အပစ်ရပ်တို့အပေါ် တရုတ်အား အငှါးဓါးအဖြစ် နအဖ အသုံးပြုဘွယ်ရှိ

အပစ်ရပ်တို့အပေါ် တရုတ်အား အငှါးဓါးအဖြစ် နအဖ အသုံးပြုဘွယ်ရှိ
အပစ်ရပ် ၀ နှင့် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေး အကြောင်းပြပြီး တရုတ်ကို နအဖ က အငှါးဓါးအဖြစ်အသုံးပြုဖွယ်ရှိကြောင်းဟု တရုတ်နယ်စပ်သတင်း ရပ်ကွက်က...

အပစ်ရပ် ၀ နှင့် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေး အကြောင်းပြပြီး တရုတ်ကို နအဖ က အငှါးဓါးအဖြစ်အသုံးပြုဖွယ်ရှိကြောင်းဟု တရုတ်နယ်စပ်သတင်း ရပ်ကွက်က ပြောပါသည်။

“၂၀၀၈ တုန်းက ကျနော်တို့ကို ခွင့်တောင်းပြီး သူတို့တခါလာလေ့လာတယ်။ အခု တခေါက်တော့ ဘာမှ ကိုမပြောတာ၊ တရုတ်ကို ကျနော်တို့ ပိုကြောက်တယ်ထင်ပြီး အငှါးဓါးအဖြစ်သုံးပြီး ဗမာစစ်တပ်နယ်ချဲ့မယ်ထင် တယ်၊ ကျနော်တို့မြေပေါ် ရေပေါ်လျှပ်စစ်ဓါတ်အားပေးစက်ရုံ လာဆောက်မယ်ဆိုတော့ နအဖဖြစ်ဖြစ်တရုတ်ဘဲ ဖြစ်ဖြစ် နှစ်ဘက်စလုံးဘဲဖြစ်ဖြစ် ကျနော်တို့ရဲ့သဘောတူညီချက်တော့ရယူသင့်တယ်။” - ဟု ၀ အရာရှိတဦး က ပြော၏။

တရုတ်နိုင်ငံ ယူနယ်ပြည်နယ်ရYunan Power Grid Corporation မှ ဒုအထွေထွေ မန်နေဂျာ Wang Wen နှင့် တရုတ်နိုင်ငံ၏  State Development and Investment Cooperation (SPIC) Huajing Power Holding ဒါရိုက်တာ Hu Gang  တို့ ပူးပေါင်းပြီး နအဖစစ်အစိုးရ၏ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနထံ သံလွင်မြစ်လက်တက် နမ့်ခါမြစ် (၀ နယ်) နှင့် မဲခေါင်မြစ်လက်တက် နမ့်လွေချောင်း (မိုင်းလားနယ်) ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရန်တရုတ်ဘာ သာနှင် ့သတင်းထုတ်ပြန်သည့် ့အအစါ်၊ http://news.sohu.com 8/2/10 ၀ပ်ဆိုက်မှ သတင်းကို တရုတ်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတဦးက သျှမ်းသံတော်ဆင့်သို့ အင်္ဂလိပ် ဘာသာပြန်၍ ပို့ပေးခဲ့၏။

“ရေအားလျှပ်စစ်စက်ရုံမပြောနဲ့ ကျနော်တို့ မြေပေါ်က သစ်တပင်ခုတ်ရင်တောင် ကျနော်တို့ထံခွင့်မတောင်း လို့မရဘူး၊ နယ်ကျွံသစ်ခုတ်တဲ့ သူတွေကိုတောင် ကျနော်တို့ မကြာခဏ ဖမ်းဆီးအပစ်ပေးတယ်” - ဟု မိုင်းလား အရာရှိ တဦးကလည်း ပြောပါသည်။

၀ နယ် နမ့်ခါမြစ်ပေါ် (တနေရာသာဆောက်မည့်) ရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓါတ်အား ၂၀၀ - ၂၄၀ မက်ဂါ၀ပ် နေ့စဉ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ နမ့်လွေချောင်းပေါ်တွင်မူ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ ၆ နေရာတည်ဆောက်သွားမည်ဖြစ်ကြောင်း စုစုပေါင်း ဓါတ်အား ၃၉၆ မက်ဂါ၀ပ်ထုတ်လုပ်ပေး နိုင်မည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

တရုတ် နှင့် နအဖ သည် ၀ နှင့် မိုင်းလား နယ်မြေအတွင်း ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရန်ပြင်ဆင်ထား သကဲ့သို့ သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်မျဉ်းပေါ် သံလွင်မြစ်ရေသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတခုအားကိုးကန့် နယ်မြေအတွင်း ဆောက်လုပ်ရန် ၂၀၀၉ ဂျွန် - ဂျူလိုင် ကတည်းကကွင်းဆင်း လေ့လာ ခဲ့ရာလက်တွေ့အကောင်အထည် ဖေါ်ရန်ရှိသော်လည်း တနေရာမှသဘောတူညီမှုမရသေးဟု အပစ်ရပ်အသိုင်း အဝိုင်း ကပြောဆိုသည်။