ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ရွေးကောက်ပွဲ မရောက်မီ ကွန်ပျူတာတက္ကသိုလ်ကျောင်း အပြီးဆောက်ရန် တည်ဆောက်ရေး လုပ်ငန်းပိုင်းမှ အရာရှိများက စီမံကိန်း ချမှတ်ထားသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် မတိုက်နိုင်အောင် စီမံကိန်းများအားလုံးကို အလုပ်မရှုပ်စေချင်ဘဲ ထိုအချိန်ရောက်လျင် အေးအေးဆေးဆေး လှလှပပဖြင့် ပြည်သူများ၊ ကျောင်းသားများ ရှေ့မှောက်တွင် အဆင်သင့် ဖြစ်စေချင်သည့် အတွက်ကြောင့် ဖြစ်သည်ဟု သတင်း ရရှိပါသည်။
ထို့ကြောင့် ကွန်ပျူတာတက္ကသိုလ် အဆောက်အဦး စီမံကိန်း ပြီးစီးနိုင်ရေးအတွက် ဆောက်လုပ်ရေး အင်ဂျင်နီယာ ပညာရှင်များနှင့် ဒေသခံနေ့စား အလုပ်သမားများက အပူတပြင်း ဆောက်လုပ်နေကြသည်။
“နေရောညပါ မနားပဲ မြန်မြန်ပြီးနိုင်အောင် အချိန်ပြည့် အလုပ်လုပ်ကြတယ်” ဟု အလုပ်သမား တစ်ဦးက ပြောသည်။
ကွန်ပျူတာတက္ကုသိုလ် ကျောင်းဆောင်သစ်ကို လွိုင်ကော်မြို့နယ် ချိကယ်အုပ်စု ထျေးသမကျေးရွာမြောက်ဘက် လေယာဉ်ကွင်း အရှေ့တွင် တည်ဆောက်ထားသည်။
ကရင်နီပြည်နယ်တွင် လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းကို ဖွင့်လှစ်ပြီး ဖြစ်သည်။