ကရင်နီပြည် လွိုင်ကော်နှင့် ဒီမောဆိုမြို့တို့တွင် ရေသန့်သုံးစွဲသူနည်း လာသောကြောင့် သောက်ရေသန့် လုပ်ငန်းကုမ္ပဏီများမှ ၀န်ဆောင်မူ အားနည်းလာသည်။
“အရင်တုန်းကတော့ ဒီဘက်ထိ အမြဲတမ်း ပို့ဆောင်ပေးနေပါတယ်။ ခုတော့ ဆိုင်တွေမှာ သွားမှာရင်လည်း ဆိုင်မှာလည်းပြတ်နေတယ်” ဟု ဒီမောဆိုမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။
သုံးစွဲသူများက ရေသန့်တစ်ဗူးဖိုးပေးရမည့် ငွေငါးရာကျပ်ကို မသုံးစွဲနိုင်တော့သောကြောင့် ၀ယ်သုံးသူ နည်းပါးလာကာ ၀န်ဆောင်မူ အားနည်းရခြင်းဖြစ်သည်။
“ရေသန့်ကို သိပ်မဝယ်တော့ဘူး။ မဝယ်နိုင်တော့ ရေကိုဘဲကြိုချက်သောက်ကြတော့တာ။ ဒီလိုနည်းနည်းပဲမှာတဲ့ ဒေသဘက်တွေကိုတော့ သွားလာရတာ မကိုက်ဘူးလေး” ဟု ရေသန့်ပို့ဆောင်နေသော ၀န်ထမ်းများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
အဓိကခြံနှင့် လယ်ယာလုပ်ငန်းများကို အမှီတဟဲပြုနေကြရသော ကရင်နီဒေသခံများမှာ ခြံထွက်သီးနှံများ အရောင်းမထွက်ခြင်းနှင့် ဒေသတွင်း အခွန်ကောက်ခံမှုများ သည်လည်း အများပြားရှိနေခြင်းတို့ကြောင့် ငွေရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။