နယ်စပ်တပ်တိုးလာနေချိန်တွင် နယ်ခြားစောင့်တပ်များ ဆွေးနွေး

နယ်စပ်တပ်တိုးလာနေချိန်တွင် နယ်ခြားစောင့်တပ်များ ဆွေးနွေး
by -
ငြိမ်းချမ်း
ဘင်္ဂလား-မြန်မာနယ်စပ်တွင် နှစ်ဘက် စစ်အင်အားများ တိုးချဲ့ချထားချိန်တွင် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များမှ တပ်ခွဲမှူးအဆင့် အစည်းအဝေးကို ပြုလုပ်ခဲ့ ...

ဒါကာ (မဇ္ဈိမ)။      ။ဘင်္ဂလား-မြန်မာနယ်စပ်တွင် နှစ်ဘက် စစ်အင်အားများ တိုးချဲ့ချထားချိန်တွင် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များမှ တပ်ခွဲမှူးအဆင့် အစည်းအဝေးကို ပြုလုပ်ခဲ့သည်။

ဂေါင်းဒုံးဒေသ နှစ်နိုင်ငံ နယ်စပ်မျဉ်းတွင် ယခုလ ၁၂ ရက်နေ.က ၂ နာရီခန့် ကြာ ပြုလုပ်သော ဆွေးနွေးပွဲသို့ မြန်မာဘက်မှ အမှတ် (၃) နယ်စပ် စိစစ်ရေးနှင့် ကွပ်ကဲရေးမှ နယ်မြေမှူး  ဗိုလ်မှူးကြည်လှိုင် ဦးဆောင်ပြီး ဘင်္ဂလာဒေ့ရှ်ဘက်မှ ကော့စ်ဘာဇာအခြေစိုက် အမှတ် (၁၇) ရိုင်ဖယ်  လက်အောက်ခံ ဂေါင်းဒုံးနယ်ခြားစောင့်တပ် တပ်ခွဲမှူး ဗိုလ်မှူး မော်ဟီးရ်အုဒိန်းတို့ ဦးဆောင်တက်ရောက်ခဲ့သည်။

အစည်းအဝေးအပြီး ဘင်္ဂလား နယ်ခြားစောင့်တပ်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် “မြန်မာနယ်ခြားစောင့်တပ် နှင့် မိမိတို့ ရင်းရင်းနှီးနှီးပဲ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။” ဟု ပြောကြား သွားသည်။

မြန်မာစစ်တပ်များ နယ်စပ်သို.ရောက်ရှိနေခြင်း အကြောင်းနှင့် ပတ်သက်ပြီး “တပ်အင်အား ချထားတာကတော့ နယ်ခြားခြံစည်းရိုး ကာရန်တဲ့ လုပ်ငန်းတွေကို ကြီးကြပ်ဖို့အတွက် ဖြစ်ပြီးတော့၊ နယ်စပ်ဖြတ်ကျော်တဲ့ ရိုဟင်ဂျာတွေ တရားမဝင် အကူးအသန်း လုပ်နေတာတွေကို ကာကွယ်လိုတာကြောင့် ဒီ ခြံစည်းရိုး ကာရတာပါလို့ မြန်မာဘက်က အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့ပါတယ်” ဟု နယ်ခြားစောင့်တပ် BDR အရာရှိမှ သတင်းထောက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း The Dainik Bazaar ကရေးသား ဖေါ်ပြသည်။

တချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် စစ်အင်းအား ရ၀၀ ကျော်ကို ယမန်နေ့က နယ်စပ်၏ အနောက်တောင်ဘက် ကီလိုမီတာ ၈၀ ခန့် အကွာတွင် နေရာခွဲကာ တပ်စွဲထားသည်။

ဘင်္ဂလာစစ်တပ်နှင့် BDR တပ်ဖွဲ.ဝင်များ ပူးပေါင်းကာ တက္ကနာမြို.အတွင်း နတ်မြစ် ကမ်းနဘေးတလျှောက်ရှိ အချက်အခြာကျသော တောင်ကုန်းနှင့် ကမ်းခြေများတွင် ကတုတ်ကျင်းများ တူးနေကြောင်းလည်း ကိုယ်တိုင် မြင်တွေခဲ့ရသူ တက္ကနာမြို.ခံတဦးက ပြောသည်။

Most read this week