ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မြောက်ဘက် ၂၇ မိုင်အကွာရှိ ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းကြောင့် ဌာနေပြည်သူတွေ မြန်မာစစ်အစိုးရရဲ့ ကျေးရွာများ ပြောင်းရွှေ့ပေးရန် ခြိမ်းခြောက်ခံနေရပါတယ်။
ပြီးခဲ့တဲ့အပတ် ဖေဖေါ်ဝါရီ ရ ရက်နေ့က တန်ဖရေး ခေါ် မြစ်ဆုံရွာမှ လူကြီးများကို မြစ်ကြီးနား မယကရုံးသို့ ဆင့်ခေါ်ကာ ရွာရွှေ့ပြောင်းပေးရန် အဓ္ဓမ ၀န်ခံလက်မှတ်ရေးထိုးခိုင်းကြောင်း ရွာသားများပြောပါတယ်။
ဒါ့အပြင် ရွာသားများအနေဖြင့် ရွှေ့ပြောင်းရေး ၀န်ခံလက်မှတ်ထိုးခြင်းမပြုပဲ ငြင်းဆန်နေပါက စစ်အစိုးရမှ “တရားဥပဒေအရ အရေးယူခြင်း နဲ့ ရဲစခန်းတွင် ဖမ်းချုပ်ရန်” လည်း မယက လူကြီး များ၏ သတိပေးပြောကြား ခြင်း ခံနေရတယ်လို့ ရွာသားများပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ဒေသခံ လက်လုပ်/လက်စားသမားများ မြစ်ဆုံတွင် ရွှေကျင်ခြင်း၊ ရွှေတူးခြင်း လုံးဝမပြုလုပ်ရန် မယကမှ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ တန်ဖရေး ရွာသားက ပြောပါတယ်။