ညဂျူတီကျ သူနာပြုဆရာမများအတွက် ငွေပေးရ

ညဂျူတီကျ သူနာပြုဆရာမများအတွက် ငွေပေးရ
လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ညဂျူတီကျ သူနာပြုဆရာမများအား လုပ်အားခအတွက် လူနာများက သီးသန့် ငွေးပေးနေရသည်ဟု ကိုယ်တိုင်တွေ့ကြံုရသူများက ပြော ...

လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ညဂျူတီကျ သူနာပြုဆရာမများအား လုပ်အားခအတွက် လူနာများက သီးသန့် ငွေးပေးနေရသည်ဟု ကိုယ်တိုင်တွေ့ကြံုရသူများက ပြောသည်။

လုပ်အားခအတွက် ဆေးရုံလာတက်သော လူနာတိုင်းမှ ငွေတစ်ထောင်ကျပ်စီ ပေးဆောင်ရခြင်းဖြစ်သည်။

“ညတာဝန်ကျတဲ့ ဆရာမတွေအတွက်မုန့်ဖိုး ဆိုပြီး တစ်ထောင်တောင်းလို့ ပေးရတယ်လေး” ဟု ဆေးရုံတက်သော လူနာတစ်ဦးက ပြောသည်။

လူနာအများစုသည် ဆေးရုံကို အနိုင်နိုင်လာရောက်ကုသမှု ခံယူရကာ ဆေးဖိုးကိုပင် မတတ်နိုင်ကြသည့် သူများဖြစ်ပြီး အထူးခန်းနှင့် အထူးသူနာပြုဆရာမများကို မငှားနိုင် သည့်အပြင် ထိုသို့ လုပ်အားခအတွက် ကိုလည်း မတတ်နိုင်ကြပါဟု နယ်ဝေးမှ ဆေးရုံလာတက်သော လူနာတစ်ဦးက ပြောသည်။

၎င်းက“ဆေးဝယ်လို့ ကုန်သွားတာ ညကြတော့ ဘေးနားက လူနာရှင်ဆီမှာ ငွေချည်းပြီး ပေးလိုက်တယ်” ဟု ဆက်ပြောသည်။

ထိုသို့ ညဂျူတီကျဆရာမများအတွက် ညတိုင်းကောက်ခံခြင်း မရှိသော်လည်း လူနာများသည့် နေ့မျိုးတွင် ကောက်ခံလေ့ရှိပြီး၊ သက်ဆိုင်ရာဆေးရုံအုပ်လူကြီးများက ကောက်ခံခိုင်းခြင်းဟုတ် မဟုတ်မသိရကြောင်း ဟုဆိုသည်။

သူနာပြုဆရာမ တစ်ဦး၏လစာမှာ တလလျင် ၃သောင်းကျပ်မှ ၄သောင်းကျပ်အထိရှိပြီး ထိုငွေကြေးပမာဏသည် သူနာပြုတဦးတည်း၏ တစ်လတာ စားဝတ်နေရေးပင် မလုံ လောက်ကြောင်း သိရှိရသည်။