မြန်မာရုပ်အလောင်း ရ လောင်း ထိုင်းနိုင်ငံ တောထဲမှာ တွေ့ရှိ

မြန်မာရုပ်အလောင်း ရ လောင်း ထိုင်းနိုင်ငံ တောထဲမှာ တွေ့ရှိ
by -
ခိုင်စု
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ Phop Phra မြို့နယ်အနီး တောတွင်းတနေရာ၌ မြန်မာနိုင်ငံသား ရုပ်အလောင်း ရ လောင်းကို ပြီးခဲ့သည့်လ နှောင်းပိုင်းတွင် ထိုင်းရဲက ရှာဖွေတွေ့ရှိကြောင်း မျက်မြင်သက်သေများ...

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ Phop Phra မြို့နယ်အနီး တောတွင်းတနေရာ၌ မြန်မာနိုင်ငံသား ရုပ်အလောင်း ရ လောင်းကို ပြီးခဲ့သည့်လ နှောင်းပိုင်းတွင် ထိုင်းရဲက ရှာဖွေတွေ့ရှိကြောင်း မျက်မြင်သက်သေများ ပြောသည်။

အလုပ်ရှာလာသူ ၁၂ ဦးနှင့် ခေါ်ဆောင်လာသူ တဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မှ ဘန်ကောက် အသွား တောတွင်းတနေရာ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းများကို တွေ့ရှိရခြင်း  ဖြစ်သည်။

“၇ ယောက်ရဲ့ အလောင်းတော့ရပြီ။ ကယ်ရီသမား (ခေါ်ဆောင်လာသူ) အပါအဝင် ၄ ယောက် လွတ်သွားတယ်။ ၂၇ ရက်နေ့မှာ အလောင်း ၂ လောင်း၊ ၂၈ ရက်နေ့မှာ အလောင်း ၂ လောင်း၊ မနေ့က ၃ လောင်း တွေ့တယ်။ ၂ ယောက်ကလည်း အပစ်ခံရတာ ဖြစ်နိုင်တယ်။ အခုထိ အလောင်းကတော့ ရှာမတွေ့သေးဘူး။ အားလုံးက ကရင် လူမျိုးတွေချည်းပဲ” ဟု မြန်မာလုပ်သားများကို အကူညီပေးနေသော အဖွဲ့စည်းမှ အမည်မဖော်လိုသူ စေတနာ့ ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။

၎င်းတို့သည် ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှ ထွက်လာကာ ၂၁ ရက်နေ့တွင် မြဝတီမှ မဲဆောက်သို့ကူးလာပြီး ဘန်ကောက်သို့ တောလမ်းမှအသွား ၂၆ ရက်နေ့တွင် ပစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သူက ပြောဆိုသည်။

အလုပ်လာရှာသူများသည် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာမှ ၉ ဦးနှင့် ဇာသပြင်ရွာမှ ၃ ဦး ဖြစ်ကာ၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၈ ဦး ဖြစ်သည်။

တာ့ခ်ခရိုင် ရဲမင်းကြီးက တရားခံကို အမြန်ဆုံးဖမ်းမိစေရန် ရဲကို အမိန့် ပေးထားကြောင်းနှင့် မည့်သည့် အတွက် ၎င်းတို့ အသတ်ခံရကြောင်း အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း စေတနာ့ဝန်ထမ်းက ဆိုသည်။

သူက “ဒီလူတွေကို  ဒေသခံအနိုင်ကျင့်တတ်တဲ့ လူတွေက ပိုက်ဆံတောင်းရာမှာ မပေးလို့ သတ်လိုက်တာ ဖြစ်နိုင်သလို၊ ထိုင်းအာဏာပိုင်တွေ လက်သတ်မွေးထားတဲ့ ဗိုလ်ကျအုပ်စုတွေ သတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့သတ်လဲဆိုတာ စုံးစမ်းနေတုန်းပါ” ဟု ပြောသည်။

လွတ်မြောက်သွားသူ ၃ ဦးနှင့် ကယ်ရီသမားမှာ ဘန်ကောက်သို့ ရောက်ရှိသွားပြီး ကယ်ရီသမားမှာမူ ယခုဖြစ်ရပ်ကြောင့် တိမ်းရှောင်နေသည်ဟု ရဲဘက်က ယူဆထားသည်။ ၂ ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

“လွတ်သွားတဲ့ ၃ ယောက်ကို ကယ်ရီသမားက ဘန်ကောက်ကို ပို့လိုက်တယ်။ အဲဒီထဲက ၂ ယောက်က အခု ကျနော်တို့ဆီ ရောက်နေတယ်။ တယောက်ကတော့ ကြောက်ပြီး ရှောင်နေတယ်။ ဒီရောက်နေတဲ့ ၂ ယောက်မှာ တယောက်က ရဲစခန်းမှာ စစ်မေးခံနေရတယ်။ စကားမပြောတတ်တဲ့ တယောက်က အခု ကျနော်နဲ့အတူ ရှိတယ်” ဟု စေတနာ့ဝန်ထမ်းက ပြောသည်။ သေဆုံးသူထဲတွင် စကားမတတ်သူ အမျိုးသား၏ အမလည်း ပါဝင်သည်။

သေဆုံးသူ နောက်တဦးဖြစ်သူ မတင်ချိုထွေး၏ ခင်ပွန်းသည် ကိုအောင်ကြည်က “ကျနော့်အမျိုးသမီး သေသွားတယ်ကြားလို့ လိုက်လာတာ။ အခုထိ မတွေ့ရသေးဘူး။ ကျနော် ဒီကိစ္စကိုကြားပြီး နေလို့လည်း မကောင်းဘူး။ အရမ်းလည်း ခံစားနေရတယ်” ဟု မဇ္စျိမကို ပြောသည်။

ဇနီး၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် မဲဆောက်တွင် ရောက်ရှိနေကြောင်းနှင့် သေဆုံးသူများထဲတွင် သူ၏ ဆွေမျိုးများ ပါဝင်နေကြောင်း ဘန်ကောက်တွင် အလုပ်လုပ်နေသည့် ကိုအောင်ကြည်က ပြောသည်။

ပြီးခဲ့သည့်လ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်း ၄ လောင်းကို မဲဆောက်မြို့ ဆေးရုံတွင် ထားရှိပြီး၊ ၃၁ ရက်နေ့တွင် တွေ့ရှိသော ၃ လောင်းကိုမူ Phop Phra ဆေးရုံတွင် ထားရှိသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်ရာ၌ အချို့က တောလမ်းခရီးမှပင် ယခုလို သွားရောက်လေ့ရှိသည်။ တခါတရံ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုမျိုး ကြံုတွေ့တတ်သည်။

စေတနာ့ဝန်ထမ်းက “ကျနော် ထိုင်းမှာနေတာ ၁၈ နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတော့ ဒီဒေသမှာပဲ ၁၇ ယောက်တခါ၊ ၈ ယောက်တခါ၊ အခု ၉ ယောက်တခါ အသတ်ခံရတာ ကြားဖူးတယ်'' ဟု ပြောသည်။

Most read this week