ဗိုလ်ရာဇာနေ့ အခမ်းအနား မလေးရှားတွင် ကျင်းပပြုလုပ်

ဗိုလ်ရာဇာနေ့ အခမ်းအနား မလေးရှားတွင် ကျင်းပပြုလုပ်
(၁၂) နှစ် ပြည့်မြှောက်ခဲ့ပြီ ဖြစ်သော ဗိုလ်ရာဇာ ကျဆုံးနေ့ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရခိုင်အမျိုးသားများက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က...

(၁၂) နှစ် ပြည့်မြှောက်ခဲ့ပြီ ဖြစ်သော ဗိုလ်ရာဇာ ကျဆုံးနေ့ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရခိုင်အမျိုးသားများက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။

ဦးဆောင်ကျင်းပသူူ ကိုခိုင်စိုးက " ကျွန်တော်တို့ ဗိုလ်ရာဇာနဲ့ အတူ တကွ ကျဆုံးခဲ့ကြတဲ့ ခေါင်းဆောင်တွေကို ရည်မှန်းပီး ရဟန်းတော် တွေကို ဆွမ်းကပ်ကာ ဗိုလ်ရာဇာနေ့ကို ကွာလာလမ်ပူမြို့မှာရှိတဲ့ ရခိုင်ပြည် အမျိုးသားညီညွတ်ရေး ပါတီရုံးမှာ ကျင်းပခဲ့ကြပါတယ်" ဟု ပြောသည်။

အခမ်းအနားကို နံနက် ၁၀ နာရီတွင် ဖွင့်လိုက်ခဲ့ပြီး တက်ရောက် လာသူများက (၅) မိနစ်ခန့် ငြိမ်သက်စွာဖြင့် ဗိုလ်ရာဇာ နှင့်တကွ ကျဆုံး သွားသော ရခိုင်နှင့် ကရင် ခေါင်းဆောင်များကို အလေးပြု ခဲ့ကြသည်။

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ ့ (AAR) မှ ဥက္ကဌ ကိုအေးလှိုင်က အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားသည်။

"ရခိုင်ပြည် အမျိုးသားညီညွတ်ရေး ပါတီကို ဦးဆောင် တည်ထောင်ခဲ့သူ ရခိုင်ပြည်တပ်မတော် ( AA) စစ်ဦးစီးချုပ် ဗိုလ်ရာဇာနဲ ့တကွ ရခိုင်နဲ့ ကရင် စစ်ခေါင်း ဆောင်တွေ ကျဆုံး သွားခဲ့တာဟာ အခုဆိုရင် ၁၂ နှစ် တင်းတင်း ပြည့်မြောက် သွားခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်ရာဇာ နဲ ့ ရခိုင် ကရင် စစ်ခေါင်းဆောင်တွေ ကျဆုံး သွားရတာဟာ ရခိုင်တမျိုးသားလုံး အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ မဟာ ဆုံးရှုံးမူကြီး တခု ဖြစ်သလို အစားထိုးမရနိုင်တဲ့ ဆုံးရှံုးမူကြီး တခုလည်း ဖြစ်ပါတယ်။ သူတို့ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကို စွန့်လွတ်ပေးဆပ်ပြီး တိုက်ပွဲ ၀င်ခဲ့တဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် ခေတ်သစ် ရခိုင်တော်လှန်ရေး သမိုင်းမှာ အာဇာနည်တွေ အဖြစ် မော်ကွန်း ထိုးနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ ဒီအတွက် သူတို့ကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်" ဟု ပြောကြားသည်။

raza-anniversary

ယခု ဗိုလ်ရာဇာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို မလေးရှား နိုင်ငံတွင် ပထမ ဆုံးအကြိမ် ကျင်းပကြခြင်း ဖြစ်သည်။ အခမ်းအနားတွင် တက်ရာက်လာကြ သူများ ကလည်း ရခိုင် ခေါင်ဆောင် ဗိုလ်ရာဇာနှင့် ရခိုင်ပြည် နိုင်ငံရေး အကြောင်းများကို ဟောပြောခဲ့ကြသည်။

ရခိုင်ဒုက္ခသည် အဖွဲ ့(ARRC) အတွင်းရေးမှူး ကိုကျော်ကျော်ဝင်း၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(မလေးရှား ဌာနခွဲ) ဥက္က ဌ ကိုထွန်းရဲနှင့် ကိုခိုင်စိုး တို့မှလည်း အသီးသီး အမှာစကားများ ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

အခမ်းအနားကို မလေးရှားရောက် ရခိုင်များက စည်းလုံး ညီညာစွာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည် တပ်မတော်မှ ဗိုလ်ရာဇာ၊ ဗိုလ် စောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းဇံခိုင်နှင့် ကရင် လွှတ်မြောက်ရေး တပ်မတော်မှ ဖဒိုမူးလွယ်နှင့် ဗိုလ် စောမြင့်တို့သည် အိန္ဒိယနိုင်ငံ အန်ဒမန် ပင်လယ်ပြင်ရှိ လန်ဖို့ အိုင်ယာလန်တွင် အိန္ဒိယ စစ်တပ်နှင့် သဘောတူညီချက်အရ ရေတပ် အခြေစိုက် စခန်း တည်ဆောက်ရန် လာစဉ် အိန္ဒိယ စစ်တပ်၏ သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်မူကို ခံခဲ့ရသည်။

သူတို့သည် ထိုင်းမြန်မာနယ်စပ်မှ လက်နက် ခဲယမ်းမီးကျောက် အများအပြားကို တင်ဆောင်ပြီး ခေတ်မှီ စပီဘုတ်များ အပါအဝင် မော်တော်ဘုတ်များနှင့် လာရောက်စဉ် ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

ယခုအချိန်ထိ ကရင် ရခိုင် တော်လှန်ရေး ရဲဘော် ၃၄ ဦးကို အိန္ဒိယ အစိုးရမှ ဆက်လက် ဖမ်းဆီးပြီး ကာလကတ္တားထောင်ထဲတွင် ချုပ်နှောင်ထားသည်။

Most read this week