မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးအသင်းဝင်များမှ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးဆင်းနေသည်ဟု မြို့နယ်ဒေသခံများမှပြောပါ သည်။ မြို့နယ်ကျေးရွာရပ်ကွက်ရှိ အိမ်ထောင်စုသန်းခေါင်စာရင်းကိုင်ဆောင်ပြီး တအိမ်တက် တအိမ်ဆင်း စီစစ်ကာ ၄င်းတို့အဖွဲ့အနေနှင့် နိုင်ငံရေးပါတီအဖွဲ့အဖြစ် ရွေးကောက်ပွဲဝင်သွားမယ်ဟု ဆိုသည်။
ရေးမြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးအဖွဲ့ဝင်တစ်ဦးအဆိုအရ ၄င်းတို့အဖွဲ့ကိုမဲပေးလျှင် ရပ်ရွာ၏အကျိုးကိုသယ်ပိုးပေးမှာဖြစ်ပြီး မြို့ရွာဖွဲ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရပ်ရွာလူထုမကြိုက်သောရယကအဖွဲ့များကို ဖြုတ်ချသွားမည်ဖြစ်ကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးအသင်းမှာ လူမှုရေးအသင်းဖြစ်သည်နှင့်အညီ လူထုအကျိုးကိုသာဦးစား ပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
ရေးမြို့ရန်ကြီးအောင်ရပ်ကွက်နေ ၀န်ထမ်းတစ်ဦးကမူ ကြံ့ဖွဲ့အသင်းဝင်များအနေနှင် ့စစ်တပ်မှ ကြောထောက်နောက်ခံယူပြီး နိုင်ငံရေးပါတီဖွဲ့ကာ ရွေးကောက်ပွဲဝင်စေကာမူပြည်သူလူထုမှ ကြိုက်နှစ် သက်မှုမရှိကြောင်း ပြောဆိုခဲ့သည်။
မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးအသင်းမှအောက်ခြေမြို့နယ် ကျေးရွာအဆင့် များသို့ အဖွဲ့ဝင်အင်အားတိုးပွားလာအောင် ဖိအားပေးဆောင်ရွက်စေသည်ဟု ကျေးရွာရယကတစ်ဦး မှဆိုပါသည်။ ယခင်ကကျေးရွာတစ်ရွာလျှင်အသင်းဝင် (၅၀) ဦးအစား (၁၀၀) အထိတိုးပွားစေရန်လုပ် ဆောင်စေခဲ့ရာ ကျေးရွာရာအိမ်မှူး ဆယ်အိမ်မှူးကအစ အသင်းဝင်နေရကြောင်းပြောဆိုခဲ့သည်။
အလားတူပေါင်မြို့ ကျိုက်မရောမြို့နယ် မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်များတွင်လည်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးအသင်းဝင်များအနေနှင့် စည်းရုံးရေးဆင်းနေကြောင်းဒေသခံများမှ ပြောဆိုပါသည်။