ဟိုမိန်းမြို့နယ်ခွဲ သျှမ်းနှစ်သစ်ကူးပွဲတော် ပြပွဲ၌ သျှမ်းပြည်တပ်မတော်ထံမှသိမ်းဆည်းရမိသည့် လက်နက်များအဖြစ် စစ်ဗျူ ဟာမှူးရုံးရှေ့တွင် ခင်းကျင်းပြသကြောင်း ဟိုမိန်းဒေသခံများ ပြောပြချက်အရ သိရပါသည်။
“နိုဝင်ဘာလဆန်းပိုင်းတိုက်ပွဲတုန်းက သျှမ်းပြည်တပ်မတော်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်တွေဆိုပြီး ပြသထားတယ်၊ တကယ်ဟုတ်လား မဟုတ်လားတော့မသိဘူး။” - ပွဲတက် ပရိသတ်တစ်ဦးက ပြောပြပါ သည်။
နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ဟိုမိန်းမြို့ သျှမ်းနှစ်သစ်ကြိဆိုပွဲ ကျင်းရာ ဟိုမိန်းမြို့ နောက်ခံသမိုင်းကြောင်း ကို ပြသ ခဲ့သော် လည်း ခွန်ဆာလက်နက်ချစဉ် ဓါတ်ပုံများပြသထားခြင်းမရှိကြောင်း ဆို၏။
“သူတို့ပြောတာကတော့ ရှေ့တန်းတက် သျှမ်းပြည်တပ်မတော် စစ်ကြောင်းတခု သံလွင်အရှေ့ခြမ်းတနေရာမှာ အစောင့် ချမထားဘဲ ဖြစ်သလိုစခန်းချထားတယ်၊ အရာရှိက လွှဲတန်းနဲ့ အိပ်ပျော်နေတယ်။ အဲဒီအချိန်မှာ လူအင်အား ၈ ယောက် လောက်ရှိတဲ့ ဗမာ့တပ်မတော် စစ်ကြောင်းက ၀င်ရောက်တိုက်ခိုက်လို့ရလာတဲ့ သေနတ်တွေ၊ ကျောပိုး အိပ်တွေ၊ လို့ပြော တယ်။ ကျနော့်အထင်တော့ လန်ကြတ်ဘဲ” - ဟု အခြားပွဲတက်ပရိသတ်တဦးကလဲပြော၏။
ဟိုမိန်းသျှမ်းနှစ်ကူးပွဲတော်သည် ခွန်ဆာဦးဆောင်သည့် MTA ခေါ် မုန်တိုင်းတပ်မတော် လက်နက်ချချိန်မှစ၍ နှစ်သစ်ကူးပွဲ ဆက်တိုက်ကျင်းပလာခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ကြီးကြီးကျယ်ကျယ်မကျင်းပခဲ့ကြောင်း၊ ပရိသတ် ထောင်ချီ ပွဲတက် ရောက်ကြောင်း၊ ဗျူဟာမှူး ဗိုလ်မှူးကြီး တင်ထွန်းနိုင်ပါ သျှမ်းဝတ်စုံနှင့် တက်ရောက်အားပေးကြောင်း မြို့ခံများက ပြောပါ သည်။
သျှမ်းပြည်အနှံ့မြို့အတော်များများ၌ သျှမ်းနှစ်သစ်ကူးပွဲ လွတ်လွတ်လပ်လပ်ကျင်းပခွင့်ြုပခြင်းမှာ နအဖစစ်အုပ်စုကျော ထောက်နောက်ခံပါတီ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် မဲဆွယ်စည်းရုံးခြင်းလည်းဖြစ်နိုင်ကြောင်း၊ “ဟိုမိန်း နှစ်သစ် ပွဲမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး တင်ထွန်းနိုင် ကိုယ်တိုင်က ကျပ်ငွေတသိန်းကျော်ထည့်ဝင်ကူညီတယ်”- ဟု ဟိုမိန်းမြို့ခံ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
သျှမ်းသက္ကရာဇာ်၂၁၀၄ နှစ်သစ်ကြိဆိုပွဲ သျှမ်းပြည်အနှံ့တောရောမြို့ပါအောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ် များကမူ ပွဲကော်မတီဝင်များ၊ အဆိုတော်များအားဖမ်းဆီးချုပ်နှောင်ထောင်ချမှုရှိခဲ့ကြောင်း - လားရှိုးမြို့ခံတစ်ဦးကပြော ပါသည်။