အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဥပေက္ခာပြုသည့် အစိုးရအား စုံစမ်းစစ်ဆေးရန် WLB တောင်းဆို

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဥပေက္ခာပြုသည့် အစိုးရအား စုံစမ်းစစ်ဆေးရန် WLB တောင်းဆို
by -
ကို(၂)
မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေခြင်းများအပေါ် ဥပေက္ခာပြု ပစ်ပယ်နေခြင်း များကို အမြန်ဆုံးစုံစမ်း စစ်ဆေးပေးရန် နိုင်ငံတကာ အမျိုးသမီးများနေ့ ...

မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေခြင်းများအပေါ် ဥပေက္ခာပြု ပစ်ပယ်နေခြင်း များကို အမြန်ဆုံးစုံစမ်း စစ်ဆေးပေးရန် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် ကုလသမဂ္ဂကိုယ်စားလှယ်များကို ယနေ့တွင် တောင်းဆိုလိုက်ပါ သည်။

“တိုင်းရင်းသားအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဖြင့် ရာဇဝတ်မှုများ အစီအစဉ်ချ ကျူးလွန် နေခြင်းအပေါ် အဓိကတာဝန်ရှိ စစ်ခေါင်းဆောင် များကို နိုင်ငံတကာရာဇဝတ်မှုတရားခုံရုံးတွင် အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပရှိ တရားမျှတမှုအပေါ် အလေးပေး ရပ်တည် လျှက်ရှိသော အင်အားစုအားလုံးနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

တိုင်းရင်းသားအမျိုးသမီးများအပေါ် လိင်ပိုင်းအကြမ်းဖက်မှုအပြင် အစိုးရတပ်များသည် စစ်မြေပြင်တွင်းမှာလည်း အမျိုးသမီးများကို အသုံးပြုလာခြင်းများရှိသည်။

အစိုးရတပ်မှ လက်နက်ကိုင်အဖွဲ့အစည်းတဖွဲ့ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခံရတိုင်း ရွာသားများကို လူကြီးလူငယ်မရွေး၊ ကျား၊မ မရွေး၊ ညှင်းပမ်းနှိပ်စက်လေ့ရှိပြီး ပေါ်တာဆွဲခေါ် သည့်အပြင် လမ်းပြအဖြစ်လည်း အသုံးပြုခြင်းများရှိကာ ကရင်နီပြည်နယ် အမှတ် ၂ခရိုင်အတွင်း ကရင်နီစစ်တပ်၏ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ရွာထဲမှအမျိုးသမီး ၂ ဦးကိုခေါ်ဆောင်သွားပြီး လမ်းပြအဖြစ်အသုံးပြုခံခဲ့ဖူးသည်။  

၂၀၀၉ ခုနှစ် ဇွန်လ အစောပိုင်းတုန်းကလည်း စစ်အစိုးရတပ်နှင့် လွတ်လပ်သော ကရင်ဗုဓ္ဒဘာသာတပ်မတော် (ဒီကေဘီအေ) တို့ ကေအဲန်ယူကို ထိုးစစ်ဆင်ခဲ့စဉ်တွင် ဒုက္ခသည်အဖြစ် ထိုင်းနယ်စပ်သို့ ထွက်ပြေးလွတ်မြောက် လာသူများထဲတွင် နို့စို့အရွယ် ကလေးငယ်များအပါအဝင် ကိုယ်ဝန်ဆောင်မိခင် အယောက် (၂၀) ခန့် ပါဝင်သည်ဟု ကရင်အမျိုးသမီး (ကေဒဗလျူအို)က ပြောသည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ၁၆ရက်နေ့မှ ၂၆ရက်နေ့ထိ ပြုလုပ်နေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ညီလာခံသို့တက်ရောက်လာသည့် ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) အဖွဲ့သည် မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက် မှုများကို ဆွေးနွေးတင်ပြ ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ကို ၁၉၉၉ခုနှစ် ကျင်းပသော ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မျက်နှာစုံညီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နို၀င်ဘာလ ၂၅ ရက် နေ့ကို နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။