မလေးရှားနိုင်ငံတွင် မွန်ရွှေ့ပြောင်းအလုပ်သမားများ UN မုတ်ပုံတင်သွင်းခွင့် ပိုရ

မလေးရှားနိုင်ငံတွင် မွန်ရွှေ့ပြောင်းအလုပ်သမားများ UN မုတ်ပုံတင်သွင်းခွင့် ပိုရ
by -
မင်းအာသံ
လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် မလေးရှားနိုင်ငံရှိ မွန်ရွှေ့ပြောင်းအလုပ်သမား ၂၈၄၉ ဦးခန့်  UN မှတ်ပုံတင််သွင်းခွင့် ရမည်ဟူသော သတင်းကြောင့် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ မွန်ဒုက္ခသည်များ မလေးရှားနိုင်ငံသို့ ပြောင်းရွှေ့ ...

လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် မလေးရှားနိုင်ငံရှိ မွန်ရွှေ့ပြောင်းအလုပ်သမား ၂၈၄၉ ဦးခန့်  UN မှတ်ပုံတင််သွင်းခွင့် ရမည်ဟူသော သတင်းကြောင့် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ မွန်ဒုက္ခသည်များ မလေးရှားနိုင်ငံသို့ ပြောင်းရွှေ့သွားကြောင်း သိရပါသည်။

မလေးရှားနိုင်ငံ၌ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မွန်နှင့်အခြား တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားများမှာ ယခုနှစ်တွင် ယမန်နှစ်ထက် ထူးခြားစွာ မှတ်ပုံတင်ခွင့် အထူးအခွင့်အရေး ရရှိကြသည်။ ယင်းတိုင်းရင်းသားများမှာ ကချင်၊ ချင်း၊ ရှမ်း၊ မွန်၊ ကရင်နီနှင့် ကရင်စသည့်တို့ ဖြစ်ကြသည်ဟု မလေးရှားနိုင်ငံ မွန်လူမှုရေး အကူအညီပေးရေးအသင်းမှ ဥက္ကဋ္ဌ နိုင်စိုင်းဝဏ္ဏ က ပြောသည်။

“လွန်ခဲ့တဲ့ မတ်(ချ်)လက မလေးရှားနိုင်ငံရောက် မွန်ရွှေ့ပြောင်းအလုပ်သမားများအတွက် လူဦးရေ (၅၀၀၀) လောက် ယူအန်ရုံးမှာ စာရင်းတင်ခဲ့တယ်။ ဒါကြောင့် သူတို့ ဒီလာမည့် အောက်တိုဘာလမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ မွန်ပြောင်းရွှေ့ အလုပ်သမားတွေအတွက် အထူးမုတ်ပုံတင်သွင်းခွင့် ပေးတာဖြစ်တယ်။ ဒီနှစ်မှာ တစ်မျိုးကောင်းတာကတော့ UN မုတ်ပုံတင် လုပ်ထားတဲ့သူတွေဟာ အထူးအခွင့်အရေး ပိုရတာမျိုး ရှိတယ်။ အလုပ်လည်း ကောင်းကောင်း ရတယ်။ ပုဂ္ဂလိကအဖွဲ့တွေကလည်း ကူညီပေးတာမျိုး ရှိတယ်” ဟု နိုင်စိုင်းဝဏ က ဆက်ပြောသည်။

မလေးရှားနိုင်ငံတွင် ယူအန်မုတ်ပုံတင်နှင့် ပတ်သက်၍  ယမန်နှစ်က ထောင်ထွက်များနှင့် ရောဂါ ဝေဒနာခံစားနေရသော သူများကသာ မုတ်ပုံတင်သွင်းခွင့်ရခဲ့သည်ဟု သိရပါသည်။

မလေးရှားနိုင်ငံရောက် မွန်ပြောင်းရွှေ့အလုပ်သမားဦးရေပေါင်း ၂ သောင်းခန့် ရှိပြီး (၆၅၀၀) ခန့်သာ မုတ်ပုံတင်သွင်းခဲ့ရသည်ဟု မွန်လူမှုရေးအကူအညီပေးရေးအသင်း၏ စာရင်းအရ သိရပါသည်။

မလေးရှားနိုင်ငံတွင် အခက်အခဲနှင့် ရင်ဆိုင်နေရသော ရွှေ့ပြောင်းအလုပ်သမား အများအပြား  မည်ကဲ့သို့ လုပ်ကိုင်စားသောက် ရုန်းကန်နေရကြောင်း ပြသချင်သောကြောင့် UN ရုံးတွင် ယခုကဲ့သို့ မုတ်ပုံတင်ပြရခြင်း ဖြစ်သည်ဟု UN မုတ်ပုံတင်ခဲ့သော မွန်လူငယ်တစ်ဦးက ပြောသည်။

“ကျနော်တို့ မုတ်ပုံတင် လုပ်ပြီးတာနဲ့ လက်မှတ်ရတယ်၊ နောက်တစ်လလောက် ကြာတဲ့အခါ UN ကဒ်ပြား ရတယ်၊ ပုလိပ် ကြောက်စရာမလိုတော့ဘူး၊ အလုပ်ကောင်းကောင်း လုပ်ရတယ်၊ အလုပ်ပေါ်မှာ မူတည်ပြီး လခလည်း ပုံမှန်ရတယ်၊ သူဋ္ဌေးရဲ့ ခြိမ်းခြောက်မှုအောက်မှာ မနေရတော့ဘူး၊”ဟု ၄င်းက ဆက်ပြောသည်။

လွန်ခဲ့သော သြဂုတ်လ ၁၃ ရက်နေ့တွင်လည်း မလေးရှားနိုင်ငံရောက် မွန်ရွှေ့ပြောင်းအလုပ်သမား ၂၅၀ ခန့် UN မုတ်ပုံတင်သွင်းခွင့် ရခဲ့ကြောင်း သိရပါသည်။

သြဂုတ်လတွင် မုတ်ပုံတင်သွင်းခဲ့သော မွန်ရွှေ့ပြောင်း အလုုပ်သမားတစ်ဦးက “UN လက်မှတ် မရှိတဲ့အချိန်က ဘယ်သွားသွား ရဲတွေကို ကြောက်ရတယ်။ လာဖမ်းသွားမှာကို စိုးရိမ်ရတယ်။ အလုပ်လုပ်လည်း လခကောင်းကောင်း မရဘူး။ သူများတစ်လကို မလေးရှား ရင်းကစ် (၁၂၀၀) ကျော်ကျော်ရရင် ကိုယ်က (၈၀၀) လောက်ပဲ ရတယ်။ တခါတလေတော့ သူဋ္ဌေးက ပိုက်ဆံထုတ်မပေးဘူးဆိုရင် ပြန်ခံမပြောရဲဘူး။” ဟု ၄င်းက ပြောသည်။

ယမန်နှစ်က မလေးရှားနိုင်ငံတွင် မြန်မာတိုင်းရင်းသား လူမျိုးစုများအနက် ကချင်တိုင်းရင်းသား တစ်စုတည်းသာ UN မုတ်ပုံတင်သွင်းခွင့် ပိုမိုရရှိခဲ့ပြီး ကျန် တိုင်းရင်းသားများ အယောက် (၃၀) သာ တင်သွင်းခွင့် ရရှိခဲ့သည်ဟု သိရပါသည်။

Most read this week