အိန္ဒိယ နို်င်ငံသို့ ခိုးထွက်သူ မြန်မာ နိုင်ငံသား ၁၂ ဦးကို ဘင်္ဂလာဒေချ့် နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်က အိန္ဒိယ နယ်စပ် အနီးတွင် ယမန်နေ့့က ဖမ်းဆီး လိုက်သည်ဟု ဘင်္ဂလာဒေချ့် အာဏာပိုင်များက ပြောသည်။
ဘင်္ဂလားဒေ့ချ် လက်ဇ်မီဒါရီနာ နယ်စပ် အနီးတွင် အိန္ဒိယကို ဖြတ်ကူးရန် ကြိုးစားနေချိန်တွင် ဘီဒီအာရ်တပ်ဖွဲ့က ယမန်နေ့ ည ၈ နာရီတွင် ဖမ်းဆီး လိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများ ရိုဟင်ဂျာဟု လူသိများနေသော ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်များ ဖြစ်ကြသည်။
သူတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ဖြစ်ပြီး စစ်တကောင်းမြို့ကို ဖြတ်ပြီး ဒက္ကားမှတဆင့် အိန္ဒိနိုင်ငံသို့ ခိုးလမ်းမှ တဆင့် သွားရောက်ရန် အတွက် မတ်လ ၈ ရက် နေ့ မတိုင်မှီကတည်းက အဆိုပါ နယ်စပ်သို့ ရောက်ရှိနေသူများ ဖြစ်သည်ဟု ဘီဒီအာရ် တာဝန်ရှိသူများက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ယာကူအာလီ (၆၀ နှစ်)၊ လီဘာကာတုန် (၅၀ နှစ်)၊ မိုနိုဝါရာကာတုန် (၂၁နှစ်) ၊ ဇိုရာကာ တုန် (၁၉ နှစ်) ၊ သာရာဘီဂင် ( ၁၇ နှစ်) ၊ဆိုဟီး ( ၁၂နှစ်) ၊ နူဂျာဟန် ( ၂၃ နှစ်) ၊ ယာဆ်မီ ( ၁၂ နှစ်) ၊ အာစ်မီတာ ( ၄ နှစ်) ၊ ရာဂျဟိုဆိန် (၁၇ နှစ်)၊ ဖာရုမီယာ ( ၂နှစ်) ၊ ဟူမီရာ (၁၈နှစ်) ၊ တို့ ဖြစ်သည်။
သူတို့ နေရပ် ဇာတိမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကာဝါချောင်း ကျေးရွာ ဖြစ်သည်ဟု ရဲက ပြောသည်။
ယခုအခါ သူတို့ ၁၂ဦးကို ဘီဒီအာရ်မှ ရဲအဖွဲ့ လက်သို့ လွှဲပြောင်း ပေးလိုက်သည်ဟု သိရသည်။ မည်သည့် အတွက်ကြောင့် သူတို့ အိန္ဒိယ နိုင်ငံကို သွားရောက်ခြင်းကို တိတိကျကျ မသိရ သေးသော်လည်း အလုပ်လုပ်ရန်အတွက် ဖြစ်နိုင်သည်ဟု ရဲက ပြောသည်။