ရွာသားနှစ်ဦးကို စော်ကားပြီး ငွေ နှစိသိန်းယူ

ရွာသားနှစ်ဦးကို စော်ကားပြီး ငွေ နှစိသိန်းယူ
by -
ကုလားတန် သတင်းဌာန

ရခိုင်ပြည်နယ်၊မောင်တောမြို့၊ဘာလူခါလီ ကျေးရွာအုပ်စုအပိုင် ဂေါ်ဒူရာစျေးတွင် ဧပြီလ ၁၆ ရက် ညနေ ၄ နာရီအချိန်တွင် ရဲ တပ်ဖွဲ့ဝင်များက ဆေးဝယ်ရန်လာသော ရွာသားတဦးနှင့် ဆိုင်ပိုင်ရှင်တဦး အား အမျိုးသမီးတဦးကို စော်ကားသည့်ဟု စွပ်စွဲပြီး ငွေ နှစ်သိန်းညှစ်ယူခဲ့ကြောင်း အစွပ်စွဲခံရသူတဦး၏ သူငယ်ချင်းတဦး ပြောပြချက် အရ...

 

ရခိုင်ပြည်နယ်၊မောင်တောမြို့၊ဘာလူခါလီ ကျေးရွာအုပ်စုအပိုင် ဂေါ်ဒူရာစျေးတွင် ဧပြီလ ၁၆ ရက် ညနေ ၄ နာရီအချိန်တွင် ရဲ တပ်ဖွဲ့ဝင်များက ဆေးဝယ်ရန်လာသော ရွာသားတဦးနှင့် ဆိုင်ပိုင်ရှင်တဦး အား အမျိုးသမီးတဦးကို စော်ကားသည့်ဟု စွပ်စွဲပြီး ငွေ နှစ်သိန်းညှစ်ယူခဲ့ကြောင်း အစွပ်စွဲခံရသူတဦး၏ သူငယ်ချင်းတဦး ပြောပြချက်အရ သိရသည်။

မောင်တောမြို့၊ ဘာလူခါလီကျေးးရွာနေ မအာရ်ဖါဘေဂေါမ်(နာမည်အရင်းမဟုတ်)သည်သူမ၏ညီငယ်တဦး နှင့် အတူ ဆေးဝယ်ရန် ဂေါ်ဒူရာစျေးရှိ ဆေးဆိုင်သို့ သွားနေစဉ် ရာသီလာသဖြင့် သူမ၏ထမိန်တွင် သွေး များစွန်းထင်းနေကြောင်းသိရသည်။

ထိုအချိန်တွင် လဖူးယားကျေးရွာနေ ဦးဇာဟိဒ်ဟူဆိန်၊ အသက် ၃၈ နှစ်လည်း ၎င်းဆေးဆိုင်တွင် ဆေးဝယ် ရန်သွားခဲ့သည်။ဆေးဆိုင်ပိုင်ရှင်မှာ တောင်ပြိုဝဲနေ မော်လဝီဆုလ်တန်၊ အသက် ၄၅ နှစ် ဖြစ်ကြောင်း ၎င်း စျေးမှ လူကြိးတဦး၏ပြောပြချက်အရ သိရသည်။

၎င်းအချိန်အတောအတွင်း တောင်ပြိုဝဲ ရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းဦးစီးသောရဲအုပ်စုတစုလည်း ၎င်းဆေးဆိုင်သို့ ၀င်လာကြောင်း၊ ဒုရဲအုပ်မှာ မအာရ်ဖါ၏ထမိန်တွင် သွေးစွန်းထင်းနေသည်ကို မြင်၍ ၎င်းဆိုင်တွင် ရှိနေသော ဆေးဆိုင်ပိုင်ရှင် နှင့် ဦးဇာဟိဒ်ဟူဆိန် တို့ကို အမျိုးသမီးအား မုဒိမ်းကျင့်သည့်ဟုစွပ်စွဲကြောင်း ၎င်းလူကြီး ကပင် ပြောပြသည်။

ရဲ၏စွပ်စွဲပြောဆိုချက်ကို ဆေးဆိုင်ပိုင်ရှင် နှင့် ဆေးဝယ်လာသူ များ ငြင်းဆိုနေသော်လည်း ရဲအရာရှိမှာ ဂရုစိုက််ခြင်းမရှိ၊ ထိုအချိန်တွင် စျေးဝယ်အမျိုးသမီးးကလည်း သူမမှာ ရာသီလာကြောင်း ရှင်းပြသော်လည်း ၎င်းရဲအရာရှိက အရေးစိုက််ခြင်းမပြုကြောင်း၊ မော်ဝလီ ဆေးဆိုင်ပိုင်ရှင်ကလည်း် သူသည် ဘာသာရေးပုဂ္ဂိုလ်ဖြစ်၍ ဤကဲ့သို့ မစွပ်စွဲသင့်ကြောင်း အကျယ်တဝန်းရှင်းပြသော်လည်း ရဲအရာရှိကမူ ဂရုစိုက်ခြင်းမရှိကြောင်းသိရသည်။

နောက်ဆုံးတွင် ရဲအရာရှိက ၎င်းတို့နှင့် အတူ ရဲစခန်းသို့ မလိုက်လိုပါက ငွေ နှစ်သိန်းတောင်းဆိုလိုက် ကြောင်း၊ မဟုတ်ယင် ရဲစခန်းသို့ ခေါ်သွားမည်လုပ်နေသဖြင့် ငွေ နှစ်သိန်းပေးရကြောင်း အစွပ်စွဲခံရ သူတဦး၏ ဆွေးမျိုးတဦး၏ပြောပြချက်အရ သိရသည်။

“ဤသည်ကား ငွေညှစ်သောနည်းဖြစ်၏” ဟု ဒေသခံလူကြီးတဦးကပြောသည်။