မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စကခ၂၁ မှူး ဗိုလ်မှူးချုပ် စိုးနိုင်အား လွန်ခဲ့သည့် တစ်ပတ်ခန့်က ရာထူးမှ အနားပေးလိုက်ကြောင်း စစ်ဘက် သတင်းရပ်ကွက် အဆိုအရသိရသည်။
မကြာသေးခင်က ပြုလုပ်ခဲ့သည့် မြန်မာ စစ်အရာရှိများ ရာထူးပြောင်းရွှေ့မှုတွင် ၄င်းစစ်အရာရှိ တာဝန်မှ အနား ပေးခံရခြင်းဖြစ်သည်။
အဆိုပါ လစ်လပ်သွားသည့် စကခမှူး နေရာသို့ မြောက်ပိုင်းတိုင်းရှိ စစ်ဘက်ရေးရာလုံခြံုရေး (စရဖ) ဋ္ဌာန စစ်ဦး စီးမှူး တာဝန်ယူဖူးသူ ဗိုလ်မှူးချုပ် ကိုကိုနိုင်ဖြင့် အစားထိုး ခန့်အပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် မြောက်ပိုင်းတိုင်းတွင် တာဝန်ထမ်းဆောင်နေရာမှ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ် ဒေသအနီး လွန်ခဲ့သည့်နှစ်အတွင်း ဝင်ရောက်လာသည့် တပ်မ (၉၉) သို့ နည်းဗျူဟာမှူးအဖြစ် ပြောင်းရွေ့သွားခဲ့သည်။
၄င်းတာဝန်မှ နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) ကျောင်း တက်ရောက်ခဲ့ကာ ဗိုလ်မှူး ချုပ်အဆင့်ဖြင့် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဋ္ဌာနချုပ် ခေါ် စကခ (၂၁) သို့ ရောက်ရှိလာကြောင်း သိရသည်။
စကခ ၂၁ ၏ အဓိက တာဝန်မှာ စစ်ဆင်ရေးကိစ္စဖြစ်ပြီး ဗန်းမော်ဒေသ အုပ်ချုပ်ရေးကိုလည်း သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်အခြေစိုက် စစ်ဗျူဟာ အပေါ် တာဝန်ယူရကြောင်းသိရသည်။
ကရင်လက်နက်ကိုင်တပ်များအား နှိမ်နင်းရန် ကရင်ပြည်နယ်သို့ ပို့လွတ်ခဲ့သည့် စကခ ၂၁ သည် ၂ဝဝ၉ နှစ်ကုန်ပိုင်း၌ နောက်တန်းဋ္ဌာနချုပ် ဗန်းမော်သို့ တိတ်ဆိတ်စွာပြန်လည်ရောက်ရှိလာကြောင်း ဒေသခံများကဆို သည်။