မိုင်းလား အပစ်ရပ် အဖွဲ့မှထိပ်ပိုင်းခေါင်းဆောင် တစ်ဦး လုပ်ကြံခံရ

မိုင်းလား အပစ်ရပ် အဖွဲ့မှထိပ်ပိုင်းခေါင်းဆောင် တစ်ဦး လုပ်ကြံခံရ
by -
ဇော်ကြီး
ရှမ်းပြည်အရှေ့ပိုင်း အပစ်ရပ်အဖွဲ့တစ်ခုဖြစ်သည့် မိုင်းလားအဖွဲ့ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (ND AA) မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး လုပ်ကြံခံရသည်။
NDAA အဖွဲ့မှ အတွင်းရေးမှူး(၁) ဦးမင်းအိမ်သည်   ယနေ့နံနက် ၆ နာရီအချိန်ခန့်က လမ်းလျှောက်ထွက်လာစဉ် လုပ်ကြံခံရခြင်းဖြစ်သည်ဟု တရုတ်နယ်စပ်မှ အမည်မဖော်လိုသူ...

ရှမ်းပြည်အရှေ့ပိုင်း အပစ်ရပ်အဖွဲ့တစ်ခုဖြစ်သည့် မိုင်းလားအဖွဲ့ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (ND AA) မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး လုပ်ကြံခံရသည်။

NDAA အဖွဲ့မှ အတွင်းရေးမှူး(၁) ဦးမင်းအိမ်သည်   ယနေ့နံနက် ၆ နာရီအချိန်ခန့်က လမ်းလျှောက်ထွက်လာစဉ် လုပ်ကြံခံရခြင်းဖြစ်သည်ဟု တရုတ်နယ်စပ်မှ အမည်မဖော်လိုသူ တစ်ဦးက ယခုလိုပြောသည်။

“လမ်းလျှောက်နေတုန်းတဲ့ အဲမှာ သေနတ် ရ ချက်အပစ်ခံလိုက်ရတယ်။ သူနဲ့ အတူတူ လမ်းလျှောက် တာ တရုတ်တယောက်ပါတယ်။ အဲဒီတရုတ်ကလည်း သေနတ်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရတယ်ပြော တာပဲ။ သူကတော့ သေသွားတယ် ပွဲချင်းပြီး။”

ယင်းကိစ္စမှန်ကန်ကြောင်း ရှမ်းသံတော်ဆင့်သတင်းအယ်ဒီတာဦးခွန်ဆိုင်းက အတည်ပြု ပြောဆိုသော်လည်း ဖြစ် ပျက်ပုံ အသေးစိတ်အား သေခြာစွာ မသိရသေး ကြောင်းနှင့် တရားခံကို ဖမ်းဆီးနိုင်ရန် မိုင်းလားမြို့တွင်း၌ လုံခြံုရေးတင်းကြပ်စွာချထားကြောင်း ပြောသည်။

“အဲဒီဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မိန်းလားမှာဆိုလို့ရှိရင် လူတိုင်းကို အိမ်ထဲမှာပဲ နေခိုင်းတယ်။ အပြင်မ ထွက်ရဘူး။ ကျိုင်းတုံကလာတဲ့ကားတွေဆိုလို့ရှိရင် ၀င်ခွင့်ပေးတယ်၊ ကျိုင်းတုံဖက် သွားမယ့်ကားတွေ မြို့ပြင်ထွက်မယ့်ကားတွေ တစီးမှအပြင်မထွက်ရဘူး။ အဲလိုလုပ်ထားတယ်။”

ဦးမင်းအိမ်သည် မြစ်ကြီးနားဇာတိဖွား တရုတ်အမျိုးသားတစ်ဦးဖြစ်ပြီး တရုတ်အမည် လင်းဖုန်ရှင်း ဟုခေါ်၍ စစ် အစိုးရပြုလုပ်သည့် ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူဖြစ်သည်။

NDAA အဖွဲ့ အနေနှင့် ယခုလိုထိပ်ပိုင်းခေါင်းဆောင်တဦး လုပ်ကြံခံရသည့်အတွက် စိတ်ဓါတ်ရေးရာအရ ထိခိုက် မှုရှိသော်လည်း လုပ်ငန်းပိုင်းကို ထိခိုက်မှုမရှိနိုင်ဟု ဦးခွန်ဆိုင်း က သုံးသပ်သည်။

“မိန်းလားအဖွဲ့မှာသူဟာ အရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်နေတယ်။ ဒီတော့ မိန်းလား အဖွဲ့ကို နိုင် ငံရေးအရ မထိခိုက်သော်လည်းပဲ စိတ်ဓါတ်ရေးရာအရ သူတို့ကိုထိခိုက်တာ ပေ့ါဗျာ။ သို့သော်လည်းပဲ သူ့မှာလောလောဆယ်အတွင်းရေးမှူး(၂)က ရှိနေပြီးသားဆိုတော့ သူတို့ရဲ့လုပ်ငန်းတွေကို ထိခိုက် သွားမှုတော့ မရှိနိုင်ဘူးလို့ယူဆရတာ ပေ့ါဗျာ။”

မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) သည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထား သည့်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပြီး ယခုအချိန်ထိ စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို ငြင်းဆန်နေသည့် အဖွဲ့ဖြစ်သည်။

Most read this week