လည် ကျင်းပလျှက်ရှိနေကြောင်း...
မောင်တောမြို့နယ် အောင်ဆိတ်ပြင်အုပ်စု မင်းကြီးကျေးရွာအနီးရှိ ၀က်ကျိန်းတောင် ဘုရားပွဲကို ဆယ်နှစ်ကြာ ပိတ်ထားရာမှ မြန်မာနယ်စပ် လုံခြံုရေးတပ် (နစက) မှပြန်
လည် ကျင်းပလျှက် ရှိနေကြောင်း သိရသည်။
ဘုရားပွဲကိုမတ်လ(၂၂)ရက်နေ့နံနက်(၁၀)နာရီအချိန်တွင် နစကကွပ်ကဲရေးမှူး အောင်ကြီး ကိုယ်တိုင်တက်ရောက်ဖွင့်ပေးခဲ့ပြီး၊ ၎င်းနှင့် အတူ ခရိုင်ဥက္ကဌ ၊ မြို့နယ်ဥက္ကဌ နစက နယ်မြေ(၁)နယ်မြေ(၂)နယ်မြေ(၃)နယ်မြေ(၄)နယ်မြေ(၅) တို့၏ နယ်မြေမှူး များ နှင့် နစက အရာရှိငယ်များတို့ပါ တက်ရောက်ခဲ့ကြကြောင်း ၎င်းဘုရားပွဲဖြစ်မြောက်ရေး ကော် မီတီဝင်တဦး၏ပြောပြချက်အရ သိရသည်။
ဘုရားပွဲတော်အား မတ်လ(၂၄)ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး နေခင်းတွင် လွန်ဆွဲပွဲ၊ စတိတ်ရှိုး နှင့် ညပိုင်းတွင် ရွှေရတာနာ ဇာတ်သဘင်မှ ဖျော်ဖြေ ကပြလျှူက် ရှိ သဖြင့် ဒေသခံပြည်သူများ နှင့် ဘင်္ဂလားဒေချ်နိုင်ငံနယ်စပ်တွင် နေကြသော ရခိုင်လူမျိုးများ လာရောက ်ကြည့်ရှူး နေကြ၍ ထိုးမပေါက်အောင် စည်ကားလျှက်ရှိကြောင်း ပွဲဖြစ်မြောက် ရေး ကော်မတီ တဦးမှသတင်းပေပို့ချက် အရ သိရသည်း။
ဘုရားပွဲကိုလွန်ခဲ့သောဆယ်နှစ်ခန့်က နစက တပ်ဖွဲ့ နှင့် ယခင် ထောက်လှမ်ရေး(၁၈)တို့ ကြား စားကွက်လုမှု့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်မှ ဘုရားပွွဲကိုပါပိတ်ပင်း ခံထားရပြီး ယခုှနှစ် တွင် ပြန်လည်ကျင်းပ ခွင့်ရခြင်းဖြစ်ကြောင်း၊ ရှေ့့တွင် နှစ်စဉ်ကျင်းပသွားနိုင်ရန် ကြိုးစားသွားမည်ဟု ၎င်းကပင် ဆက်လက် ပြောဆိုသည်။
ယခုအခါတွင်လည်း နစက နှင့် စရဖ ( ထောက်လှမ်းရေး) ကြားတွင် အမြဲ အာဏာစိုးမိုးမှု နှင့် နေရာ လုမှုများ ဖြစ်လျက်ရှိကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးပိုင် အရာရှိတဦး ၏ ပြောအချက်အရ သိရသည်။