လောက်ကိုင်မြို့တွင် ဗုံးတလုံးပေါက်ကွဲ၊ လူတယောက်သေ

လောက်ကိုင်မြို့တွင် ဗုံးတလုံးပေါက်ကွဲ၊ လူတယောက်သေ
ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့တွင် ယမန်နေ့ မနက်ပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ရာ လူတဦးသေဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာ ...

ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့တွင် ယမန်နေ့ မနက်ပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ရာ လူတဦးသေဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

လောက်ကိုင်မြို့၊ မြို့လယ်ခေါင်ရှိ မူးယစ်ဆေးဝါးပြတိုက်အနီး၌ ယမန်နေ့ မနက်(၇)နာရီ ကျော်ခန့်တွင် ဗုံးပေါက် ကွဲရာ တရုတ်နိုင်ငံသား တဦးသေဆုံးပြီး လူအချို့ ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ ကုန်သည်တဦးက ပြောသည်။

“ဗုံးခွဲမယ့်သူတွေရောက်နေတယ်ဆိုပြီး သတင်းတွေထွက်နေတာ လေး၊ ငါးရက်တောင် ရှိနေပြီ။ ကွဲ မယ့်ကွဲတော့ မနေ့က မနက်မှာ ကွဲတာ။ တရုတ်ကတယောက် သေတယ်၊ ဒဏ်ရာရတာတွေလည်းရှိ တယ်။ အဲဒါတွေကတော့ ဘယ်နှစ်ယောက်မှန်းမသိဘူး။ ကားတစီး လည်း ပျက်သွားတယ်။ လမ်းဘေး မှာ ဖြစ်တာ။” 

ယမန်နှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့ကလည်း လောက်ကိုင်မြို့ နေရာအနှံ့ ဗုံးဆယ်လုံး ခန့် ဆက်တိုက်ပေါက် ကွဲခဲ့ရာတွင် ကိုးကန့်ဒေသယာယီဦးစီးကော်မတီ ဥက္ကဌ ပိုင်စုံချိန်၏ လောင်းကစားရုံနှင့် ကိုးကန့်ဒေသ ရုပ်သံဌာန အဆောက်အဦတို့ ပြိုကျပျက်စီးသွားခဲ့သေးသည်။

ရှမ်းပြည်အထူးဒေသ(၁)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ဥက္ကဌ ဖုန်း ကျားရှင် မိသားစုအား မြန်မာစစ်အစိုးရက လက်နက် ထုတ်လုပ် သည့်ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စတို့ဖြင့် ဖမ်းဆီးရန် ကြိုးစား ခဲ့ရာမှ အပစ်ခတ်ရပ်စဲရေး ပျက်ကာ ယမန်နှစ်၊ သြဂတ်လကုန်ပိုင်းက စစ်အစိုးရတပ်များ၏ ဝင်ရောက် သိမ်းပိုက် ခြင်းကို ခံခဲ့ရသည်။

ပိုင်စုံချိန် ဦးဆောင်သည့် လက်ကျန်ကိုးကန့်တပ်ဖွဲ့သည် ယခုအခါ နယ်ခြားစောင့်တပ်ရင်း၊  အမှတ် (၁ဝဝ၆)အ ဖြစ် ဖွဲ့စည်းပြီးဖြစ်သလို ကိုးကန့်ဒေသအတွင်း နအဖ စစ်တပ်များ ဖြစ်သည့် လောက်ကိုင် ဒေသကွပ်ကဲရေး စစ် ဌာချုပ်နှင့် တပ်မ(၃၃)လက်အောက်ခံ စစ်တပ်များက ထိန်းချုပ်ထားနေချိန်တွင် ယခုလို ကိုးကန့်ဒေသ အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကိုမူ တရားဝင် ထုတ်ဖေါ် ကြေညာခြင်း မရှိသေးပေ။

Most read this week