လွိုင်ကော်မြို့နယ်တွင်းတွင် တခြားသီးနှံများထက် ဖရဲသီးစိုက်လာ

လွိုင်ကော်မြို့နယ်တွင်းတွင် တခြားသီးနှံများထက် ဖရဲသီးစိုက်လာ
ယခုနှစ်များတွင် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်း ဒေသခံ တောင်သူဦးကြီးများသည်  တခြားသီးနှံများထက် ဖရဲသီးကိုု အလေးပေး စိုက်ပျိုး...

ယခုနှစ်များတွင် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်း ဒေသခံ တောင်သူဦးကြီးများသည်  တခြားသီးနှံများထက် ဖရဲသီးကိုု အလေးပေး စိုက်ပျိုး လာကြသည်။

ဖရဲသီးများကို များသောအားဖြင့် မြစ်ရေကျ သဲနှုန်းမြေပေါ်များသော အညာဒေသဘက်တွင်သာ စိုက်ပျိုးကြပြီး ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချကာ စျေးကောင်းရရှိခြင်းကြောင့် ကရင်နီပြည်နယ်ဒေသဘက်တွင်မှာလည်း အားသွန်ခွန်စိုက်ပြီး စိုက်ပျိုးလာကြသည်ဟု သိရသည်။

လွိုင်ကော်မြို့နယ်က ဖရဲသီးစိုက်ခင်းပုံ

“ဖရဲသီးတွေများများသီးနိုင်အောင်တော့ မြေပြုပြင်ပြီးစိုက်ရတယ်” ဟု ဖရဲသီးများစိုက်ပျိုးနေသော တောင်သူတစ်ဦးက ပြောသည်။

ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှု  အဆင့်မရှိသေးသော်လည်း ပြည်နယ်အတွင်း ဒေသခံများ သက်သာစွာ ၀ယ်ယူရရှိနိုင်ရေး အတွက်လောက်သာလျှင် စိုက်ပျိုးဖြစ်ထွန်းနိုင်သေးသည်ဟု ဆိုသည်။

လွိုင်ကော်မြို့နယ် အတွင်းရှိ ဒေသခံရွာသားတစ်ဦးက “ပြည်မဘက်က သယ်ပြီးဝယ်တာထက်တော့ စျေးပိုသက်သာပါတယ်။” ဟု ပြောသည်။

ဆည်ရေလုံလောက်မှုမရရှိသော လယ်ကွက်ဘက်များတွင် ဖရဲသီးများကိုသာ  အစားထိုးစိုက် ပျိုးလာကြသည်ဟုလည်းဆိုသည်။