တပ်သားသစ် တထောင်ကျော် ဝ တပ် စစ်ရေးသင်တန်းဆင်းပွဲ လားဟူအမျိုးသား အများဆုံးပါဝင်

တပ်သားသစ် တထောင်ကျော် ဝ တပ် စစ်ရေးသင်တန်းဆင်းပွဲ လားဟူအမျိုးသား အများဆုံးပါဝင်
ဝ ပြည် သွေးစည်းရေး တပ်မတော် တပ်မဟာ ၄၆၈ မိုင်းပေါက်ဌာနချုပ်၌ စစ်သင်တန်းဆင်းပွဲ အခမ်းအနားတရပ် ယနေ့ မနက်ပိုင်းက ကျင်းပခဲ့သည် ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြော ...

ဝ ပြည် သွေးစည်းရေး တပ်မတော် တပ်မဟာ ၄၆၈ မိုင်းပေါက်ဌာနချုပ်၌ စစ်သင်တန်းဆင်းပွဲ အခမ်းအနားတရပ် ယနေ့ မနက်ပိုင်းက ကျင်းပခဲ့သည် ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။

“သင်တန်းဆင်းပွဲကို ဒုဥက္ကဌ ရှောက်မင်လျဲန်၊  ဒု စစ်ဦးစီးချုပ် ကျောက်ကြံးတန်းတို့ တက်ရောက်အားပေးစကား ပြော တယ်။ အခြားစစ်ရေး အုပ်ချုပ်ရေး ခေါင်းဆောင်တွေလဲ လာတယ်။ ပန်ဆန်းဌာနချုပ်က လာတဲ့ ကားတွေအများကြီးဘဲ၊ မနေ့ကတည်းက ရောက်ကြတယ်” - ဟု ဒေသခံတဦးက ပြောပါသည်။

ဇန္ဖဝါရီ ၁၅ ရက် ယနေ့မနက်ပိုင်း၌ ကျင်းပခဲ့သည့် စစ်သားသစ် သင်တန်းဆင်းပွဲမှာ ရဲဘော်သစ် နှင့် မင်ပျင်း ခေါ် ပြည်သူ့ စစ် သင်တန်းများဖြစ်ပြီး သင်တန်းသားအားလုံး ၁ဝဝဝ ကျော်ရှိကြောင်း၊ ရဲဘော်သစ်များထဲတွင် လားဟူအမျိုးသားအများ ဆုံးပါဝင်ကြောင်း အဆိုပါဒေသခံက ပြောပါသည်။
ဝ ဥက္ကဌပေါက်ယူချန်း

“သျှမ်း၊ ဝ ၊ တရုတ်က ၂ဝ% လောက်ဘဲ။ ကျန် ၈ဝ% က လားဟူတွေ။ မိုင်းပေါက်၊ မိုင်းဖျဲင်၊ မိုင်းကာ၊ မော်ဖှာ့ က ဒေသခံတွေ အများဆုံးပေါ့”- ဟု ဝ အရာရှိ တဦးက သျှမ်းသံတော်ဆင့် သို့ ပြော၏။

၂ဝဝ၉ အတွင်း စုဆောင်းသော ဝ တပ်ဖွဲ့ ရဲဘော်သစ် အင်အားစုစုပေါင်းမှာ အနည်းဆုံး ၃ဝဝဝ ကျော် ရှိပြီဖြစ်ကြောင်း၊ အဆိုပါသင်တန်းနည်းတူ တောင်ပိုင်း ဝ အမှတ် ၁၇၁ စစ်တပ်ဒေသ အပါအဝင် မြောက်ပိုင်း ဝ  တပ်မဟာ ၃၁၈ နမ့်တစ် ဌာချုပ် ၊ ပန်ယန်း မန်းဆိုင် ဝိန်းကောင် ဒေသ ထိန်းချုပ်သည့် တပ်မဟာ ၄၁၈ ကျူဟေ့ဌာနချုပ် နေရာအသီးသီး၌ စုဆောင်းခဲ့သော တပ်သားသစ်များ ပါဝင်ကြောင်း - အဆို ပါ ဝ အရာရှိ က ပြောပါသည်။

နအဖ အရာရှိ ၃ဝ ပါဝင်ပြီး တပ်ရင်းတခု အင်အား ၃၂၆ ယောက်ဖြင့် တပ်ရင်း ၅ ရင်းခန့် နယ်ခြားစောင့်တပ် သွင်ပြောင်း ရန် နအဖ ဖိအားပေးမှုခံခဲ့ရပြီးနောက်ပိုင်း ၂ဝဝ၉ နှစ်ဦးပိုင်းမှစ၍ ဝ တပ်ဖွဲ့ စစ်ရေးလေ့ကျင့်အင်အား ဖြည့်တင်း လာခဲ့သည် ဟုမြောက်ပိုင်း ဝ တပ်မှူးတစ်ဦးကပြော၏။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် စရဖည¸န်ချုပ်ဒု ဗိုလ်ချုပ်ကြီးရဲမြင့်မှ တယ်လီဖုန်းဖြင့် ယခု လ အစောပိုင်းက ကမ်းလှမ်းလာခဲ့သည်။

ထိုကမ်းလှမ်းချက်ကို ဝ ဥက္ကဌပေါက်ယူချန်းကမိမိတို့ဘက်မှ အချိန်/နေရာဒေသ မရွေးတွေ့ဆုံဆွေးနွေးနိုင်ကြောင်း၊ ဝပြည် နယ် လူထု နှင့် ကေဒါတပ်သားများ၏ ဆန္ဒအတိုင်း တောင်းဆိုထားသည့် အချက် ၉ ချက်ကိုသာ လက်ကိုင်ပြု ထားဆဲ ဖြစ် ကြောင်း၊ ၂ဝဝ၉ နိုဝင်ဘာ တန့်ယန်းတွေ့ဆုံပွဲတုန်းက ဒု - ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် သွားရောက်တွေ့ကြသော ပုဂ္ဂိုလ်များ နှင့့်သာဖြစ်ကြောင်း၊ ကျန်းမာရေးအရ မိမိကိုယ်တိုင်ကတော့ သွားရောက်တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း - အကြောင်း ပြန်ကြားခဲ့သည်ဟု ဆိုသည်။