ကိုးကန့်အရေးအခင်းနောက်ပိုင်း ဗမာ့တပ်မှူးများက တောင်ပိုင်း ၀ တပ်မှူးများအား သွားရောက်တွေ့ဆုံလေ့ရှိပြီး စစ်အစိုးရ ဘက်မှ ၀ တပ်အား ထိုးစစ်ဆင် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း အကြိမ်ကြိမ်ပြောကြားသော်လည်း ၀တပ်ဘက် က စစ်ရေး ပြင်ဆင်မှု လျှော့ချခြင်းမရှိဘဲ ဆက်လက်လှုပ်ရှား သတိထားလာကြောင်း နယ်စပ်သတင်းရပ်ကွက်ပြောပါ သည်။
ယခုလဆန်းပိုင်း၌ မိုင်းတုံ - မိုင်းဆတ် - တာချီလိတ် ကားလမ်းတလျောက်ရှိ စစ်အစိုးရ ဂိတ်စခန်းများ စစ်ဆေးမှုတင်း ကျပ် လာသကဲ့သို့ ၀ ဂိတ်များလည်း ထိုနည်းတူတင်းကျပ်စစ်ဆေးလာသည့်အပြင် ညဘက်ပိုင်း၌ ၀စစ်ယာဉ်တန်း များ ခရီးထွက် လှုပ်ရှားခြင်း၊ အခြားဒေသမှ မိုင်းယွမ်းဂွင်အတွင်း လာရောက်နေထိုင် လုပ်ကိုင်စားသောက်သော ဗမာနှင့် ကုလားများအား ထွက်ခွါခိုင်းခြင်း၊ ၀ ရွာများ၌လည်း သက်ကြီးများ နှင့် ကလေးများသာ အစောင့်ထားပြီးတိုက်ခိုက်ရေး အင်အားများ တောင် ပေါ်တက်အသင့်တပ်ချနေရာယူခြင်းများြုပလုပ်လာသည်ဟု ဒေသခံကုန်သည်တဦးကပြောပါသည်။
“ပြီးခဲ့တဲ့လ ၁၈-၁၉ ရက်နေ့တုန်းက ၀မ့်ဟုန့်ကနေ မိုင်းကျွတ်ဘက် ၀ စစ်ယာဉ်တန်းတွေ ညဘက် ခရီးထွက်သွားတော့ ၀မ့်ဟုန့်ကို ၀ ဘက်က လက်လွတ်တော့မှာလားပေါ့။ အခုဟာက အဲလိုမဟုတ်ဘူး။ ၀ ကားတွေက ညဘက်ချည်းဘဲ ခရီး ထွက်တယ်။ တောင်ပေါ်တပ်စခန်းတွေမှာလဲ ၀ အင်အား ရာနဲ့ချီဖြန့်ကျက်ထားတယ်၊ ၀မ့်ဟုန်အနီးအနားက ဗမာတပ် ကတော့ ဘာလို့ မိုင်းဆတ်ဘက် တပ်ရုပ်ပြန်တာလဲတော့မသိဘူး” - ဟု အဆိုပါ ကုန်သည်က ပြော၏။
အောက်တိုဘာ ၃ ရက်နေ့တွင် ၀ တပ် ဆယ်ဘီးကား ၄ စီး မိုင်းယွမ်းမှ ၀မ့်ဟုန့် ဘက်တက်သွားစဉ် လမ်းခွဲတဝိုက် တပ် ဖျောက်ထားကြောင်း၊ ထို့အတူ ၄ ရက်နေ့ကလည်း ဆယ်ဘီးကား ၄ စီး ထပ်တက်သွားပြီး နှစ်စီးသာ ၀မ့်ဟုန့်ရောက်ပြီး ကျန်နှစ်စီးမှာ လမ်းခုလတ်၌ တပ်ဖျောက်သွားကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။
“တောင်ပိုင်း ၀ တပ်မဟာ ၅၁၈ ဌာနချုပ် မိုင်းယွန်းမှာ စီးပွားရေး၊ အလုပ်အမျိုးမျိုးလာလုပ်တဲ့ ဗမာတွေ ကုလားတွေ အကုန်ပြန်ဖို့ ညွှန်ကြားထားတယ်။ သျှမ်း နဲ့ တရုတ်ကိုတော့ ဘာမှမပြောသေးဘူး” - ဟု ဒေသခံအကြီးအကဲတဦး က ပြောပါသည်။
အောက်တိုဘာ ၅ ရက်နေ့ညက ပုံပါကျင်အခြေစိုက် မိုင်းတုံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဝင်းဦး နှင့်၎င်း၏လုံခြံုရေး တပ် ပါချီး လားဟူပြည်သူ့စစ်ရွာအတွက် မူလတန်းကျောင်းနျင့် ရေအားလျှပ်စစ်မီးလုပ်ပေးရန်ညွှန် ကြားခဲ့ ကြောင်း သိရ၏။ ဖှန်မြို့ နယ်အနောက်ဖက် ထိုင်းနယ်စပ် နောလဲ နှင့်မျက်နှာချင်းဆိုင် တောင်ကျောသို့သွားရောက် ညအိပ်ခဲ့ ကြောင်း၊ စက်တင်ဘာ ၂၉ ရက် ကလည်း တောင်ပိုင်း ၀ တပ် ရ၇၂ တပ်မဟာမှူး တာ့ဇုန်း အား မိုင်းကျွတ်ကျေးရွာ တိုက်နယ် သူကြီးအိမ်၌ တွေ့ဆုံစဉ် ၀ တပ်အား ထိုးစစ်ဆင်တိုက်ခိုက်ရန်ရည်မှန်းချက်မရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။
ဗမာတပ်မှူးများ၏ပြောစကားသည် မုသားပရိယာယ်သာဖြစ်နိုင်ကြောင်း၊ ယုံကြည်မိလျှင်တမျိုးသားလုံး ဒုက္ခရောက် နိုင်ကြောင်း - ၀ တပ်မှူးများက သုံးသပ်ပြောဆိုနေကြပါသည်။