မွန်ပြည်နယ်အတွင်းရှိ စားသောက်ဆိုင်များ ဒေသခံရဲတို့ကို အပိုခွန်ပေး ဆောင်နေရသည် ဟု စားသောက်ဆိုင်ပိုင်ရှင်တို့၏ ပြောပြချက်အရ သိရ သည်။ စားသောက်ဆိုင်တည်ထောင်ထားပြီး၊ ဘီယာနှင့် တခြား အရက်သေစာများ ...
မွန်ပြည်နယ်အတွင်းရှိ စားသောက်ဆိုင်များ ဒေသခံရဲတို့ကို အပိုခွန်ပေး ဆောင်နေရသည် ဟု စားသောက်ဆိုင်ပိုင်ရှင်တို့၏ ပြောပြချက်အရ သိရ သည်။
စားသောက်ဆိုင်တည်ထောင်ထားပြီး၊ ဘီယာနှင့် တခြား အရက်သေစာများ အတွက် အခွန်ဆောင်ရသည့်အပြင် အပိုခွန်များအဖြစ် ဆိုင်ရှင်က ထပ် ပေးဆောင်နေရသည်။
“ကျနော်တို့လို အလယ်လတ်ဆိုင်တွေကျတော့ တစ်လကို ငါးထောင် ပေး နေရတယ်၊ ဆိုင်ကြီး တွေကျတော့ ဒီထက်ပိုပေးရတာပေါ့” ဟု မုဒုံမြို့ရှိ စည် ဘီယာစားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် စားသောက်မှုကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်းကို စားသုံး သူများက ပေး ဆောင်ရသည်ဟု ရိုးမ ၃ သတင်းတွင် ဖော်ပြထားသည်။
မွန်ပြည်နယ်ဘက်တွင်မူ စားသောက်ကုန်၏ ရာခိုင်နှုန်းအလိုက်ပေး ဆောင်ရသည်မဟုတ်ပဲ ဒေသခံအာဏာပိုင်များက သတ်မှတ်ထားသော နှုန်းအတိုင်းသာ လစဉ်လတိုင်းပေးဆောင်နေရသည်။
“ဒီလိုပေးနေရတော့ ကျနော်တို့လိုဆိုင်ရှင်တွေအတွက် သိပ်ပြီးတော့ အ ဆင်မပြေဘူး၊ အခွန်တွေ အပိုပေးဆောင်ရတော့ စားသောက်ကုန်တွေ ကိုလည်း တင်ပြီးရောင်းရင် ဝယ်သူတွေ နည်းပြန်တော့ ကျနော်တို့အတွက် တွက်ခြေမကိုက်ပြန်ဘူး” ဟု ၄င်းဆိုင်ရှင်က ပြောသည်။
ယခုကဲ့သို့ အခွန်ပိုပေးဆောင်နေရသည်မှာ လွန်ခဲ့သော ၃ လခန့်ကပင် စတင်ကောက်ခံ နေပြီး ယခင်က ကောက်ခံခြင်းမရှိဟု ၄င်းဆိုင်ရှင်က ဆက်လက်ရှင်းပြသည်။