အခြေခံဥပဒေအကြောင်း ရှင်းလင်းပွဲ စတင်ပြုလုပ်နေကြောင်း...
မလေးရှားအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ မြန်မာအလုပ်သမားများအား ၂၀၁၀ ရွေးကောက်ပွဲအကြောင်းနှင့် ၂၀၀၈
အခြေခံဥပဒေအကြောင်း ရှင်းလင်းပွဲ စတင်ပြုလုပ်နေကြောင်း သိရသည်။
ယခုနှစ် ဇန်နာဝါရီလ ၁၅ ရက်နေ့မှစတင်၍ (NLD-LA) အဖွဲ့များ ၂၀၁၀
ရွေးကောက်ပွဲအား ဆန့်ကျင်နိုင်ရန်နှင့် မလေးရှားရောက်ပြည်သူများအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျင်း၍ တိုင်းရင်းသားပြည်သူတို့၏ ရှေးအနာဂတ်ကို သိရှိလာနိုင်အောင် လှုပ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒေသတခုကနေတခုကိုသွားတဲ့အခါမှာ ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက် ကြိုတင်ပြီးတော့ အဲဒီဒေသက NLD-LA အဖွဲ့ နယ်မြေတာဝန်ခံတွေကို နေရာ စီစဉ်ထားခိုင်းတယ်၊ ဘယ်နေ့ ဘယ်အချိန်မှာ ၂၀၁၀ ရွေးကောက် ပွဲဆိုင်ရာ ရှင်းလင်းပွဲရှိတယ်ဆိုပြီတော့ စာဖြန့်ဝေတယ်၊ တကယ်လို့ နယ်မြေတာဝန်ခံ မရှိဘူးဆိုရင်လည်း လူသူသိများတဲ့ လူတစ်ယောက် ယောက်ကို ခေါင်းဆောင်တင်ပြီးတော့ အလုပ်သမားတွေကို စုထားခိုင်း တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေး ရှား) မှ ဥက္ကဌ ဦးကျော်ကျော်က ပြောသည်။
ရှင်းလင်းပွဲမှာ မြန်မာစစ်အစိုးရမှ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိနိုင်ကြောင်း၊ ၁၉၉၀ ခုနှစ်အတွင်းပြုလုပ်ခဲ့သောရွေး ကောက်ပွဲတွင် (NLD) မှ အနိုင်ရခဲ့သော်လည်း ယနေ့အချိန်ထိ အာဏာ လွှဲပြောင်းပေးမှုမရှိကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲ မှာလည်း မည်သူနိုင်သည်ဖြစ်စေ တိုင်းရင်းသား ပြည်သူများ အတွက်မည်သည့်အာ မခံချက်မှမရှိသည့် စနစ်ဖြင့် အုပ်ချုပ်သွားမည်ဖြစ်ပြီး၊ စစ်အစိုးရ၏ ရာသက်ပန် အာဏာတည်မြဲရေးကိုသာ ဦးတည်သွားမည် ဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေလည်း ပြည်သူတွေအတွက်မည်သည့်အကျိုးသက် ရောက်မှုမျှမရှိကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်း ကြောင်း ၄င်းက ဆက်ပြောသည်။
မလေးရှားနိုင်ငံတွင်အလုပ်လုပ်နေသည့် တရားဝင်အလုပ်သမားနှင့် တရားမဝင်အလုပ်သမားပေါင်း ငါသိန်းနီးပါးရှိပြီး၊ ယခုအချိန်တွင် ရှင်းလင်းပွဲပေါင်း ၅၀ ဝန်းကျင် ပြုလုပ်ခဲ့ပြီး လူဦးရေ ၂ သောင်းနီးပါး တက်ရောက်ခဲ့သည်။ ပထမဆုံးလုပ်သော ရှင်းလင်းပွဲတွင် အလုပ်သမား ၁၀ ဦးခန့်သာရှိပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း တိုးလာကြောင်း သိရသည်။
“၂၄ ရက်နေ့မှာ ဥက္ကဌ ဦးကျော်ကျော်တို့လားပြီး ဆွေးနွေးပွဲတွေ လုပ်သွား ပါတယ်၊ အဲဒီမှာ ၂၀၀၈ အခြေခံဥပဒေအကြောင်းရယ် ၂၀၁၀ ရွေး ကောက်ပွဲ အကြောင်းတွေနဲ့ပတ်သက်ပြီး ရှင်းပြတယ်၊ သူတို့ရှင်းပြတဲ့နေ ရာမှာ ကျွန်တော်တို့မသိတဲ့ အချက်အလက်တွေ အများကြီး ပါတယ်၊ ဥပမာဆိုရင် အုပ်ချုပ်ရေး အာဏာက ဘယ်သူ့ဆီကနေ ဆင်းသက် လာတာလည်း၊ နောက်ပြီးတော့ ပြည်သူ့လွှတ်တော်မှာ စစ်အစိုးရက ၂၅ % ပါရမယ်ဆိုတာတွေရယ် ကျန်တဲ့ ရ၅% ကလည်း စစ်အစိုးရကနေ နာမည်ပြောင်းပြီး ရွေးကောက်ပွဲဝင်သွားမယ်ဆိုတာတွေ၊ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်လျှင် ရ၅% မဲရှိမှသာ ပြင်ဆင်လို့ရတဲ့ကြောင်း တွေပါတယ်” ဟု မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ပါစီးကူတန်မြို့ရှိ အလုပ်သမား ကိုဇော်မျိုးအောင်က ပြောသည်။
