စုစည်းရွာတွင် နေထိုင်ရသည့် ကရင်ရွာသားများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ရ

စုစည်းရွာတွင် နေထိုင်ရသည့် ကရင်ရွာသားများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ရ
by -
နွယ်လေး
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ စုစည်းကျေးရွာတွင် နေထိုင်ကြသည့် ရွာသား နှစ်ထောင်ကျော် အား တိုး တက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေက)က ရွာပြင်ထွက်ခွင့် ကန့်သတ်ထား ...

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ စုစည်းကျေးရွာတွင် နေထိုင်ကြသည့် ရွာသား နှစ်ထောင်ကျော် အား တိုး တက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေက)က ရွာပြင်ထွက်ခွင့် ကန့်သတ်ထားသဖြင့် စားဝတ် နေရေး အခက်အခဲများ ရင်ဆိုင်နေကြရသည်။

လယ်ယာ ခြံမြေလုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကရင်ရွာသားများသည် ကျေးရွာ(၆)ရွာကို တစ်ရွာတည်းတွင် စုစည်းနေရသဖြင့် အခက်အခဲနှင့် ကြံုတွေ့နေကြရသည်ဟု ကရင် လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့မှ စော မော်လောက ယခုလို ပြောသည်။

“ဘယ်နှစ်နာရီတွင်း အရောက်ပြန်လာပါ အဲလိုတွေလေ။ အပြင်လည်း ထွက်ခွင့်မပေးဘူးလေ။ တနေ့ လုပ်တနေ့စား စားဝတ်နေရေးက အခက်အခဲ ဖြစ်တာပေါ့။ ဒါကြောင့် မောင်းထုတ်ခံရတဲ့ ရွာသားတွေ က သူတို့ ပြန်ထွက်လာချင်တယ် ရမရ။ သူတို့ပြန်လာချင်တဲ့အကြောင်း နေလို့ မရတော့ဘူး။ နေလို့ မ ဖြစ်တော့ဘူး။”

ပြီးခဲ့သည့် မေလ မှ စက်တင်ဘာလအထိ ယင်းကျေးရွာ (၆)ရွာကို တပါယ်ဖားမြောက်ပိုင်း ရှိ ကေအဲန်ယူ လက် အောက်ခံ တပ်မဟာ (၅) ထိန်းချုပ်မှုနယ်မြေအောက်မှ အဆက်ပြတ် စေရန် ရည်ရွယ်ချက်ဖြင့် ရွာသားများကို တစ်ရွာတည်း စုစည်းနေစေခြင်းဖြစ်သည်ဟု စောမော်လော က ပြောသည်။

“မောင်းတာက ဒီကေဘီအေ ပေါ့။ ရွာသားတွေရှိတဲ့ ၀ါးတွေ သစ်တွေနဲ့ကိုယ့်အိမ်ဆောက် အဲလိုပဲလိုက် နေ တယ်လေ။ သိရသလောက်တော့ သူတို့လဲ ခဏတဖြုတ်ပါဆိုတဲ့ ပုံစံထင်ပြီး အကုန်သွားလိုက်တာ လို့ သိရတယ်။ ရွာခြောက်ရွာမှာ အိမ်ခြေ တစ်ရာကျော်ပြီး လူဦးရေ ၂၀၀၀ လောက်ရှိမယ်”

ကမမောင်း-ဖားပွန် ကားလမ်းပေါ်ရှိ  ကရင်ကျေးရွာပေါင်း (၆) ရွာကို တပါယ်ဖားကျေးရွာ တခုတွင် ပြောင်းရွှေနေ စေသဖြင့်အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ရွာသားများက နေရပ်ရင်း ပြန်နိုင်ရန်အတွက် ကေအဲန်ယူ၏ အုပ်ချုပ်ရေး တာဝန်ရှိသူထံ ယခုရက်ပိုင်းတွင် အကူညီတောင်းခံနေသည်။

မြန်မာစစ်အစိုးရ တပ်များ ခြေကုတ်ယူထားသည့် ဒေသအခေါ် မယ်မွဲအနီး ဖာပွန်တောင်ဘက် ကမမောင်း မြောက်ဘက်ရှိ တပါယ်ဖားရွာကို ၁၉၉၇ ခုနစ်တွင် မြန်မာစစ်တပ်မှ တစ်ကြိမ် မြေလှန် စစ်ဆင်ရေးပြုလုပ်ခဲ့ဖူးပြီး နောက်ပိုင်း ယခု ၂၀၀၉ ခုနှစ်တွင်လည်း ၎င်းအနီးရှိ ကျေးရွာများကို မောင်းထုတ် ခြင်းဖြစ်သည်။

ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေ တပ်မဟာ(၅)နယ်မြေအနီးရှိ ကရင်ကျေးရွာ ပတ်ဝန်းကျင်တွင် မြန်မာတပ်နှင့် ဒီကေဘီအေ တပ်များ ပိုမိုသွားလာ လှုပ်ရှားသဖြင့် ကေအဲန်ယူနှင့် မကြာခဏ ပြောက်ကျား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

စက်တင်ဘာလကုန်ပိုင်းမှ ယခုလဆန်းပိုင်းအထိ တပ်မဟာ (၅)နယ်မြေတွင်း မြန်မာစစ် အစိုးရတပ်နှင့် ကေအဲန် ယူ ပြောက်ကျားတိုက်ပွဲ (၉)ကြိမ် ဖြစ်ပွားပြီး မြန်မာစစ်တပ်ဘက်မှ အရာရှိတဦးအပါအဝင် ၉ ဦး သေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိသည်ဟု ကေအဲန်ယူ အရာရှိတဦးက ပြောသည်။