လိုင်စင်မဲ့ကား ဖမ်းနေစဉ် မသမာမှု ရှိနေ

လိုင်စင်မဲ့ကား ဖမ်းနေစဉ် မသမာမှု ရှိနေ
မူစယ် နမ့်ခမ်းနှင့် လားရှိုးမြို့များ၌ လိုင်စင်မဲ့ကားများ ဖမ်းနေချိန်တွင် လားရှိုးမြို့ တာ ၀န်ကျ ပုလိပ်အရာရှိတစ်ဦးက မသမာမှု ပြုလုပ်နေကြောင်း ၀န်ထမ်းနှင့် နီးစပ်သည့် မူစယ်ဒေသခံ ...

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် နမ့်ခမ်းနှင့် လားရှိုးမြို့များ၌ လိုင်စင်မဲ့ကားများ ဖမ်းနေချိန်တွင် လားရှိုးမြို့ တာ ၀န်ကျ ပုလိပ်အရာရှိ တစ်ဦးက မသမာမှုပြုလုပ်နေကြောင်း ၀န်ထမ်းနှင့် နီးစပ်သည့် မူစယ်ဒေသခံ တစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည် ။

“ဒုရဲအုပ် ဇော်နိုင်ဦးပေါ့နော် လားရှိုးမှာ တာဝန်ကျနေတဲ့ ပြည်နယ် (ဒန) ဒုစရိုက်နှိမ်နှင်းရေး ပေါ့ဗျာ ၀စ်သောက် ကားတွေ ဖမ်းနေတဲ့ အချိန်မှာ သူကိုယ်တိုင် နေ့တိုင်းထည်လဲစီးတာဗျ၊ နောက်မြို့ထဲမှာခုုိးကြောင်ခိုးဝှက်စီးတဲ့  ၀စ်သောက် ကားသမားတွေဆီက  ငွေညှစ်တယ် ဥပဒေထိန်းသိမ်းရတဲ့ ရဲက ဥပဒေနဲ့မညီဘူး သူစီးတဲ့ကားတွေ က ကားတစ်စီးလုံး စတေကာကဒ်ထားတယ် ” လို့ သူက ပြောသည်။

ထို့အပြင် လိုင်စင်မဲ့ကားတစ်စီး ၁၅ သိန်းယူ၍ မူစယ်မှ လားရှိုးအထိ အဆိုပါ ပုလိပ်အရာရှိက သယ်ဆောင်နေ ကြောင်း ဆိုသည်။

“ဖမ်းနေတဲ့ရက်ပိုင်းမှာ မူစယ်ကနေ လားရှိုးအထိ ၀စ်သောက်ကားပို့ချင်တဲ့သူကို လက်ခံတယ်ပေါ့ဗျာ တစ်စီးကို ၁၅ သိန်းယူပြီး တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်သယ်ပေးတယ် တာဝန်ယူပြီးပို့ပေးတာ ရဲချုပ်ရဲ့စာနဲ့ပို့သလို ဘာလို လိုပေါ့နော် လားရှိုးမှာ တာဝန်ကျတယ်။ မူစယ်ကိုလာတယ်။ မူစယ်မှာ တာဝန်ကျတဲ့ ဋ္ဌာနဆိုင်ရာတွေ အာဏာ ပိုင်တွေကို ဂရုမစိုက်ဘူး” လို့ ဆိုသည်။

လားရှိုးတွင် တာဝန်ကျသော်လည်း မူစယ်မြို့ စွမ်စော်ရပ်ကွက်ရှိ မူးယစ်အမှုဖြင့် ဖမ်းဆီးထားသည့် အိမ်တွင်နေထိုင်လေ့ရှိ ကြောင်း သိရသည်။

“ပုလိပ်တစ်ယောက်က ဒီဘက်မှာတာဝန်ကျရင် ၃ နှစ်ပဲကျတယ် ဒီမြောက်ပိုင်း လာရှိုးမှာ သူတာဝန်ကျနေတာ ၉ နှစ်ရှိပြီ ” လို့ စောစောက မြို့ခံက ဆက်ပြောသည်။

မူစယ် နမ့်ခမ်းနှင့် လားရှိုးမြို့များတွင် လိုင်စင်မဲ့ကား ကင်းမဲ့ဇုန်သတ်မှတ်ရေး စီမံချက်ဖြင့် ယခုလ ရ ရက်နေ့က စ၍ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဋ္ဌာန (ကညန) အပါအဝင် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးနေခြင်း ဖြစ်သည်။

အဆိုပါ  အဖမ်းအဆီးကြောင့် မူစယ် နှင့် လားရှိုးမြို့ပေါ်တွင်  လိုင်စင်မဲ့ကား အသုံးပြုသူ မရှိသလောက် ဖြစ်နေ ကြောင်း သိရသည်။

Most read this week