ရှင်းလင်းပွဲတွင် လူပေါင်း ၁၂၀ ကျော်တက်ရောက်ကြောင်း၊ ထိုမျို့နယ်အ တွင်း မြန်မာနိုင်ငံမှ အလုပ်သမားပေါင်း ၄၀၀ ကျော်ရှိပြီး အများစုမှာ ၂၀၀၈ အခြေခံ ဥပဒေအား သဘောမတူ ဆန့်ကျင်ကြောင်းနှင့် ယခု အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေကောက်ပွဲသည်လည်း ထူးခြားမှုမရှိ ကြောင်း ၄င်းက မိမိတို့အား အုပ်ချုပ်မည့်စနစ်ကို ပြည်သူအများ သိသင့်ကြောင်း ဆက်ပြောသည်။
“ကျနော်တို့အနေနဲ့တော့ ဒီကိစ္စကို မသိသေးတဲ့ လူတွေသိလာအောင် မေးလ် (mail) ကနေတစ်ဆင့်၊ အွန်လိုင်း (online) ကနေတစ်ဆင့် ဖြန့်ဝေသွားမယ် နောက်ပြီးတော့ ဒီသတင်းကို စာရွက်တွေနဲ့ဖြန့်ဖို့လည်း အစီအစဉ်ရှိတယ်၊ အဲဒါကို ဒီလ ရ ရက်နေ့လောက်မှာ စလုပ်သွားမယ် စာရွက်တွေ ဖြန့်ရင်လည်း မြန်မာအလုပ်သမားတွေ အများအပြားရှိတက် တဲ့နေရာတွေမှာ ဖြန့်ဖို့ အစီအစဉ်ရှိတယ်” ဟု ၄င်းက ဆက်ပြောသည်။
ထိုသို့ရှင်းလင်းပွဲပြုလုပ်ရာတွင် ရပ်ကွက်အတွင်းရှိ မြန်မာအလုပ်သမား များအား စုစည်းပြီး (NLD-LA) အဖွဲ့မှ လာရောက်ရှင်းလင်းကြောင်း၊ အလုပ်နာရက်ဖြစ်သော တနင်္ဂနွေနေ့တွင် (NLD-LA) မှ အဖွဲ့လေးဖွဲ့ခွဲ၍ ဆွေးနွေးပွဲများပြုလုပ်ကြောင်း သိရသည်။
“အဓိကကတော့ ဒီရှစ်လပိုင်းမှာ အလုပ်လုပ်ခွင့်ကုန်လိ့ုပြန်ကြမဲ့လူတွေရယ် နောက်ပြီး မြန်မာနိုင်က တရားဝင်အလုပ်သမားတွေရောတရား မဝင်တွေ ရော အာလုံးပါတယ်၊ ဘာလို့လည်းဆိုတော့ ဒီလူတွေ သူတို့ပြန်သွားလို့ရှိ ရင်သူတိုရဲ့မိသားစုတွေ နောက်ပြီးတော့ သူတို့နဲ့ နီးစပ်တဲ့လူတွေကို ၂၀၀၈ အခြေခံ ဥပဒေအကြောင်းကို ပြောပြလို့ရမယ်၊ ဒါမှပြည်သူတွေသိလားမယ်” ဟု ဦးကျော်ကျော်က ပြောသည်။
NLD-LA အနေနှင့် ၂၀၀၉ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ကြေငြာထားသော ရွှေဂုံတိုင်ကြေငြာချက်အတိုင်း ၂၀၀၈ အခြေခံဥပဒေကို နအဖမှဒီမိုက ရေစီနှုန်းထားအတိုင်း ပြန်လည်ပြင်ဆင်မှုပေးလျှင် NLD အနေဖြင့် ရွေး ကောက်ပွဲဝင်ရန် ပြန်လည်းစဉ်စားမည်ဖြစ်ကြောင်း အကယ်၍ ပြင်ဆင် မှုမရှိပဲ ၂၀၀၈ အခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲပြု လုပ်သွားမည် ဆိုပါက NLD အနေနှင့် စဉ်းစားမည်မ ဟုတ်ကြောင်း ၄င်းက ဆက် ပြောသည်။
အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် (ထိုင်းနိုင်ငံ) နိုင်ငံခြားဆက်ဆံရေး အတွင်း ရေးမှူး ဦညိုအုန်းမြင့်ကလည်း “ထိုင်းနိုင်ငံမှာ ဒီလိုရှင်းလင်းပွဲလုပ်ဖို့ကတော့ မဖြစ်နိုင်ဘူး ဘာလိ့ုလည်းဆိုတော့ ထိုင်းနိုင်ငံမှာက မလေးရှားနိုင်ငံထက် အလုပ်သမားပိုများတယ်၊ နောက်ပြီး ဒီ ၂၀၀၈ အခြေခံဥပဒေကလည်း ပြည်သူတွေအတွက် ဘာကောင်းကျိုးမှမရှိသလို တကယ်လိ့ု အခြေခံဥ ပဒေကို ပြန်လည်ပြင်ဆင်တာတောင်မှ စစ်အစိုးရအတွက်ပဲဖြစ်ကောင်း ဖြစ်လိမ့်မယ် ပြည်သူအတွက်တော့ ဘယ်လိုမှကောင်းကျိုးရှိမှာမဟုတ်ဘူး၊ နှစ်ဖက်သဘောတူဖို့လည်းအရမ်းခက်ပါတယ်၊ ဘာလို့လည်းဆိုတော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေလည်းရှိနေသေးတယ်၊ ဘာပဲပြော ပြော ဒီရွေးကောက်ပွဲဟာ စစ်အစိုးရရဲ့သဘောဆန္ဒအတိုင်းပဲဆိုတာ ရှင်းနေ ပါတယ်” ဟု သူက ပြောသည်။