ရန်ကုန်တွင် ဒီဇယ်စျေး မြင့်တက်

ရန်ကုန်တွင် ဒီဇယ်စျေး မြင့်တက်
by -
နန်းဒေဝီ
ရန်ကုန်တိုင်းရှိ စက်သုံးဆီ ဒီဇယ်ဆီစျေးကွက်မှာ ၅ ရက်အတွင်း သိသာစွာ ထိုးတက်သွားကြောင်း ဒီဇယ်အရောင်း ကုမ္ပဏီတချို့က ဆိုသည်။ ပြီးခဲ့သည့် ၅ ရက်ခန့်က ဒီဇယ် ၅၀ ဂါလံဝင် တပေပါကို ကျပ် ၁ သိန်း ၃ သောင်း စျေးရှိ ...

နယူးဒေလီ (မဇ္စျိမ)။      ။ ရန်ကုန်တိုင်းရှိ စက်သုံးဆီ ဒီဇယ်ဆီစျေးကွက်မှာ ၅ ရက်အတွင်း သိသာစွာ ထိုးတက်သွားကြောင်း ဒီဇယ်အရောင်း ကုမ္ပဏီတချို့က ဆိုသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်က ဒီဇယ် ၅၀ ဂါလံဝင် တပေပါကို ကျပ် ၁ သိန်း ၃ သောင်း စျေးရှိရာမှ ယနေ့ပေါက်စျေး ကျပ် ၁ သိန်း ၅ သောင်းခန့်အထိ ကျဆင်းသွားကြောင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်စျေးရှိ ဒီဇယ်အရောင်း ကုမ္ပဏီ တချို့က ဆိုသည်။

“လက်လီစျေး တဂါလံက ၃ဝဝဝ (ကျပ်) စျေးရှိတယ်။ လွန်ခဲ့တဲ့ ၅ ရက်က ၂၆ဝဝ ပါ။ ဘာကြောင့် တက်တယ်ဆိုတာ မသိဘူး” ဟု ဘုရင့်နောင် ဒီဇယ်အရောင်း ကုမ္ပဏီတခုက မဇ္စျိမကို ပြောသည်။

မရမ်းကုန်းမြို့ရှိ ကားအင်ဂျင်ပြင်သည့် ဝင်းမြဆိုင်တွင် ကားအင်ဂျင်ပြုပြင်ရန် ယမန်နေ့က ဒီဇယ်ဆီ တပေပါကို ကျပ် ၁ သိန်း ၅ သောင်း ၂ ထောင် စျေးနှုန်းပေးခဲ့ရကြောင်း သိရသည်။

ဘုရင့်နောင်စျေးက အလင်းရောင်ဆီဆိုင် တာဝန်ရှိသူ တဦးကမူ “ကုမ္ပဏီက စျေးတက်လိုက်တာပါ။ ကျမတို့က တဆင့်ရောင်းဆိုတော့ သူတို့စျေးတင်ရင် ကျမတို့ကလည်း စျေးနည်းနည်း တင်ရတာမျိုးတော့ ရှိတယ်” ဟု ပြောသည်။

၎င်းဆိုင်တွင် ဒီဇယ်ဆီ တဂါလံကို လက်လီစျေး ကျပ် ၃ဝဝဝ ရှိသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်း အင်ဂျင်ဝိုင်စျေးနှုန်းမှာ လက်လီရောင်းစျေး ယခင် ကျပ် ၅၅၀၀ စျေးနှုန်းရှိရာမှ  ယနေ့ပေါက်စျေး ကျပ် ၅ဝဝဝ အထိ ကျဆင်းသွားသည်။ ။

ယခုလို အပြင် ဒီဇယ်စျေးနှုန်းများ ထိုးတက်သွားသော်လည်း အစိုးရစျေးနှုန်းမှာ ယခင်အတိုင်း တဂါလံလျှင် ကျပ် ၃ဝဝဝ နှင့် FEC ၂ ဒဿမ ၉ ဒေါ်လာသို့ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ အစိုးရ ဒီဇယ်အရောင်းဆိုင်က တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)