တရုတ်နယ်စပ်မှ ခရီးသည်တင်လိုင်းကားများ နေ့စဉ် ဗမာစစ်တပ် ချောလိုက်နေရ

တရုတ်နယ်စပ်မှ ခရီးသည်တင်လိုင်းကားများ နေ့စဉ် ဗမာစစ်တပ် ချောလိုက်နေရ
ဗမာစစ်တပ်၏ နေ့စဉ်လိုအပ်သမျှ  အလုပ်များတွင် အရံသင့်အသုံးပြုနိူင်ရန်အတွက် တရုတ်နယ်စပ်ခရီးသည်တင် လိုင်းကားများက တစ်ရက်တစ်စီးနှုန်း အလှည့်ကျစနစ်ဖြင့်  ချောလိုက်နေရကြောင်း သိရ ...

ဗမာစစ်တပ်၏ နေ့စဉ်လိုအပ်သမျှ  အလုပ်များတွင် အရံသင့်အသုံးပြုနိူင်ရန်အတွက် တရုတ်နယ်စပ်ခရီးသည်တင် လိုင်းကားများက တစ်ရက်တစ်စီးနှုန်း အလှည့်ကျစနစ်ဖြင့်  ချောလိုက်နေရကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော  ဗန်းမော်-လွယ်ဂျယ် လမ်းအတိုင်း ပြေးဆွဲ နေသည့် ခရီးသည်တင်လိုင်းကားများက လွယ်ဂျယ်မြို့ အခြေဆိုက် ဗမာစစ်တပ်စခန်း အတွက် ယခုလိုချော လိုက်နေရခြင်းဖြစ် သည်။

စစ်တပ်မှထိုသို့ နေ့စဉ်ချောခေါ်ရာတွင်  အခကြေးငွေနှင့်နေ့တွက်ခများ မပေးသည့်အပြင်  ပျက်ကွက်မှု တခုခု ရှိပါက ကားလိုင်း အသင်းတစ်ခုလုံးအား အပြစ်ပေးအရေးယူကြောင်း ဗန်းမော်-လွယ်ဂျယ် လှိုင်းကားသမား တစ်ယောက်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရှေ့တန်းရုံးသုံးဖို့တစ်ရက်တစ်စီး အဆင်သင့်စောင့်ပေးရတာမျိုးပေါ့ဗျာ ဘယ်သွားချင်လိုက်ပို့ ဘယ်သွားချင် လိုက်ပို့ သူကနေ့တိုင်းဝင်ရတာပဲ တစ်ရက်တစ်စီးအလှည့်ကျနဲ့ ဘာမှမပေးဘူး ဒီအတိုင်း ဖရီး (free) ခိုင်းတာ ပဲလေ ဘယ်လို အခွင့်အရေးရှိလည်း ဆိုတော့ တရုတ်ပစ္စည်းတွေတင်တဲ့အခါကျတော့ သိပ်မပြောတာပါပဲ ပိုက်ဆံ ကတော့ ပေးရတယ် ဒါပေမဲ့မဖမ်းဘူး မဆီးဘူးပေါ့ဗျာ ” လို့ ကားသမားက ပြောသည်။

လွန်ခဲ့သည့် လပိုင်းလောက်က ကားသမားဘက်မှ ပျက်ကွက်မှုရှိ၍ ကားလှိုင်းတစ်ခုလုံး အပြစ်ပေးခံရပုံကို ဆက် ပြောရာတွင် “တစ်နေကုန်စောင့်နေရတာ လွန်ခဲ့တဲ့တစ်လကျော်လောက်က ချောသွားပေးတယ်ဗျာ ကားကတော့စစ်တပ် ရှေ့တန်းရုံးမှာရှိတာပေါ့ လူကအပြင်သွားလိုက်တာ ဖုန်းဆက်တော့လည်း ဖုန်းကပိတ်ထားတော့ ခေါ်လို့ မရဘူး ကားက ဘာမှလုပ်လို့မရတော့ဘူးပေါ့ အဲဒီအခါကျတော့ ကားလှိုင်းတစ်ခုလုံးကို မင်းတို့ လှိုင်းမဆွဲရဘူး ဆိုပြီးပိတ်လိုက် တော့ သူတို့မသွားခိုင်းရင် သွားလို့မရဘူးပေါ့ဗျာ” လို့ သူက ဆက်ပြောသည်။

ချောကား သမားများက စစ်တပ်အတွက် ပုံမှန်သွားရသည့် အလုပ်မရှိပဲ ကြံုရာကျဘမ်း ခိုင်းသည့် နေရာသွားရကြောင်း သိရသည်။

“အဲဒါကတော့ပုံမှန်တော့မရှိဘူးပေါ့ သူတို့ရဲဘော် တစ်ယောက် ဖျားတယ် ဆေးရုံလိုက်ပို့ပါဆို လိုက်ပို့ရတယ်တပ်က လူကြီး ဘယ်သွားချင်ဟိုသွားချင် ဟိုဟာတင် ဒီဟာတင်ပေါ့ဗျာ အထွေထွေပေါ့ အဆင်သင့်စောင့် ပေးနေ ရတာပေါ့ လုပ်ငန်းဘာမှမရှိလည်း တစ်နေကုန်စောင့်နေရတာ ” လို့ ဆိုသည်။

ဗန်းမော်-လွယ်ဂျယ် ခရီးသည်တင် ကားလိုင်း (၃) လိုင်းရှိပြီး မကြာသေးခင်က ဗင်ကားလိုင်းတစ်လှိုင်း ထပ်မံတိုးလာ ကြောင်းသိရသည်။

ယခုလို အလှည့်ကျ တစ်ရက်တစ်စီးနှုန်း ဗမာစစ်တပ်အတွက် ချောလိုက်ပေးရခြင်းမှာ ကားသမားများအတွက် အမြဲတမ်း နှင့်ပုံမှန်ဖြစ်စဉ် တစ်ခုလိုဖြစ်လျှက်ရှိကြောင်း ကားသမားများက ပြောသည်။