အုပ်ချူပ်ရေးမှုးနှင့် တပ်ရင်းမှူးတို့က ပြည်သူများအပေါ် ငွေကောက်၊ အဓမ္မခိုင်းစေ

အုပ်ချူပ်ရေးမှုးနှင့် တပ်ရင်းမှူးတို့က ပြည်သူများအပေါ် ငွေကောက်၊ အဓမ္မခိုင်းစေ
by -
အာကာ
ခေါဇာမြို့နယ်ခွဲ အထွေထွေအုပ်ချူပ်ရေးမှူးနှင့် ၄င်းမြို့နယ်ခွဲ၌ အခြေချထား သော ခလရ (၃၁) တပ်ရင်းမှူးတို့က အကြောင်းအမျိုးမျိုးပြပြီး ပြည်သူများ အပေါ် ငွေကြေးကောက်ခံခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများ ပြု ...

ခေါဇာမြို့နယ်ခွဲ အထွေထွေအုပ်ချူပ်ရေးမှူးနှင့် ၄င်းမြို့နယ်ခွဲ၌ အခြေချထား သော ခလရ (၃၁) တပ်ရင်းမှူးတို့က အကြောင်းအမျိုးမျိုးပြပြီး ပြည်သူများ အပေါ် ငွေကြေးကောက်ခံခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများ ပြု လျက်ရှိကြောင်း ဒေသခံများက ပြောကြသည်။

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ အထွေထွေအုပ်ချူပ် ရေးမှူး ဦးကျော်မိုးက ဒေသခံ များအား အိမ်ထောင်စုစာရင်းအသစ် ပြု လုပ်ခိုင်းပြီး ငွေတောင်းခြင်း၊ ထိုင်းကောလက် ဖုန်းရှင်များထံမှ ငွေကြေး ကောက်ခံခြင်း၊ အုပ်ချူပ်ရေးစရိတ်ကောက်ယူခြင်း များအပါအဝင် နည်း အမျိုးမျိုးဖြင့် ငွေကြေး ကောက်ခံလျက်ရှိသည်။

မြို့သူမြို့သားများ၏ ပြောပြချက်အရ လွန်ခဲ့သော (၃) နှစ်ခန့်ကပင် ပြုလုပ် ခဲ့သော အိမ်ထောင်စုစာရင်းကို အသုံးမဝင်တော့ဟု ဆိုကာ အိမ်ထောင် စုစာရင်းအသစ် ပြုလုပ်ခိုင်းပြီး စာရင်းတစ်စောင်အတွက် ငွေ (၂) ထောင် ကျပ် ကောက်ခံလျက်ရှိသည်။ အိမ်ထောင်စုစာရင်း လာရောက်မလုပ်ကိုင် သော အိမ်ထောင်စုအား ဒဏ်ငွေ (၃) သောင်းကျပ် ပေးဆောင်ရမည်ဟု လည်း ခြိမ်းခြောက်ထားသည်။

၄င်းပြင် အုပ်ချူပ်ရေးစရိတ်အတွက် တစ်အိမ်လျှင် ငွေ (၁) ထောင်ကျပ် ကောက်ခံလျက်ရှိပြီး၊ ခေါဇာမြို့ရှိ ထိုင်းကောလက်ဖုန်းရှင် (၇) ဦးထံမှ တစ်ဦးလျှင် (၆) သောင်းကျပ် ကောက်ခံလျက်ရှိသည်။

ခေါဇာမြို့တွင် အိမ်ခြေ (၇၀၀) ခန့်ရှိပြီး၊ အိမ်ထောင်စု (၁၀၀၀) ခန့် ရှိသည်။

မြို့သူမြို့သားများမှာ အထွေထွေအုပ်ချူပ်ရေးမှူးအား ငွေကြေးပေးကြရ သည့်အပြင် ခလရ (၃၁) ၏ အဓမ္မခိုင်းစေခြင်းကိုလည်း ခံကြရသည်။

ခေါဇာမြို့စွန်မှ ခလရ (၃၁) သို့သွားရာ လမ်းဘေးဝဲယာတလျှောက်နှင့် မြေ လွတ်မြေရိုင်း ရှိရာတို့၌ ကြက်ဆူပင်စိုက်ရန်အတွက် တစ်နေ့လျှင် မြို့သူမြို့ သား (၈) ဦး အဓမ္မလုပ်အားပေး ကြရသည်။

ယခုစက်တင်ဘာ လဆန်းပိုင်းမှ စ၍ ယနေ့တိုင် လုပ်အားပေးကြရသည်။ ခေါဇာမြို့စွန်နှင့် ခလရ (၃၁) မှာ (၁) မိုင်ခန့် ကွာဝေးသည်။

ခလရ (၃၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရဲလွင်ဦးကလည်း မြို့နယ်ခွဲမှ ကျေးရွာ တိုင်းရှိ အရက်ရောင်းသူ များအား ပြင်ပမှအရက် ဝယ်မရောင်းရဟု အမိန့် ထုတ်ထားသည်။ အရက်ရောင်းလိုပါက တပ်ရင်းမှ ရောင်းချသော အ ရက်ကို တဆင့် ဝယ်ယူပြီး ပြန်လည်ရောင်းချရသည်။

Most read this week