သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် အခြေပြုထားသော ဦးမထုနော် ခေါင်းဆောင် သည့် ကချင်ကာကွယ်ရေးတပ် ခေါ် KDA အဖွဲ့အား ကောင်းခါးပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်း လျှက်ရှိကြောင်း သိရသည်။
ယခုနှစ် ဧပြီလ ၂၈ ရက်နေ့ကစတင်၍ လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အားလုံး နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်းလဲဖွဲ့ စည်းရန် အဆိုပြုထားခဲ့ရာ နယ်စပ်ဒေသများတွင် အခြေပြုထားသည့် အဖွဲ့အစည်းများက နယ်ခြားစောင့်တပ်ဖွဲ့စည်းရ မည်ဖြစ်ပြီး အတွင်းပိုင်းရှိအဖွဲ့များက ယခုလို ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းနေကြခြင်းဖြစ်သည်။
နအဖစစ်အာဏာပိုင်များထံ ကေဒီအေအဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား ၈၀၀ ကျော်စာရင်းတင်ထားသည့် အနက်မှ အင်အား ၄၀၀ ကျော်ခန့်အား ကောင်းခါး ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ဟူ၍ ပြည်သူ့စစ် ၅ ဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းအဖွဲ့နှင့်နီးစပ် သူများ ထံမှ သိရသည်၊၊
ထိုသို့ဆိုလျှင် တစ်ဖွဲ့လျှင် အင်အား ၉၀ ၀န်းကျင်ခန့်ပါ၀င်နိုင်ပြီး ကျန်အင်အားများအား အခြားအမည်များဖြင့်ဖွဲ့ စည်းနိုင်ကြောင်း တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည် ၊၊
“စာရင်းတင်ထားတာ ဂဝဝ ရှိတယ်လို့သိရတယ် ၅ ဖွဲ့ဆိုတော့ အင်အားက ၉၀ ၀န်းကျင်လောက်တော့ရှိမှာပေါ့သူတို့ပေး တာကတော့ ၃ ချိုး ၁ချိုးပဲပေးတယ် ကျန်တဲ့အင်အားတွေကိုတော့ အခြားအမည်တွေနဲ့ ထပ်ဖွဲ့နိုင်တယ်” လို့ သူကပြော သည်။
အလားတူ နိုဝင်ဘာ ၁၄ ရက်နေ့က လားရှိုးမြို့တွင် နအဖစရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတွင်း ပိုင်း၌ အခြေ ပြုထားသော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့တို့ဆွေးနွေးရာတွင် ၄င်းအဖွဲ့က ပြည်သူ့စစ် ဖွဲ့စည်းရန် အင်အား ၂၀၀ စာရင်းတင်ခဲ့ကြောင်း သိရသည်။
နအဖက သျှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့အား သျှမ်းပြည်အလယ်ပိုင်း နမ့်လန် ၊ ကာလိ နှင့် မြောက်ပိုင်းရှိ ရွှေလီ ချိုင့်ဝှမ်း ဒေသ ၃ နေရာတွင် အင်အားအနည်းငယ်ကိုသာ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခွင့်ပြုထားကြောင်း သတင်း ရရှိသည်။
ရွှေလီချိုင့်ဝှမ်းဒေသဟုခေါ်သော မူဆယ် ၊ နမ့်ခမ်း ၊ ကြူကုတ်-ပန်ဆိုင်း ဒေသများတွင် ၎င်းအဖွဲ့မှ မူလရှိရင်း အင်အား ၁၃၀ ၀န်းကျင်ရှိသော်လည်း အင်အား ၃၀ ခန့်သာ ပါ၀င်ဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း အကဲခတ်တို့က ဆို သည်။
တရုတ်နယ်စပ် လက်နက်ကိုင်အဖွဲ့များတွင် ကိုးကန့်အဖွဲ့ နှင့် ကချင်ဒီမိုကရေစီသစ်တပ်မတော် တို့သည် နယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
ထိုအဖွဲ့နှစ်ခုတို့၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံများကို နှိုင်းယှဉ်လေ့လာပါက တစ်ဖွဲ့နှင့်တစ်ဖွဲ့ အခွင့်အရေးတန်းတူရရှိခြင်းမရှိသည်ကို တွေ့နိုင်ကြောင်း ၎င်းင်းအရေး လေ့လာသူများကဆိုသည်။
ကချင်ဒီမိုကရေစီသစ်တပ်မတော်သည် အင်အား ၄၀၀ ၀န်းကျင်သာရှိသော်လည်း နယ်ခြားစောင့်တပ်ရင်း ၃ ရင်းအထိ ဖွဲ့စည်းခွင့်ရခဲ့ပြီး အင်အား ဂဝဝ ခန့်ရှိသည့် ကိုးကန့်အဖွဲ့သည် နယ်ခြားစောင့်တပ်ရင်းတစ်ရင်းသာ ဖွဲ့ခွင့်ရခဲ့သည်။
ကချင်ကာကွယ်ရေးတပ်မတော်သည် သျှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ထက်စာလျှင် အင်အားနည်းသော်လည်း ပြည်သူ့ စစ်အဖွဲ့ ၅ ဖွဲ့အထိ ဖွဲ့စည်းခွင့်ရနေသည်။
ကချင်ဒီမိုကရေစီသစ်တပ်မတော်နှင့် ကချင်ကာကွယ်ရေးအဖွဲ့တိုု့သည် နအဖအလိုကျ ကျောထောက်နောက်ခံပြုထားခံရ သည့် အထူးလုပ်ပိုင်ခွင့်ရ စီးပွားရေးအဖွဲ့အစည်းများအဖြစ် လေ့လာသူများက ရှုမြင်ထားကြသည်။