နအဖစစ် အစိုးရမှ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်မည့် ချင်းနိုင်ငံရေးပါတီ တခုကို ယခုလ ရ ရက်နေ့က ရွေးကောက်ပွဲကော်မီရှင်သို့ မှတ်ပုံတင် လိုက်ပြီ ဖြစ်သည်။
ချင်းအမျိူးသားပါတီ Chin National Party (CNP) ဟုအမည်ပေးထားသည့် ချင်း နိုင်ငံရေးပါတီကို ဧပြီလ ရ ရက်နေ့က စစ်အစိုးရရုံးစိုက်ရာ မြို့တော်သစ် နေပြည်တော် တွင် မှတ်ပုံတင်လုုိက်ပြီဖြစ် ကြောင်း ဒီနေ့ထုတ်ပြန်သည့်မြန်မာ့အလင်းသတင်းစာ (New Light of Myanmar)ထဲတွင်ဖော်ပြ ထားသည်။
ပါတီခေါင်းဆောင်နှစ်ဦးသည် မတ်လ ၂၉ ရက်နေ.က နေပြည်တော်သို.သွားရောက်ပြီး ဧပြီလ ရ ရက်နေ. တွင် Chin National Party ဆိုသည့်အမည်ဖြင့် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင် ရန်အတွက် ပါတီမှတ်ပုံတင်လိုက်ကြခြင်း ဖြစ်သည်။
ချင်းအမျိူးသားပါတီကို ရန်ကုန်တွင်နေထိုင်ကြသည့် ချင်းနိုင်ငံရေးခေါင်းဆောင်များနှင့် ချင်းပြည်နယ် မြိုှု့နယ်အားလုံးမှ ကိုယ်စားလှယ် များမှ ချင်းအမျိုးသားတခုလုံး လွမ်းခြုံမည့်ပါတီကို ဖွဲ့စည်းပြီး မြို့နယ် အားလုံးတွင် ၀င် ရောက် ယှဉ်ပြိုင်ကြရန် ဆုံးဖြတ်ခဲ့ကြ သည်ဟုသိရသည်။
အစည်းအဝေးသုံးကြိမ်တိုင်တိုင်ထိုင်ပြီး ချင်းတမျိုးသားလုံးလွမ်းခြံုစေမည့် ချင်းအမျိုး သားနိုင်ငံရေးပါတီ တခုကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်ရောက်ရန် ယခုလို ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်မှ လာသည့် သတင်း အရသိရှိရသည်၊
ချင်းပြည်နယ်ဒေသတချို့တွင် ချင်းအမည်မခံသည့် မျိုးနွယ်စု တချို့မှလည်း မျိုးနွယ်စု အမည်ခံ နိုင်ငံရေး ပါတီဖွဲ့စည်းရန် ပြင်ဆင်မှုများ လည်းရှိသည် ဟု သိရှိရသည်။
ပါတီဦးဆောင်အဖွဲ့တွင် ၁၉၉၀ ရွေးကောက်ပွဲတွင် ဖွဲ့စည်းခဲ့သည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( စီအဲန်အယ်လ်ဒီ)မှ ခေါင်း ဆောင်တချို့ပါ၀င်ကြောင်း အသေးစိပ် ကိုမူ စုံစမ်းဆဲဖြစ်သည်။
နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီများမှတ်ပုံတင်နိုင်ရန်အတွက် မတ်လ ၈ ရက်် နေ.ကစပြီး ရွေးကောက်ပွဲ ဆိုင်ရာနည်းဥပဒေ ၅ ခုကိုထုတ်ပြန် ကြေညာ လိုက်ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကျင်းပပေး မည့်နေ.ရက်ကိုမူ ယခုချိန်ထိ ကြေညာခြင်းမရှိသေးပေ။
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီစုစုပေါင်း ၁၃ ခုတို.မှ ပါတီမှတ်ပုံတင် ထား ပြီးဖြစ်သည်။