UNODC ပြောသည့် ‘မြန်မာနိုင်ငံ ဘိန်းထွက်နှုန်း ၂ ဆတိုး’ နအဖ ထိန်းချုပ်နယ်မြေဖြစ်

UNODC ပြောသည့် ‘မြန်မာနိုင်ငံ ဘိန်းထွက်နှုန်း ၂ ဆတိုး’ နအဖ ထိန်းချုပ်နယ်မြေဖြစ်

ဒီဇင်ဘာ ၁၄ ရက် ထိုင်းနိုင်ငံဘန်ကောက်မြို့UNODC ၏ သတင်းစာရှင်းလင်းပွဲမှ ‘မြန်မာနိုင်ငံဘိန်းထွက်နှုန်း ၂ ဆတိုး’ ကြောင်း ထုတ်ပြန်ပြောဆိုရာ သျှမ်းပြည် မူးယစ် စောင့်ကြည့်လေ့လာရေး အဖွဲ့က အဆိုပါ ဘိန်းထွက်ဒေသသည် နအဖ ထိန်းချုပ်နယ်မြေ ဖြစ်သည်ဟု...

ဒီဇင်ဘာ ၁၄ ရက် ထိုင်းနိုင်ငံဘန်ကောက်မြို့UNODC ၏ သတင်းစာ ရှင်းလင်းပွဲမှ ‘မြန်မာနိုင်ငံဘိန်းထွက်နှုန်း ၂ ဆတိုး’ ကြောင်း ထုတ်ပြန်ပြောဆိုရာ သျှမ်းပြည် မူးယစ်စောင့်ကြည့်လေ့လာရေး အဖွဲ့က အဆိုပါ ဘိန်းထွက်ဒေသသည် နအဖ ထိန်းချုပ်နယ်မြေ ဖြစ်သည်ဟု ပြောဆိုလိုက်ပါသည်။

“၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတိုင်းထဲထည့်ထားတဲ့ သံလွင်အရှေ့ခြမ်း မက်မန်းမြို့နယ် ဆိုရင် လောလောဆယ်မှာတော့ စစ်အစိုးရထိန်းချုပ်နယ်မြေဘဲ။ အဲဒီဒေသတွေမှာအထွက်များတာ နအဖက စိုက်ခွင့်ပြုထားတာကိုး။ မိုင်းဆတ်၊ မိုင်းတုံမြို့ နယ်ဘက်ရောဘဲ စစ်အစိုးရ ကျောထောက်နောက်ခံပြုတဲ့ ပြည်သူ့စစ်အဖွဲ့ထိန်းချုပ်တဲ့နယ်မြေတွေမှာသာစိုက်တာ” - ဟု ပြည်တွင်းနေ သျှမ်းပြည်မူးယစ်စောင့်ကြည့်လေ့လာသူ တဦးက ပြောပါသည်။

UNODC ၏အစီရင်ခံစာတွင် ၂၀၀၉ မြန်မာနိုင်ငံ ဘိန်းစိုက်ဧက ဟက်တာ ၃၂၀၀၀ ခန့်ရှိလာသည့်အတွက် ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ၂၀၀၆ ဘိန်းစိုက်ရာသီနှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်းဖေါ်ပြ ထားပါသည်။

 

သျှမ်းပြည်ထွက် ဘိန်းမည်း

ထို့အပြင် နအဖ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ခုခံကာကွယ်ဖို့ ၀ ပြည်သွေးစည်းရေးတပ်မတော် လက်နက်ဝယ်ရန် မူးယစ်ဆေး ပိုမိုထုတ်ရောင်းလာသည်ဟုလည်းဖေါ်ပြထားပါသည်။

“အထူးဒေသ နယ်မြေတွေထဲမှာ ဘိန်းစိုက်ပျိုးမှုတော့လုံးဝ မရှိတော့ဘူး။ မစ္စတာ ဂယ်ရီလူးဝစ်စ်ကိုယ်တိုင် အဲကိစ္စလက်ခံ တယ်။ ဒါပေမယ့် သူတို့မစိုက်တော့ဘူးဆိုပေမယ့် အခြားဒေသကနေ ဓါတုဆေးတွေဝယ်လာပြီးချက်လုပ်တယ်။ နအဖ လက်အောက်ခံ ပြည်သူ့စစ်တွေက သယ်ယူပို့ဆောင်ရေးတာဝန်၊ စစ်အစိုးရကနေတဆင့် သွယ်ဝိုက်ပြီး လုံခြံုရေးယူပေး တာ တွေရှိတယ်။ မြန်မာနိုင်ငံမှာ ဘာလုပ်ငန်းမဆို နအဖ နဲ့ ကင်းတယ်ဆိုတာမရှိဘူး။”

မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချရေးလုပ်ငန်းဟူသည်မှာ ထုတ်လုပ်သူကိုယ်တိုင် သယ်ယူပို့ဆောင်ရောင်းဝယ်ခြင်း ထုံးစံမရှိကြောင်း ၀ယ်ယူမည့်သူကိုယ်တိုင်သာလျှင် ထုတ်လုပ်သည့်နယ်မြေတွင်း သွားရောက်သယ်ယူရကြောင်း အဆို ပါပုဂ္ဂိုလ်က ဆက်ပြောပြပါသည်။

“ထိုင်းနိုင်ငံထဲဝင်တဲ့ ဟီးရိုးအင်းတွေက စစ်အစိုးရလူဖြစ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ပစ္စည်းတွေများတယ်။ ၀ ပစ္စည်းတော် တော်များများက လောနိုင်ငံဘက်ဖြတ်တာ များတယ်” - ဟု မူးယစ်ကုန်သည်အသိုင်းအဝိုင်းက ပြောပါသည်။

ပြည်သူ့စစ်တပ်ဖွဲ့ထုတ်လုပ်သည့် ဟီးရိုးအင်းက မကျိုင်း (သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်) အဖွဲ့ထုတ်လုပ်သည့် ပစ္စည်းမှာ အကောင်းဆုံးကြောင်း၊ “ဘာဖြစ်လို့လဲဆိုတော့ လောဘက်မှာ ရာ ကီလိုနဲ့ချီပြီး ရောင်းဝယ်မှုရှိတယ်။ ထိုင်းဘက် က ဆို ဆယ်ကီလိုချီပြီး ရောင်းဝယ်ဒါသိပ်မရှိဘူး” - ဟု အဆိုပါ ကုန်သည်က သျှမ်းသံတော်ဆင့်သို့ဆက်ပြော၏။

၂၀၀၄ ဗိုလ်ချုပ်ကြီးခင်ညွန့်ရာထူးမှ ဖယ်ရှားခံရသည့်နောက်ပိုင်း အပစ်ရပ်ထက် ပြည်သူ့စစ်တပ်ဖွဲ့က အခွင့်ထူးပိုရလာ ကြောင်း၊ “ ပြည်သူ့စစ်ဆိုရင် နအဖရဲ့လူ၊ အပစ်ရပ်ဆိုရင် သူတို့ရဲ့ အနီးကပ်ရန်သူ၊ တိုက်ပွဲမနွဲသေးဘဲ အပစ်ရပ်ထား တာဘဲရှိတယ်” ဟု မှတ်ယူထားကြောင်း သျှမ်းပြည် မူးယစ်စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၀၆ ထုတ် Hand in Glove အစီရင်ခံစာတွင် ပါရှိသည်။

 

 

Most read this week