ချင်းမိုင်ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးတောင်းဆို

ချင်းမိုင်ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးတောင်းဆို
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့၌ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား များအဖွဲ့က ‘အခွင့်အရေး လစ်ဟင်းနေသူများအတွက်’ အခွင့်အရေးဆိုင်ရာ အချက်လက်များ...

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့၌ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား များအဖွဲ့က ‘အခွင့်အရေး လစ်ဟင်းနေသူများအတွက်’ အခွင့်အရေးဆိုင်ရာ အချက်လက်များတင်ပြတောင်းဆိုခဲ့သည်ဟု သိရပါသည်။

“ကျနော်တို့တောင်းဆိုတာက အချက် ၄-၅ ချက်ပါတယ်။ အဓိကကတော့ ကာရာအိုကေဆိုင်၊ ညဘက်စားသောက်ဆိုင် တွေ အိမ်ဖေါ်တွေအတွက် ၀င်ငွေနည်းပြီး အလုပ်ချိန်အကန့်အသတ်မဲ့ အမျိုးသမီးတွေအတွက် အဓိကပေါ့” - ဟု သျှမ်းရွေ့ ပြောင်းအလုပ်သမား WSA (Worker Solidarity Association) အဖွဲ့ ဥက္ကဌ စိုင်းဇွမ် က ပြောပါသည်။

Migrant-worker1

အလုပ်ခွင်အတွင်းကွယ်လွန်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဆုမွန်ခြွေပေးခြင်း

ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဗုဒ္ဓဆထန်တွင် ကျင်းပသည့် နိုင်ငံတကာရွှေ့ပြောင်းအလုပ် သမား များနေ့အခမ်းအနား၌ ၁၅းဝဝ နာရီအချိန် ချင်းမိုင်ခရိုင် ဒု- အုပ်ချုပ်ရေးမှူးက တက်ရောက်အဖွင့်အမှာ စကား ပြောကြားပြီး အလုပ်သမားအဖွဲ့အသီးသီးကလည်း မိမိအဖွဲ့အစည်းတောင်းဆိုမှုများ တင်ပြခဲ့၏။ အခမ်းအနားကို ၁၉းဝဝ နာရီအထိ ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။
ချင်းမိုင်ခရိုင် ဒုအုပ်ချုပ်ရေးမှူးနှင့် ရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်များ(တင်ပြသည့်အချက်များ)

ချင်းမိုင်ခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူးကလည်း  အလုပ်သမား နှင့်  အလုပ်ရှင်ဟူသည်မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန် အလှန်အားထားနေရကြောင်း၊ “ရွှေ့ပြောင်းအလုပ်သမားတွေမရှိရင် ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ ထင်တဲ့ အ တိုင်း လွယ်မှာမဟုတ်ဘူး၊ ထိုင်းတွေ  လုပ်အားခ တနေ့ဘတ်ငွေ ၂၀၀ ရရင် ရွှေ့ပြောင်းအလုပ်သမားတွေကိုလဲ ရစေလို တယ်၊ တန်းတူအခွင့်အရေးရအောင် အတတ်နိုင်ဆုံးကူညီပံ့ပိုးသွားပါ့မယ်” ဟု အားပေးစကားပြောကြား သွားပါသည်။

ရွှေ့ပြောင်းအလုပ်သမားများ တင်ပြတောင်းဆိုခဲ့သည့် အချက်များမှာ -
၁။ စားသောက်ဆိုင်၊ နိုက်ကလပ်၊ အိမ်ဖေါ် အစရှိ သောအလုပ်သမများအတွက် ထိုင်းနိုင်ငံသားနည်းတူ တန်းတူလုပ်အားခ နှင့် အလုပ်ချိန်အကန့်အသတ်/နားရက်ရရှိရေး။

၂။ ချင်းမိုင်တွင် အောက်ခြေအလုပ်သမားအတွက် သတ်မှတ်ထားသော တနေ့လုပ်အားခ ၁၆၈ ဘတ် အပြည့်အဝ ရရှိရေး။

၃။ အလုပ်ရှင် နှင့် အလုပ်သမား ရေရှည်ဒွန်တွဲအလုပ် လုပ်နိုင်ရန် ရွှေ့ပြောင်းအလုပ်သမားများအတွက် တည်တန့်သည့် ဥပဒေချမှတ်ရေး။
“ဘာလို့လဲဆိုတော့ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိန်းချုပ်မယ့် တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမယ်လို့ အမြဲပြောတယ်။ ဒီပြဿနာကို သူတို့ ဘယ်တော့မှ မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်လဲ ရေရှည်ဘာလုပ်မလဲ၊ အစိုးရ အသစ်ပြောင်းရင်တောင်မှ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေ မပြောင်းဖို့ပေါ့”

၄။ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် တိကျတဲ့ ကုန်ကျမှုသတ်မှတ်ပေးရန်။
“အခုအခြေအနေက ပွဲစားတွေဘဲ ပွတယ်လေ။  အလုပ်သမားတွေ ဒုက္ခရောက်တယ်။ အချို့က ၈ ထောင် လောက်ကုန်ပြီး တချို့ကလဲ သောင်းချီကုန်လဲ မရဘူး။ အဲ့ကိစ္စအပေါ် ပိုအဆင်ပြေအောင် ဆောင်ရွက်ဖို့ပေါ့ဗျာ”  
အလုပ်ခွင်အတွင်းကွယ်လွန်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဆုမွန်ခြွေပေးခြင်း

၅။ ဖိဆွတ်ဆန်ချတ်ခေါ် လာရင်း နိုင်ငံသားဖြစ်ကြောင်းသက်သေပြရန် လျှောက်လွှာတင်ခိုင်းသည့် ကိစ္စတွင်လည်း  လျှောက်၍ အောင်သည့်သူများ (ယာယီနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရမည််သူများ) နှင့် သွားမလျှောက်သူများ (လာရင်းနိုင်ငံ ပြန် ပို့ခံရမည့်သူများ) အတွက် စည်းမျဉ်းချထားသော်လည်း - “လျှောက်လွှာတင်ပြီး မအောင်တဲ့သူတွေအတွက်ဘာဆက် လုပ်မလဲ၊ သူတို့အတွက် တိကျတဲ့အနာဂတ်ရှိအောင် ဖေါ်ပြထားသင့်တယ်။ လျှောက်လွှာတင်ပြီး မအောင် လို့ဘာလုပ်ရ မှန်းမသိဘဲ ပြန်သွားတဲ့သူအများကြီး၊ ဟိုမှာဘဲ ဒုက္ခ ရောက်တာပေါ့ဗျာ” - ဟု စိုင်းဇွမ် ကပင် သျှမ်းသံတော်ဆင့် သို့ ရှင်းပြပါသည်။

_migrant-worker01

ချင်းမိုင်ခရိုင် ဒုအုပ်ချုပ်ရေးမှူးနှင့် ရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်များ

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သည့် လော ၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံသား အလုပ်သမား သန်းချီ ရှိ၏။ ၎င်းင်းတို့ အနက် မြန်မာနိုင်ငံသားမှာ အများဆုံးဖြစ်ကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးကိစ္စမှာလည်း လော နှင့် ကမ္ဘောဒီးယားတို့က ၂၀၀၆ ကတည်းက အောင်မြင်သွားပြီး မြန်မာအလုပ်သမားများမှာမူ အနာဂတ်အတွက် စိုးရိမ်နေရဆဲ ဖြစ်ကြောင်းညည်းတွားနေကြသည်။