ကချင်တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နောက်ဆုံးရက် ထပ်မံသတ်မှတ်

ကချင်တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နောက်ဆုံးရက် ထပ်မံသတ်မှတ်
အကြိမ်ကြိမ်ညှိနှိုင်း၍အဖြေမထွက်သေးသည့် မြန်မာစစ်အစိုးရ ဖိအားပေးနေသည့် နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးကို ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အိို) အား  ယခုလ ၂၈ရက်နေ့တွင် နောက်ဆုံးထား၍ ဆုံးဖြတ်အဖြေပေးရန်...

အကြိမ်ကြိမ်ညှိနှိုင်း၍အဖြေမထွက်သေးသည့် မြန်မာစစ်အစိုးရ ဖိအားပေးနေသည့် နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးကို ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အိို) အား  ယခုလ ၂၈ရက်နေ့တွင် နောက်ဆုံးထား၍ ဆုံးဖြတ်အဖြေပေးရန် တဖန် ဖိအားပေးခဲ့သည်။

အကယ်၍ ကေအိုင်အိုသည်် နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆိုခဲ့လျင် မြန်မာစစ်အစိုးရမှ ကချင်ပြည်နယ် ဗန်းမော်၊ မြစ်ကြီးနား၊ ဟိုပင်၊ တနိုင်း စသည့် ဒေသ အသီးသီး၌ တည်ရှိသော  ကေအိုင်အို ဆက်ဆံရေးရုံးများကို ပိတ်ပင််မည်ဟုသတိပေးပြောကြားခဲ့ကြောင်း ကေအိုင်အို အရာရှိတဦးက ဌာနချုပ်လိုင်ဇာတွင်ကျင်းပသော အစည်းအဝေးတွင်ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ကေအိုင်အို ဒု-နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်။ ဓါတ်ပုံ - ကချင်သတင်းဌာန

ထို့အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချူပ်စိုးဝင်းမှလည်း ကချင်ပြည်နယ် ဒေသအသီးသီးက ခရစ်ယာန်ဘာသာရေးဆရာများကို မြစ်ကြီးနားသို့ခေါ်၍ ပြီးခဲ့သည့်လတွင်း ကချင်အမျိုးသားတစ်ဦးလက်ထဲမှ ဖမ်းဆီးရမိသော Remote Controlled ဗုံး ၃၂ ကို ပြသခဲ့ပြီး ကေအိုင်အိုအား ထပ်မံဖိအားပေးရန် တဖန်တိုက်တွန်း ခဲ့ကြောင်း ဆရာများက ပြောသည်။

တိုင်းမှူးမှ ၎င်းအစည်းအဝေး၌ ကေအိုင်အိုသည် ကချင်လူထုအား ဖွံ့ဖြိုးရေးသင်တန်းပေးမည်ဟု ခေါ်ယူ၍ ဗုံးလက်နက်သင်တန်းများပေးသည်မှာ ၁၂၀ ယောက်ဖြစ်ပြီး အခုလိုပြုလုပ်မှုကို ကတိမဖျက်ရန်အတွက်လည်း ကေအိုင်အိုက သတိပေးထားသည်ဟု ဆိုသည်။

အခုလို စစ်အစိုးရ၏တု့ံပြန်မှုအပေါ်တွင် ကေအိုင်အို ဒု-နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်က  ဟိုးမှာ..သူတို့ ငြိမ်းချမ်းရေးလုပ်နေတဲ့သူတွေ ရရှားကနေ အခုတလော MiG-29 အစင်း ၂၀ ၀ယ်၊ ဟိုး ရရှားနိုင်ငံက ဘာတွေဝယ်တယ် အိန္ဒိယနိုင်ငံက၊ ကိုးရီးယားနိုင်ငံက ဘယ်လိုမျိုးကြောက်မက်ဖွယ်လက်နက်တွေဝယ်တာတွေ.. ဟိုး တရုတ်ပြည်ကနေ ဘယ်လိုတွေ ဘာတွေဝယ်တယ်ဆိုတာကိုတော့ ဘယ်လိုပြောမလဲ။ ဒါပါပဲအဖြေကတော့။

ကေအိုင်အိုသည် နယ်ခြားစောင့်တပ်ပြောင်းလဲရန် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်းနှင့် လာမဲ့ ၂၈ရက်နေ့တွင်လည်း ငြင်းဆိုရန်ရှိသည်ဟု ကေအိုင်အိုအရာ ရှိများက ဆိုသည်။

တစ်ဖက်တွင်လည်း ကေအိုင်အို ဌာနချုပ်လိုင်ဇာအနီးတဝိုက်တွင် မြန်မာစစ်အစိုးရတပ်များ တိုးချထား၍ လမ်းခရီးများတွင်လည်း စစ်ဆေးမှုတွေပြုလုပ်ကာ စောင့်ကြည့်ဖမ်းဆီးမှု များရှိခဲ့သည်။

“ကဲ.. အခုငြိမ်းချမ်းရေးလုပ်ရအောင်လို့ပြောပြီး သူတို့က အဲဒါအမျိုးမျိုးလုပ်. ကျွန်တော်တို့က သိုးလေးလိုပဲ အဲလို နေနေပေးရမှာလား။ ဘယ်သူမဆို ဘယ်သူ့ရဲ့လူမျိုး ဆက်လက် တည်နေ ဖို့အတွက် လုပ်ဆောင်ဖို့ရန် အဲဒါ တာဝန်ရှိတဲ့သူတွေပဲဖြစ်တယ်။ အဲဒါကိုစဉ်းစားကြရအောင်။ အဲဒါက လူတိုင်းမှာ တာဝန်ရှိတယ်” ဟု ဂျိမ်းစ်လွမ်းဒေါင် က ဆက်ပြောသည်။   

ကေအိုင်အိုသည် ယခုလိုထပ်မံဖိအားပေးမှုအပေါ်တွင် ယခင်ကတောင်းဆိုခဲ့သည့် ပင်လုံ စာချုပ်ပါအခွင့်အရေးအတိုင်း၊ တောင်းဆိုခဲ့သည့်အတိုင်း မျှော်လင့်နေပြီး နယ်မြေအတွင်း  ကျန်းမာရေး၊ ပညာရေး ပိုမို တိုးတက်လာစေအောင် NGO အဖွဲ့အသီးသီးများနှင့်လုပ်ဆောင် သွားမည် ဟု ဒေသခံများအားပြောဆိုသည်။

“ဆေးရုံအုပ်၊ မြို့နယ်ကျန်းမှာရေးမှူး၊ တိုင်းကျန်းမာရေးမှူး တကယ့်ရွာမှာရှိ တဲ့ ကျန်းမာရေး ဆိုင်ရာဆေးခန်းများကိုလည်း သာ၍ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမယ်၂၀၁၀မှာ NGO နဲ့ ကောင်းကောင်းဆက်သွယ်သွားမယ် ပညာရေးပိုင်းဖြစ်ဖြစ် ကောင်းကောင်းလုပ်သွားမယ်” ဆိုပြီး ကေအိုင်အိုအရာရှိတစ်ဦးက ပြောသည်။

Most read this week