အမ်းတွင် ဥမင်လိုဏ်ခေါင်းဖေါက်

အမ်းတွင် ဥမင်လိုဏ်ခေါင်းဖေါက်
နအဖစစ်အစိုးရမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ အမ်းမြို့နယ်တွင် ဥမင်လိုဏ်ခေါင်း တခု ဖေါက်လုပ်နေသည်ဟု သတင်းရရှိသည်။ အဆိုပါ ဥမင်လိုဏ်ခေါင်းကို အမ်းမြို့အနောက်ဘက် တွင်တည်ရှိသော မဲတောင်တွင် ဖေါက်လုပ်နေ ...

နအဖစစ်အစိုးရမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ အမ်းမြို့နယ်တွင် ဥမင်လိုဏ်ခေါင်း တခု ဖေါက်လုပ်နေသည်ဟု သတင်းရရှိသည်။

အဆိုပါ ဥမင်လိုဏ်ခေါင်းကို အမ်းမြို့အနောက်ဘက် တွင်တည်ရှိသော မဲတောင်တွင် ဖေါက်လုပ်နေခြင်း ဖြစ်သည်။

အမ်းမြို့မှ ပေးပို့သော သတင်းအရ အဆိုပါ ဥမင်လိုဏ်ခေါင်းတွင် တိုက်လေယာဉ်များကို ထားရှိသွားမည် ဖြစ်ပြီး အမ်းတွင် ဖေါက်လုပ်ပြီးစီးသွားသော လေယာဉ်ကွင်းနှင့် ဆက်စပ် တည်ရှိသည်ဟု သိရသည်။

နအဖ စစ်အစိုးရမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား ၂၀၀၀ ခုနှစ်ဝန်းကျင်က စစ်တွေမှ အမ်းမြို့သို့ ပြောင်းရွှေ့ပြီးနောက် စစ်ရေးဆိုင်ရာ အဆောက်အအုံ အများအပြားကို အမ်းတွင် တည်ဆောက်နေသည်။

ထိုအထဲတွင် အမ်းမြို့ စစ်လေယာဉ်ကွင်းနှင့် ယခုတည်ဆောက်နေသော ဥမင်လိုဏ်ခေါင်းလည်း ပါ၀င်သည်။

အမ်းမြို့မှာ ရခိုင်ရိုးမ အောက်ခြေတွင် တည်ရှိပြီး စစ်ရေးအရ စစ်တွေမြို့ထက် လုံခြံုမူ ရှိသဖြင့် စစ်ရေး ခံစစ်မြို့ အဖြစ် နအဖမှ အမ်းကို တည်ဆောက်နေခြင်း ဖြစ်သည်။

စစ်အစိုးရသည် အမ်းမြို့အား ရခိုင်ပြည်နယ် မြို့တော်ရုံးစိုက်ရာ မြို့အဖြစ် အနာဂတ်တွင် သတ်မှတ်ရန်ရည်ရွယ်ထားပြီး ပြည်နယ် အဆင့် အစိုးရ ဌာနများကို အမ်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု သတင်းတချို့က ဖေါ်ပြသည်။

နအဖ စစ်အစိုးရမှ အမ်းမြို့အား ရခိုင်ပြည်နယ်၏ မြို့တော် တခုဖြစ် လာရန် တည်ဆောက်နေခြင်းမှာ မြန်မာနှင့် ရခိုင် လူမျိုးတို့၏ အတိတ် တဘောင်များအရ တည်ဆောက်နေခြင်း ဖြစ်သည်ဟု ရခို်င်ပြည်သူများက ယုံကြည်နေကြသည်။

အဆိုပါ အတိတ်တဘောင်များမှာ “ တရုတ်ကဖိ၊ ရှမ်းက အိ၊ ရှိသည်ဗမာ အနောက်မှာ” နှင့် “ ငပြီ ပတုံးမြို့ကို ဖုံး၊ စစ်တွေမြို့ကြီး ပြိုလတ္တံ့။ ထိုသောအခါ အမ်းနှင့် ဒလက် မပျက် အိမ်ခြေ ကိုးကုဌေ” တို့ပင် ဖြစ်သည်။

ဒလက်မှာ အမ်းမြို့နယ်ရှိ ရွာကြီး တရွာဖြစ်ပြီး ငပြီ မှာ စစ်တွေမြို့ အနီးရှိ ငပြီးကျွန်းဖြစ်ပြီး သဲသောင်များဖြင့် ဆန်းလာရာမှ ယခုအခါ အဆိုပါ ကျွန်းမှာ စစ်တွေနှင့် နီးကပ်စွာတည်ရှိနေသည်။

Most read this week