ပြည်သူ့စစ်ထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

ပြည်သူ့စစ်ထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ
by -
ဇော်ကြီး
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ပြည်သူ့စစ်တစ်ဦးထံမှ ယမန်နေ့ည သန်းခေါင်ကျော် ၁ နာရီအချိန်ခန့် က မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိခဲ့ ...

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ပြည်သူ့စစ်တစ်ဦးထံမှ ယမန်နေ့ည သန်းခေါင်ကျော် ၁ နာရီအချိန်ခန့် က မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိခဲ့သည်။

ဟောင်လိတ်ကျေးရွာအုပ်စု ဘန်လျဲန်ထုံးရပ်ကွက် မြန်မာ့ရေနံဓါတ်ဆီဆိုင်ရှေ့တွင် တာချီလိတ် မူးယစ်၊ ဒုစရိုက် နှိမ်နင်းရေးနှင့် စစ်ဖက်ရေးရာလုံခြံုရေးအဖွဲ့(စရဖ) တို့ုပူးပေါင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာချီလိတ်မြို့ခံ တ ယောက်က ပြောသည်။

“မနေ့ည သန်းခေါင်ကျော်ပေ့ါနော် ၁ နာရီလောက်ပေ့ါ။ မြို့ထဲကနေမြို့ပြင်ကိုထွက်လာတဲ့ ကားကို အဲ ဒီအဖွဲ့ကစစ်ကြည့်လိုက်တော့ တွေ့တာ။ ယာမပါတယ်၊ ဘိန်းဖြူက ဘလောက်တုံး တစ်တုံးရယ်၊ အ တိုတစ်လက်နဲ့ ကျည်တွေပါတယ်။”

အဖမ်းခံရသူ စိုင်းမောင်စိုင်း မောင်းနှင်လာသည့် အညိုရောင် CRV ကားအမျိုးအစားပေါ်၌ WY စာတမ်းပါ စိတ် ကြွဆေးပြား ၄၀၀၀၊ အလေးချိန် ၃၅၀ ဂရမ်ရှိ ဘိန်းဖြူဘလောက်တုံး တစ်တုံး၊ ပွိုင့် ၃၈ ပစ္စတိုတစ်လက် ကျည် ကပ်နှစ်ခုနှင့် ၎င်းကျည် ၆၇ တောင့်တို့ကို သိမ်းဆီးရမိခဲ့သည်။

အဖမ်းခံရသူမှာ တာချီလိတ်မြို့နယ် အတွင်းရှိ တော်ကော့ကျေးရွာတွင် နေထိုင်ပြီး ၀မ်ကျောက်လုံ ကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်တဦးဖြစ်သည်ဟု အဆိုပါမြို့ခံက ဆက်ပြော သည်။

“အဲမှာထူးခြားတာက အဲဒီလူက ၀မ်ကျောက်လုံ ပြည်သူ့စစ်ဖြစ်နေတယ်။ မယ့်ယမ်းဖက် အထွက်က ၀မ်ကျောက်လုံရွာမှာ ပြည်သူ့စစ်ဂိတ်တခုရှိတယ်လေ။ အဲဒီဂိတ်က ပြည်သူ့စစ် လေ သူက။”

၎င်း၏ထွက်ဆိုချက်အရ ယနေ့နံနက် ၃ နာရီ အချိန်ခန့်က တော်ကော့ကျေးရွာရှိ နေအိမ်သို့ ၀င်ရာက်ရှာဖွေရာမှ လက်နက်ခဲယမ်းများထပ်မံ ဖမ်းမိခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“အမ် ၁၆ တစ်လက်နဲ့ ကျည်တော့ ဘယ်လောက်လည်းမသိပါဘူး။ အတော်များတယ် လို့ပြောတာပဲဲ။ အဲတာရယ် 9.mm တစ်လက်ရယ် ကျည်ဘောက်နှစ်ဘောက်နဲ့ ကျည် ၂၀ ကျော်ထပ်ရတယ်။”

ယခုအခါ စိုင်းမောင်စိုင်းအား ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။

ယခုလ ၂၈ ရက်နေ့ကလည်း တာချီလိတ်မြို့ အရှေ့မြောက်ဖက်ရှိ ၀မ်ပုံရွှေတြိဂံနယ်မြေရှိ စိုက်ပျိုးရေးခြံမှ WY တံဆိပ်ပါ စိတ်ကြွဆေးပြား လေးသိန်းခန့်နှင့် သယ်ဆောင်လာသူ ၈ ဦးအား ဖမ်းမိခဲ့သည်။

ယခုလ ၁၁ ရက်နေ့ကလည်း တာချီလိတ်မြို့ လွယ်တော်ခမ်းဂိတ်တွင် စိတ်ကြွဆေး သုံးသန်းနှင့် လက်နက်ခဲ ယမ်းများကို ဖမ်းဆီးမိခဲ့သည်။

Most read this week