အဘယသုခ ထိတ်ကျင်းတောင် ဘုရားပွဲတော် ဒုတိယအကြိမ်အား ဖေဖါ၀ါရီလ ၂၅ ရက်နေ့မှ ဖေဖါ၀ါရီလ ၂၇ ရက်နေ့ထိ ဖလောင်းချိတ် (ကောစ်ဘဇား) မြို့မဟာ သိမ်တော်ကြီးရင်ပြင်၌ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ဘုရားပွဲတော်သို့ရခိုင်ပြည်စစ်တွေမြို့မှ နာမည်ကြီးရခိုင်အဆိုတော် ကိုဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ မျိုးရခိုင်မရီလှိုင်းပြာ၊ မဝတီစိုးမိုး၊ ဂီတပညာရှင် မျိုးမင်းလေး နှင့် မောင်တောမြို့ ရခိုင်ရိုးရာအဖွဲ့တို့က လာရောက်ဖြေဖျော်ကပြခဲ့ကြောင်း သိရှိရသည်။့
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်လူမျိုး အမျိုးသား အမျိုးသမီး ရာပေါင်းများစွာ လာရောက်အားပေး ကြည့်ရှူးခဲ့ကြကြောင်းသိရှိရသည်။
အဆိုတော် မရီလှိုင်းပြာက ရီလှိုင်းပြာတို့ကို “ယခုလို လူအများကြီးက အားတိုင်အင်တိုက် လာရောက် အားပေးကြည့်ရှူးကြတာတွေကို မြင်ရ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရာ ကျိုးနတ် ကြောင်း၊ နောက်နှစ်လည်း လာဖြစ်အောင်လာမည်” ဟု အားရဝမ်းသာပြောကြားခဲ့သည်။
အဆိုတော်မြတ်ခိုင်ကျော်ကလည်း “တိုင်းပြည်ခြားနေပေမဲ့ မြစ်ငယ်တခုသာကွာတဲ့ တမျိုး သားတည်း ညီအစ်ကိုတွေကို ယခုလိုလာရောက် ဖြေဖျော်ရတဲ့အတွက် ပြောမထွက် ၀မ်း မြောက်မိပါကြောင်း၊ နောက်နှစ်လည်း ကျနော်ကိုဖိတ်ရင် လာဖြစ်အောင်ကြိုးစားပြီးလာမည်
” ဟု ပြောပြသည်။
ထိတ်ကျင်းတောင်စေတီမှာ လွန်ခဲ့သည့်နှစ်ပေါင်းတရာကျော်က ဖလောင်းချိတ်မြို့ခံ သူဌေး တဦးမှ တည်ထားကိုးကွယ်ခဲ့သည့်စေတီဖြစ်ပြီး၊ ပတ်ဝန်းကျင်မှ လူတချို့၏ အိမ်ဆောက်ရန် မြေတူးဖေါ်မှုကြောင့်စေတီတော်မှာ ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်က ပြိုလေးကျခဲရသသည့် အ တွက် နိုင်ငံတကာရောက် ရခိုင်အမျိုးသားများ၏ ကူညီထောက်ပံမှုဖြင့်ပြန်လည် တည် ဆောက်ပြီးမြောက်ခဲ့ပြီး၊ ယခင်နှစ်တပေါင်းလပြည့်နေ့ တွင် စေတီထီးတော်တင်ရေစက်ချပွဲ ပထမ အကြိမ်ကျင်းပခဲ့သည်။
အဘယသုခထိတ်ကျင်းတောင်ဘုရားပွဲတော်အား နှစ်စဉ် တပေါင်းလပြည်နေ့ တွင် ကျင်းပ မည်ဟု သိရှိရပါသည်။