ကိုးကန့်နယ်မြေတာဝန်ကျ မြန်မာစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်

ကိုးကန့်နယ်မြေတာဝန်ကျ မြန်မာစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်
ရှမ်းပြည်၊ အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်နှင့် ကုန်ကြမ်း မြို့အကြား တာရွှေထန်ကျေး ရွာရှိ ဂိတ်စောင့်တာဝန်ကျနေသည့် မြန်မာစစ်အစိုးရ စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာ (၁)ဦး သေ ဆုံးပြီး (၂)ဦး...

ရှမ်းပြည်၊ အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်နှင့် ကုန်ကြမ်း မြို့အကြား တာရွှေထန်ကျေး ရွာရှိ ဂိတ်စောင့်တာဝန်ကျနေသည့် မြန်မာစစ်အစိုးရ စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာ (၁)ဦး သေ ဆုံးပြီး (၂)ဦး ဒဏ်ရာ ရရှိသွားသည်။

တပ်မ(၃၃)လက်အောက်ခံတပ်များ ရှေ့တန်းလှုပ်ရှားနေသည့် အဆိုပါကိုးကန့်နယ်မြေရှိ တာရွှေထန် ကျေးရွာ တွင် ဂိတ်တာဝန်ကျ စစ်သားအချင်းချင်း ယခုလ(၁၆)ရက် နေ့က ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရကြောင်း လောက်ကိုင် ဒေသခံကုန်သည်များနှင့် နီးစပ်သူ တဦးက ပြောသည်။

“ဖြစ်တာက တပ်ကကောင်တွေဖြစ်တာ၊ တယောက်သေ၊ နှစ်ယောက် ဒဏ်ရာရတယ်၊ လုပ်တဲ့ကောင် ကို ပြန်ဖမ်းမိတယ် ပြောတယ်။ ထောက်ပို့တပ်(၉၃၆) တာရွှေထန်မှာ ရှိတယ်။ အဲဒီနားမှာက တပ်မ (၃၃)ဌာန ချုပ်လည်းရှိတယ်။ ဖြစ်တာက တာရွှေထန်မှာ။ တာရွှေထန် ဂိတ်မှာ။ ဟိုတုန်းက ကိုးကန့် ကုန်သွယ်ရေး ဂိတ်ပေါ့ဗျာ။”

ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းက ကိုးကန့်နယ်မြေအတွင်း ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)အဖွဲ့အား စစ်အစိုးရက ချေမှုန်းတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ကိုးကန့် ဒေသအား နအစစ်တပ်များဖြစ်သည့် လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)နှင့် တပ်မ(၃၃) လက် အောက်ခံတပ်များ စုစုပေါင်း တပ်ရင်း(၂ဝ)ခန့် ထိန်းချုပ်ထားသည်။ ပိုင်စုံချိန် ဦးဆောင်သည့် လက်ကျန် တပ်ဖွဲ့ တို့ကို စုစည်းပြီး နယ်ခြားစောင့်တပ်ရင်း၊ အမှတ်(၁ဝဝ၆) အဖြစ် အသွင်းပြောင်း ခဲ့သည်။

ယခင် ကိုးကန့်တပ်ဖွဲ့ အခွန်ကောက်ခံနေခဲ့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များနှင့် ဒေသ အတွင်းရှိ ဂိတ်များတွင် မြန် မာစစ်တပ်များက တာဝန်ယူနေချိန်တွင် ယခုလို အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

Most read this week