အမြှောက်တပ်မမှူးနှင့် ကိုယ်စားလှယ် အဖွဲ့ ဘူးသီးတောင်သို့ ရောက်ရှိ

အမြှောက်တပ်မမှူးနှင့် ကိုယ်စားလှယ် အဖွဲ့ ဘူးသီးတောင်သို့ ရောက်ရှိ
ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် တပ်နယ်သို့ နေပြည်တော်မှ အမြှောက်တပ်မမှူး တဦးနှင့် အဖွဲ့ဝင် ရ ဦးပါ စစ်ဘက်ဆိုင်ရာ အဖွဲ့တဖွဲ့ များမကြာမှီက ရောက်ရှိလာကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရ ...

ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် တပ်နယ်သို့ နေပြည်တော်မှ အမြှောက်တပ်မမှူး တဦးနှင့် အဖွဲ့ဝင် ရ ဦးပါ စစ်ဘက်ဆိုင်ရာ အဖွဲ့တဖွဲ့ များမကြာမှီက ရောက်ရှိလာကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ရောက်ရှိလာသော အမြှောက်တပ် တပ်မမှူးမှာ ဗိုလ်မှူးချုပ် ကျော်စိုးမြှင့် ဖြစ်ပြီး နေပြည်တော်မှ ရောက်ရှိလာသူ ဖြစ်သည်။

ယခုကဲ့သို့ အမြှောက် တပ်မမှူး တဦး ရောက်ရှိလာခြင်းမှာ လတ်တလောဖြစ်ပေါ်နေသော နယ်စပ် တင်းမာမူနှင့် သက်ဆိုင်နိုင်သည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် အမြှောက်တပ်ရင်း အမှတ် ၃၇၈ ကို ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင် အခြေစိုက်ပြီး နောက်ပိုင်း ယခုရောက်ရှိလာသော တပ်မမှူးမှာ အမြှောက် စစ်ဘက်ဆိုင်ရာတွင် အဆင့်မြင့်ဆုံး ဖြစ်သည်။

ဘူးသီးတောင်မှ မျက်မြင်များ၏ အပြောအရ ဘူးသီးတောင်မြို့သို့ စစ်ထရပ်ကားများနှင့် အတူ စစ်တင့်ကားများလည်း ရောက်ရှိ နေသည်ဟု ပြောသည်။

တချိန်တည်းတွင် ဘူးသီးတောင်နှင့် မောင်တောကားလမ်းကို ပြုပြင်နေပြီး တင့်ကားများ အလွယ်တကူ ၀င်ထွက်သွားလာနိုင်ရန် အဆိုပါ ကားလမ်းပေါ်ရှိ တောင်ခေါင်းကြီး ဥမင်လိုင်ခေါင်းကို တပေခန့် မြေအောက်သို့ တူးပြီး လမ်းကို ဖေါက်လုပ်ထားသည်ဟု သိရသည်။

ယခုအခါ ရခိုင်ပြည်နယ် အတွင်း စစ်အင်အားကို အထူး တိုးချဲ့ထားပြီး အဆိုပါ အထဲတွင် အမြှောက်တပ်ရင်း (၅) ရင်းပါ၀င်သည်။

တိုးချဲ့ချထားသော အမြှောက်တပ်ရင်းများမှာ အမှတ် ၃၇၄ -အမ်း၊ အမှတ် ၃၇၃- စစ်တွေ ၊ အမှတ် ၃၇၇- ကျောက်တော်၊ အမှတ် ၃၇၈ - ဘူးသီးတောင်နှင့် အမှတ် ၃၇၅ -တောင်ကုတ်တို့ ဖြစ်သည်။

Most read this week