မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ၂၀၀၇ -၂၀၀၉ အတွင်း၌ တည်ဆောက်ထားသော အိမ်များကို အခွန်ဆောင်ရမည်ဟု မုဒုံမြို့ (မယက) ဥက္ကဌမှ ညွန်းကြားထားသည်။
စက်တင်ဘာ ၂၂ ရက် နေ့တွင် မုဒုံမြို့ရှိ အာဏာပိုင်တို့က မုဒုံမြို့နယ်အ တွင်းရှိ ရောင်းဒေါင်း၊ နှီးပဒေါ် နှင့် ကွမ်လှာ စသည့် ကျေးရွာများ၌ အိမ် အခွန် လိုက်လံတောင်းခံခဲဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိ ရပါသည်။
“နှစ်ထပ်တိုက်အိမ်ဆိုရင် ၄ သိန်းခွဲ၊ တစ်ထပ်တိုက်အိမ်ဆိုရင် ၃ သိန်းခွဲ ပေးရမယ်။ သစ်နဲ့ဆောက်ထားတဲ့ အိမ်ဆိုရင်တော့ ၂ သိန်းခွဲ ပေးရမယ်။ မပေးမနေရဘူးလို့ သူတို့က ညွန်းကြားထားတယ်။ ကျမတို့ရွာမှာတော့ ယခုလိုမျိုး အိမ်အခွန်ဆောင်ရတာ အိမ်ပေါင်း ၃၀ လောက်ရှိတယ်” ဟု အိမ်ဆောက်ထားသော မုဒုံမြို့နယ် ရောင်းဒေါင်း ရွာသား တစ်ဦးက ပြောသည်။
မုဒုံမြို့ အာဏာပိုင်တို့က ကျေးရွာဥက္ကဋ္ဌများကို ခေါ်ယူညွန်းကြားထားပြီး ဥက္ကဋ္ဌမှတဆင့် ၂၀၀၇-၂၀၀၉ အတွင်း အိမ်အသစ် ဆောက်ထားသူများကို ကျေးရွာကောင်စီရုံး (ရယက) မှာ အစည်းအဝေးခေါ်ယူကာ လာမည့် သီ တင်းကျွတ် လပြည့်နေ့ (စက်တင်ဘာလကုန်)အထိ နောက်ဆုံးထား၍ တောင်းခံထားသော အိမ်အခွန်များကို ပေးဆောင်ရမည်ဟု အစည်းအဝေး တက်ရောက်ခဲ့သော ရွာသားတစ်ဦးက ပြောသည်။
“ကျနော်တို့အိမ်က သူတို့ တောင်းထားသလောက်တော့ မပေးနိုင်ပါဘူး။ အာဏာပိုင်တို့က ပြောတယ် အိမ်ကုန်ကျစရိတ်တော့ တတ်နိုင်တယ်၊ ဒီ အိမ်အခွန်နည်းနည်းလောက်တောင် မပေးနိုင်ဘူးလား ရွာခံတွေနဲ့ စကား များတာမျိုး ရှိတယ်။ ကျနော်တို့က ကိုယ့်ဆောက်ထားတဲ့ အိမ်တောင်အ ခွန်ပေးရမယ်ဆိုတော့ မပေးချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် တို့ရွာမှာ ဒီလိုမျိုး တခါမှ မကြုံဖူးသေးဘူး” ဟု ၄င်း ရွာသားက ဆက် ပြောသည်။
တချို့ကျေးရွာရှိ အိမ်ရှင်များသည် ၄င်းတို့၏ ရော်ဘာခင်းများကို ရောင်း ချပြီးမှ အာဏာပိုင်တို့၏ တောင်းထားသော အိမ်အခွန်များကို ပေးနိုင် မည်ဟု နှီးပဒေါ် ရွာခံတစ်ဦးက ပြောသည်။
မုဒုံမြို့နယ်အတွင်းတွင် ကျေးရွာပေါင်း (၄၂) ရွာခန့် ရှိသော်လည်း အထက် ပါ ကျေးရွာသုံးရွာတွင်သာ မုဒုံမြို့ အာဏာပိုင်တို့က အိမ်အခွန်ကို တောင်းခံ ခဲ့သည်ဟု သိရပါသည်။ ယခု အိမ်ခွန်ဆောင်ရမည့်သတင်းကြောင့် တခြား ကျေးရွာများမှာလည်း ယခုကဲ့သ ုိ့ ပေးဆောင်ရမည်ကို စိုးရိမ်နေကြောင်း သိရပါသည်။
ထိုနည်းအတူ လွန်ခဲ့သြဂုတ်လ ၁၈ ရက်နေ့တွင် စည်ပင်သာယာရေး ဦး စီးဌာနမှ ကရင်ပြည်နယ် ခရား၊ သံလယ်စသည့် မွန်ကျေးရွာတွင် ၄င်းတို့မှ ၂၀၀၇ နှင့် ၂၀၀၉ သတ်မှတ်ထားသည့် ခုနှစ်အတွင်း ဆောက်လုပ်ထား သော အိမ်အသစ်များကို ကုန်ကျစရိတ် အပေါ်မူတည်၍ ရာခိုင်နှုန်းဖြင့် ငွေကြေးတောင်းခံခဲ့ကြောင်း သိရပါသည်။
ခရားကျေးရွာတွင် ၂ သိန်း လောက်သာ ပေးဆောင်ရပြီး သံလယ်မှာ ဆောက်ထားတဲ့ အိမ်အပေါ်မူတည်ပြီ (၁၁) သိန်းကနေ (၁၄) သိန်းအထိ စည်ပင်သာယာရေး ဦးစီးဌာနက လာရောက်တောင်းခံခဲ့သည်။ သို့သော် အိမ်ရှင်များက တောင်းဆိုကာ ၉ သိန်းအထိ လျှော့ပေးခဲ့သည် ဟု သိရ ပါသည်။
ထိုသကဲ့သို့ လွန်ခဲ့သော လအနည်းငယ်တွင် မွန်ပြည်နယ် ကျိုက်မရော မြို့နယ် သမ္မတကျေးရွာတွင်းလည်း ကျေးရွာအတွင်း၌ တည်ဆောက်ထား သော အိမ်အသစ်ကို ဒေသခံအာဏာပိုင်တို့ကလာပြီး ဓာတ်ပုံရိုက် အိမ်အ ခွန်ဟု ဆိုကာ ၄င်းတို့က ငွေလာတောင်းပြီး ရွာသားတို့က အိမ်အခွန် ပေး ဆောင်ခဲ့ရသည်။