၀ နယ်မြေ၌ မူးယစ်ဆေးရောင်းဝယ်မှုတင်းကြပ် လူထုနေအိမ်များ စစ်ဆေးခံရ

၀ နယ်မြေ၌ မူးယစ်ဆေးရောင်းဝယ်မှုတင်းကြပ် လူထုနေအိမ်များ စစ်ဆေးခံရ
၀ ပြည်သွေးစည်းရေးတပ်မတော် ပန်ဆန်းဌာနချုပ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တားမြစ်နှိမ်နင်းရေးအတွက် ၀ အာဏာ ပိုင်များက လူနေအိမ်များအား အထူးတင်းကြပ်စစ်ဆေးမှုပြု လုပ်ကြောင်းတရုတ်နယ်စပ်...

၀ ပြည်သွေးစည်းရေးတပ်မတော် ပန်ဆန်းဌာနချုပ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တားမြစ်နှိမ်နင်းရေးအတွက် ၀ အာဏာ ပိုင်များက လူနေအိမ်များအား အထူးတင်းကြပ်စစ်ဆေးမှုပြု လုပ်ကြောင်းတရုတ်နယ်စပ် သတင်းရပ်ကွက် ဆိုသည်။

“ထိုင်းဘက်မှာဖမ်းမိတဲ့ မူးယစ်ဆေးတွေက ၀ နာမည်နဲ့ဘဲထွက်နေတာတပိုင်း၊ နောက်တခုက တရုတ် မူးယစ်ဆိုင်ရာ အာဏာပိုင်တွေနဲ့လက်တွဲ စောင့်ကြည့်ကူညီချင်တာတပိုင်း၊ အဲဒါကြောင့်ဘဲလားတော့မသိဘူး” - ဟု ပန်ဆန်းဘက် မကြာခဏရောက်သည့် ကုန်သည်တဦးက ပြောပါသည်။

လွန်ခဲ့သည့် ၂-၃/၁/၁၀ က စ၍ ၀ မူးယစ်ဆေးဝါးအာဏာပိုင်များက မည်သူမဆို ဘိန်းဖြူ /မည်း/ညို နှင့် အခြားမူးယစ် ဆေးဝါးများ ထုတ်လုပ်သယ်ဆောင် ်ရောင်းဝယ်ခြင်းမြုပရန် သတိပေးပြန်ကြားထားကြောင်း၊ မူးယစ်ရောင်းဝယ်သည်ဟု သံသယရှိသည့် နေအိမ်အချို့ကိုလည်း ၀င်ရောက်စစ်ဆေးကြောင်း၊ ဖမ်းမိပါကလည်း ငွေဒဏ် ထောင်ဒဏ် အပြစ်ပေး ကြောင်း - ဒေသခံများ ပြောပြချက်အရသိရပါသည်။

“ကိုးကန့်အရေးအခင်းမဖြစ်ခင်တုန်းက ဘိန်းထွက်ရာသီဆိုရင် ဟောင်ဖှီ ခေါ် နံပါတ် ၃ (သို့မဟုတ်) ဘိန်းညို ဆင်းဝယ်တဲ့ ကိုးကန့်ဘက်ကတရုတ်တွေ အရမ်းများတယ်။ ဘိန်းစိမ်းဘိန်းညိုပိဿာချိန်ရာချီ အရောင်းအဝယ်လုပ် ဘူးကြတယ်။ အခု သိပ်မရှိတော့သလောက်ဘဲ၊ ဘိန်းစိမ်း ၄-၅ ဆယ်ပိဿာ အနည်းအကျဉ်းဝယ်ပြီး ခါ့ခူးလုပ်တဲ့ သူလောက်ဘဲကျန် တော့တယ်” - ဟု အဆိုပါ ကုန်သည်က ပြော၏။

၀ နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှု လျော့နည်းသွားရခြင်းမှာ ဒီဇင်ဘာ ၂၀၀၉ မှစ၍ ပန်ဆန်းဌာန ချုပ်၌ သတင်းထုတ်ပြန်တားမြစ်ခြင်း၊ သယ်ဆောင်၊ ရောင်းဝယ်၊ သုံးစွဲခြင်းမပြုရန် အရပ်ဖက်စစ်ဖက်အဆင့်ဆင့် ပညာပေး ခြင်း၊ ၀ တီဗွီလိုင်းမှပညာပေးခြင်း/သတင်းထုတ်ပြန်ခြင်းတို့ ပြုလုပ်လာသည်ဟု တရုတ်နယ်စပ်သတင်း ရပ်ကွက် က ပြော ပါသည်။

သျှမ်းပြည်အရေးစောင့်ကြည့်လေ့လာသူ မြောက်ပိုင်းသျှမ်းပြည်သားတဦးက ၀ တပ်ဖွဲ့မူးယစ်ဆေးဝါးတင်းကြပ်မှုမှာ -နိုင်ငံရေးကိစ္စနှင့် ဆက်နွယ်ကြောင်း၊ ကိုးကန့်ကဲ့သို့ နအဖပြဿနာမရှာနိုင်ရန် ၀ တပ်ဖွဲ့ အထူးသတိထားရှောင်ရှား ခြင်းဖြစ်နိုင်သည်ဟု သျှမ်းသံတော်ဆင့်အားသုံးသပ်ပြပါသည်။