မွန်ပြည်သစ်ပါတီဝင်များကို စောင့်ကြည့်နေရန် ကျေးရွာဥက္ကဌကို ညွှန်ကြား

မွန်ပြည်သစ်ပါတီဝင်များကို စောင့်ကြည့်နေရန် ကျေးရွာဥက္ကဌကို ညွှန်ကြား
by -
ရိုင်မရော့
မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရန် ကမ်းလှမ်း ချက်ကို မွန်ပြည်သစ်ပါတီအနေဖြင့် လက်မခံနိုင်ကြောင်း အကြောင်းပြန် ထားပြီးနောက်ပိုင်း ပါတီဝင်များကို စောင့််ကြည့်နေရန် အရှေ့တောင်တိုင်း တိုင်းမှူးမှ ညွှန်ကြား ...

မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရန် ကမ်းလှမ်း ချက်ကို မွန်ပြည်သစ်ပါတီအနေဖြင့် လက်မခံနိုင်ကြောင်း အကြောင်းပြန် ထားပြီးနောက်ပိုင်း ပါတီဝင်များကို စောင့််ကြည့်နေရန် အရှေ့တောင်တိုင်း တိုင်းမှူးမှ ညွှန်ကြားထားသည်။

အရှေ့တောင်တိုင်း တိုင်းမှူးမှ ကျေးရွာဥက္ကဌများကို ဒေသအလိုက် အခြေ ချနေသည့် မြန်မာအစိုးရတပ်တွေဆီကို လှို့ဝှက်စာအနေဖြင့် မွန်ပြည်သစ် ပါတီဝင်များ ရွာတွင်းသို့ ဝင်ထွက်သွားလာနေသည်ကို လက်နက်ကိုင် ဆောင်နိုင်မှုမပြုရန် ကျေးရွာဥက္ကဌတွေဆီကို အကြောင်းကြားထားကြောင်း မုဒုံမြို့နယ်မှ မယက ဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရွာကြားမှာ မွန်ပြည်သစ်ပါတီဝင်တွေ လက်နက်ကိုင်ပြီးသွား လာနေတာ တွေ့ရင်  လက်နက်မကိုင်ဖို့ပြောရမယ်၊ တကယ်လို့ မလိုက်နာဘူးဆိုရင် စစ်တပ်တွေကို အကြောင်းကြားပါ” ဟု ၄င်းဥက္ကဌက ပြောသည်။

မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကမ်းလှမ်းချက် ကို မွန်ပြည်သစ်ပါမှ လက်မခံနိုင်ကြောင်း သြဂုတ်လ (၅) ရက်နေ့တွင် စစ် အစိုးရထံ တရားဝင်အကြောင်းကြားပြီးနောက် မွန်ပြည်သစ်ပါတီမှ ပါတီဝင် ခေါင်းဆောင်များနှင့် ပတ်သက်သည့် အချက်လက်များကို ကျေးရွာ ဥက္ကဌ မှတဆင့် ကောက်ခံခိုင်းလည်းရှိသည်။

“ပါတီကနေ အရှေ့တောင်တိုင်း တိုင်းမှူးနဲ့ နောက်ဆုံးတွေ့ဆုံပြီးတော့ သူ တို့ဘက်က တင်းကြပ်တဲ့အနေအထားမျိုးမရှိပေမယ့်လည်း၊ ကျနော်တို့ ဘက်ကတော့ အခြေနေကြည့်ပြီး ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထား တာရှိတယ်” ဟု ခရိုင်အဆင့် ကော်မတီဝင်တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့ စ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် နိုင်တလညီတို့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့နှင့် တွေ့ဆုံဆွေးနွေးရာတွင် မွန်ပြည်သစ်ပါတီ၏ လှုပ်ရှားမှု အကြောင်းလည်း ဆွေးနွေးခဲ့သည်။

“လက်ရှိ အပစ်ခတ်ရပ်ထားတာကို ဆက်ပြီး ထိန်းသွားချင်ပါတယ်၊ ဒါပေ မယ့် အခြေနေကိုကြည့်ပြီးတော့ ဆက်သွားရမယ်၊ ကိုးကန့်ဘက်ကလိုမျိုး အစိုးရက လုပ်လာရင်တော့ ပစ်ခတ်သင့်ရင်တော့ ပစ်ခတ်ရမှာပဲ၊ အာဏာ ပိုင်တွေဘက်ကလည်း တင်းမာလာတဲ့အနေအထားမှာပေါ့” ဟု အထက်ပါ ဗဟိုကော်မတီက ဆက်ပြောသည်။

ယခုလက်ရှိ မြန်မာစစ်အစိုးရတို့၏ ထိန်းချုပ်ရာနယ်မြေ နှင့် မွန်ပြည်သစ် ပါတီိ ထိန်းချုပ်နယ်မြေအောက်တွင် မွန်ပြည်သစ်ပါတီအနေဖြင့် ဒေသခံ တွေကို စည်းရုံးရေးဆင်းခြင်း၊ အခွန်ကောက်ခံခြင်းနှင့် အမှုကိုင်သွယ်စစ် ဆေးခြင်းတို့ကို ရှေ့ဆက် မပြုလုပ်ရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ  တောင်းဆိုထားသည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင် လှုပ်ရှားရေးအဖွဲ့က လူ အယောက် (၆၀) ကို ဖေါက်ခွဲရေးနဲ့ ဝါဒဖြန့်ချိရေး လုပ်ဖို့ ပြည်တွင်းကို စေလွှတ်လိုက်သည် ဆိုတဲ့အကြောင်းနဲ့ အဲဒီလုပ်ငန်းကို ဦးဆောင်တဲ့ အဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနာ မည်လည်းပါလာခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး နိုင်ဟံသာက ဒါက လုပ်ကြံထားတာပဲဟု ဆိုသည်။

“ကျနော်မြင်တာက ကျနော်တို့အဖွဲ့အစည်းကို နယ်ခြားစောင့်တပ်ဖြစ်ဖြစ်၊ ပြည်သူ့စစ်ဖြစ်ဖြစ်၊ အသွင်ပြောင်းဖို့ ပြောတာကို ကျနော် တို့ဘက်က လက် မခံလို့ ကျနော်တို့အဖွဲ့အစည်းအတွင်းမှာ တဦးအပေါ် တဦး မကျေနပ်မှု တွေ ဖြစ်၊ အထင်အမြင်တွေ မှားပြီး စုစည်းညီညွှတ်မှု ပျက်ပြားအောင် သပ် လျှိုဖြိုခွဲတာပဲလို့ မြင်တယ်” ဟု နိုင်ဟံသာက သူ၏အမြင်ကို ပြောပြသည်။

Most read this week