သောက်စားခဲ့သော ဆိုင်အတွင်းပစ္စည်းသိုလှောင်ခန်းမှ စတင် လောင် ကျွမ်းခဲ့သဖြင့်၊ ၎င်းအတွင်းရှိ ရေနံဆီ၊ဓါတ်ဆီ၊စားဆီ စည်များပေါက်ကွဲနေသဖြင့်  မီးငြိမ်းသတ်ရန် ရောက် လာသောလူတို့ကလည်း ဆိုင်အနီးသို့ ကပ်မရ၍ တခြားနေရာသို့ မီးကူးစက် မလောင်ရအောင်သာ ကာကွယ် တားဆီးခဲ့ကြရသည်ဟုဒေသခံမျက်မြင်အမည်မဖေါ်လိုသူတဦး၏သတင်းပေးပိုချက်အရသိရသည်။

မီးလောင်ကျွမ်းရာတွင် ကာလတန်ဖိုး ကျပ်ငွေ သိန်း (၆၀)ကျော်ခန့်ဆုံးရှံုးခဲ့ရကြောင်း၊ ဆိုင်အရောင်းတာဝန်ခံ မယကအဖွဲ့ဝင်ကိုသာထွန်းအေး၊ အေးကျော်၊ မြင့်သန်းနှင့် လှရွှေ တို့ကို ဧပြီ(၂၀)ရက်နေ့ မယကရုံးမှ ခေါ်ယူ စစ်ဆေးလျှက်ရှိကြောင်းမယကရုံးမှ အမည်မဖေါ်လို၀န်းထမ်းတဦး၏ ပြောပြချက််အရ သိရသည်။

ဆိုင်အတွင်းအရက်သောက်စားနေစဉ်တွင် ပေါက်တောမြို့ရဲစခန်းမှ ရဲတပ်ကြပ်ဆန်းညွှန့်လည်း ပါခဲ့သော် လည်း ခေါ်ယူစစ်ဆေးခြင်းမရှိကြောင်း အမည်မဖေါ်လိုသူ မယကရုံးဝမ်ထမ်းတဦးမှ ပြောပြသည်။

Most read this week