မောင်တောာသုံးမိုင်ဂိတ်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား အများအပြား ဖမ်းဆီင်္းရမိ

မောင်တောာသုံးမိုင်ဂိတ်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား အများအပြား ဖမ်းဆီင်္းရမိ
by -
ခိုင်သော်က
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ထွက်ခွါလာသော မော်တော်ယာဉ် တစီးကို မတ်လ ၁၈ ရက်နေ့ ညနေ ရ နာရီ တွင် သုံးမိုင်ဂိတ်မှ သတင်းအရ ရှာဖွယ် စစ်ဆေးမှု ပြုလုပ်ရာ၌် ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား ...

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ထွက်ခွါလာသော မော်တော်ယာဉ် တစီးကို မတ်လ ၁၈ ရက်နေ့ ညနေ ရ နာရီ တွင် သုံးမိုင်ဂိတ်မှ သတင်းအရ ရှာဖွယ် စစ်ဆေးမှု ပြုလုပ်ရာ၌် ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား အများအပြား ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်း မူးယစ်ဆေးပြားများ၏ ကာလာတန်ဖို့မှာ မြန်မာ ကျပ်ငွေ သိန်း ၈ဝ ကျော်ခန့်ရှိ ကြောင်း သက်ဆိုင်ရာ အဏာပိုင်များ၏ ပြောဆို့ချက်အရ သိရသည်။

မူးယစ်ဆေးပြား ကုန်ကူးသူ တရားခံပိုင်ရှင်အား ယနေ့ထိ ဖမ်ဆီးဖေါ် ထုတ်မရသေး ကြောင်း မောင်တောမြို့ ရဲစခန်းနှင့်နီးစပ်သူ မောင်တောမြို့ ခံ အမည်မဖေါ်လိုသူတဦးက သတင်းပေးပို့သည်။

အထည်မပြုနိုင်သော သတင်းအရ ၎င်း ဖမ်ဆီးရမိသော မူယစ်ဆေးပြားများမှာ မောင်တော မြို့ ဝင်/ထွက်အထူးဂိတ်မှ လဝကဦးစီးအရာရှိ အောင်မျိုးလွင်၏ဇနီး ဒေါ်နန်းညွှန့်က စစ်တွေမြို့မှတဆင့် သင်္ဘောဖြင့် ဘူးသီးတောင်မြို့သို့ တင်ပို့လိုက်သော ပစ္စည်းများဖြစ်ပြီး၊  ဘူးသီးတောင်မြို့မှတဆင့် မောင်တောမြို့သို့ မော်တော်ယာဉ်ခရီးဖြင့် သယ်ယူရန် မောင်တောမြို့၊ အမှတ် ၁ ရပ်ကွက်နေ၊ ကုန်တင်ကုန်ချနေ့လုပ်နေ့စား အလုပ်သမား ကိုဖိုးချေကို မြန်မာကျပ်ငွေ (၃ဝဝဝဝ) သုံးသောင်းဖြင့် အငှါး သယ်ယူခိုင်းထားကြောင်း  မောင်တောမြိုခံများ၏ ပြောပြချက်အရ သိရသည်။

သတင်းအရ နစက နှင့် သက်ဆိုင်ရာ အာဏာပိုင်တို့မှ ရှာဖွယ်စစ်ဆေးနေစဉ် ကိုဖိုးချေမှာ မော်တော်ယာဉ်ပေါ်က ထွက်ပြေးလွတ်မြောက်သွားသည်ဟု ကိုဖိုးချေနှင့် အတူ ဘူးသီး တောင် မှ လိုက်ပါလာသူမျက်မြင်တဦး၏ ပြောပြချက်အရသိရသည်။

နယ်စပ်မြို့ဖြစ်သော မောင်တောတွင် မူးယစ်ဆေးပြားမျိုးစုံ နှင့် လောင်းကစားမျိုးစုံကို စီးပွါးရေးလုပ်ငန်းအဖြစ် ကျယ််ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသူများမှာ အစိုးရဝန်ထမ်းအရာရှိ မိသားစု နှင့် ၄င်းတို့နှင့် နီးစပ်သူများကသာ လုပ်ကိုင်နေကြောင်း မောင်တောမြို့ အစိုးရ ဝန်ထမ်းတဦး ၏ ပြောပြချက်အရ သိရပါသည်။