အေးဂျင့်များ ထိန်းသိမ်းခံရ သဖြင့် မိသားစုများ တုန်လှုပ်

အေးဂျင့်များ ထိန်းသိမ်းခံရ သဖြင့် မိသားစုများ တုန်လှုပ်
ဇန်နဝါရီလ ၄ ရက်နေ့က  တရုတ် - မြန်မာ နယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံရှိ အေးဂျင့်များ ရှောင်တခင် ထိန်းသိမ်းခံ လိုက်ရချိန်တွင်  မိသားစုဝင်များက စိုးရိမ်ပူပန် ခဲ့ရကြောင်း...

ဇန်နဝါရီလ ၄ ရက်နေ့က  တရုတ် - မြန်မာ နယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံရှိ အေးဂျင့်များ ရှောင်တခင် ထိန်းသိမ်းခံ လိုက်ရချိန်တွင်  မိသားစုဝင်များက စိုးရိမ်ပူပန် ခဲ့ရကြောင်း ကုန်သယ်များ အပြောအရ သိရသည်။

အဆိုပါ ကုန်သွယ်ရေးဇုံ အတွင်း အကောက်အခွန်ဆိုင်ရာ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ကိုင်သူ ဒေသ အခေါ် အေးဂျင့် ဦးရည် ၁၀၀ ခန့် ကို နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လည်ပိုင်းတွင်် ထိန်းသိမ်းခဲ့ကြောင်း အဆိုပါ ကုန်သွယ်ရေးဇုံရှိ ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“နေ့လည် ၁၂ နာရီလောက်က ဖမ်းလိုက်တယ် ဖမ်းလိုက်တော့ ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တာပေါ့ အိမ်ပြန်မလာ ဆိုတော့ မိန်းမတွေက စိတ်ပူ အေးဂျင့် ၈၀ ၊ ၁၀၀ လောက်ရှိတယ် စိုးရိမ်ထိတ်လှန့်ပြီး လိုက်ကြတာပေါ့  ” လို့ သူက ပြောသည်။

ကုန်သွယ်ရေးဇုံအတွင်း ၀င်ရောက်ရာလမ်းတွင်  ၀င်ပေါက်နှင့် ထွက်ပေါက် ဂိတ်နှစ်ခု ရှိရာ  အေးဂျင့်များက ထွက် ပေါက်မှ ၀င်ရောက်ပြီး ၀င်ပေါက်မှ ထွက်ခွာခြင်းကြောင့် စခန်းတာဝန်ရှိသူများက အေးဂျင့်များကို အရေးယူခြင်း ဖြစ်ကြောင်းသိရ သည်။

“ဆိုင်ကယ်တွေနဲ့ အေးဂျင့်တွေက ၀င်လိုက်ထွက်လိုက် အလုပ်လုပ်တယ် မဟုတ်လား ဇုံထဲကို ၀င်လိုက်ထွက် လိုက်လုပ်တာကို ထွက်ဆိုတဲ့ အပေါက်ကနေဝင် ၊ ၀င်ဆိုတဲ့အပေါက်ကနေ ထွက်လို့တဲ့ အဲလိုဖမ်းလိုက်တယ် တနေ့ခင်းလုံး သူတို့ကို ဒီအတိုင်းထားပြီး ဆိုင်ကယ်တွေနဲ့သော့တွေ သိမ်းထားလိုက်တယ် ည ၈ နာရီခွဲ သူတို့ အစည်းအဝေးပြီးမှ ပြန်လွတ်လိုက်တယ် ” လို့ သူက ဆိုသည်။

အေးဂျင့်များသည် ကုန်သွယ်ရေးဇုံအတွင်းဝင်ရောက်လာသော ကုန်ကားများကို ဂျူတီဆောင်ခြင်း ငွေသွင်းခြင်း စာရွက် စာတမ်းများ မိတ္တူဆွဲခြင်း လက်မှတ်ထိုးခြင်း ကုန်ကားထုတ်ခြင်း စသည့် လုပ်ငန်းများအား လုပ်ဆောင်သူများဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေးဇုံသို့ အသစ်ပြောင်းရွေ့လာသည့် ဗိုလ်ကြီးက မျက်စိရူပ်သဖြင့် အေးဂျင့်များကို ထိန်းသိမ်းခြင်းဖြစ် ကြောင်း အထိန်းသိမ်းခံခဲ့ရသည့် အေးဂျင့်တစ်ဦးအပြောကို ကိုးကား၍ စောစောက ကုန်သယ်က ဆက်ပြော သည်။

“ သူတို့ရဲ့ အဝင်ပေါက်ကလည်း သူတို့ရဲ့ ကုမ္ပဏီရုံးခန်းတွေတို့ မိတ္တူကူးတဲ့ဆိုင်တွေနဲ့လည်း နီးတယ် ၀င်တာက တော့ အဲဒီလမ်းကနေဝင်တယ် ပြန်ထွက်တော့လည်း အဲဒီလမ်းကနေ ထွက်တယ် အဲဒါမျက်စိနောက်လို့ ဆိုပြီး တော့ အကုန် ထိန်းထားလိုက်တယ် ဂျူတီအတုလုပ်တဲ့သူကျတော့ ဘာမှအရေးယူတာ မရှိဘူး အကုန်လုံး ထိတ် လှန့်ကုန်တာပေါ့ ဒီကိစ္စ မှန်းသိတော့ မှ မိသားစုတွေ စိတ်အေးသွားရတယ် ” လို့ ဆိုသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးအတွင်း၌ အေးဂျင့်အလုပ်လုပ်ကိုင်နေသူ ဦးရည် ၅၀၀ ခန့်ရှိရာ ၁၀၀ နီးပါး ယမန် နေ့ ကအထိန်းသိမ်းခံခဲ့ရ ကြောင်းသိရသည်။

၂၀၀၆ ခုနှစ် အတွင်းက အဆိုပါ ဇုံအတွင်း တာဝန်ကျနေသော အကောက်ခွန်အရာရှိများနှင့် ကုန်သယ်များကိုသွင်းကုန် ထုတ်ကုန် ပုဒ်မများဖြစ် ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်ခဲ့သေးသည်။