ဒီကေဘီအေက ကေအန်ယူတပ်ကို လက်နက်ဖြင့် လှမ်းပစ်

ဒီကေဘီအေက ကေအန်ယူတပ်ကို လက်နက်ဖြင့် လှမ်းပစ်
by -
ရိုင်မရော့
ယနေ့နံနက် ၉ နာရီခန့်မှာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် သဘာ ဝကျေးရွာရှိ ကေအန်ယူတပ် မဟာ ၆ ကို ဒီကေဘီအေနှင့် မြန်မာစစ်အ စိုးရတပ်တို့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် လှမ်းပစ်ခဲ့ ...

ယနေ့နံနက် ၉ နာရီခန့်မှာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် သဘာ ဝကျေးရွာရှိ ကေအန်ယူတပ် မဟာ ၆ ကို ဒီကေဘီအေနှင့် မြန်မာစစ်အ စိုးရတပ်တို့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် လှမ်းပစ်ခဲ့ သည်ဟု သိရသည်။

ဒီကေဘီအေတပ် ၉၀၁ မှ ဗိုလ်ကြီးစောအေဝမ်းတို့ကဦးဆောင်ပြီး မြန်မာ စစ်အစိုးရတပ် ခမရ ၃၅၆ နှင့်အတူ မဲကသာတောအနောက်ပိုင်ရှိ ကေ အန်ယူတပ်မဟာ ၆ နယ်မြေကို လက်နက်ကြီး M-39 သုံးချက်နှင့် လက် နက်ငယ် အချက် ၃၀ လောက် လှမ်းပစ်ခဲ့သည်ဟု ကေအန်ယူမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

“ဒီကေဘီအေနဲ့ မြန်မာတပ်တွေပေါင်းပြီးတော့ ကျနော်တို့ ကေအန်ယူတပ် ရှိနေတယ်လို့ ထင်ပြီ လှမ်းပစ်တယ်။ ဒါပေမယ့် သူတို့လာမယ်ဆို တာကို သိနေလို့ကေအန်ယူဘက်ကနေ ရှောင်ထွက်လိုက်တယ်၊ သူတို့က ကျနော် တို့ရှိမရှိ မသိဘူး၊ မဲကသာအရှေ့ဘက် သဘာဝရွာကနေ လှမ်းပစ်တာပဲ” ဟု ကေအန်ယူမှ တာဝန်ရှိသူက ဆက်ပြောသည်။

သဘာဝရွာသည် ကေအန်ယူထိန်းချုပ်ရာနယ်မြေ မဲကသာတော၏ အရှေ့ ဘက်တွင်ရှိနေပြီး ဘုရားသုံးဆူမြို့မှ ၁၆ ကီလိုမီတာ ကွာဝေးသည်။

“ဒီကေဘီအေနဲ့ ကေအန်ယူတိုက်ပွဲဖြစ်တဲ့သဘောတော့မဟုတ်ဘူး၊ ဒီကေ ဘီအေက ဝင်တိုက်တာ၊ ပစ်လိုက်တဲ့နေရာက ကေအန်ယူတွေမရှိတော့ အပြန်လှန်မပစ်ကြဘူး၊ ဒီကေဘီအေဘက်က လှမ်းပစ်တာဖြစ်တယ်” ဟု သေနတ်သံကို ကြားခဲ့ရသည့် မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ပြောသည်။

သေနတ်သံကြားရပြီးနောက် ဒီကေဘီအေတပ်မှ မော်တော်ကားနှစ်စီးဖြင့် တပ်အင်အား ဖြည့်ရန် ဘုရားသုံးဆူမြိုမှ ထွက်ခွာသွားသည်ဟု ဘုရားသုံး ဆူမြို့ခံတစ်ဦးက ပြောသည်။

သေနတ်သံကြောင့် ထိုဒေသတဝိုက်ရှိ ဒေသခံတို့က တိုက်ပွဲဖြစ်နေပြီးဟု ထင်မှတ်ပြီး ကြောက်ရွံ့နေကြသည်။

ယခုရက်ပိုင်းအတွင်း လက်နက်ကိုင်အဖွဲ့စည်းများ လှုပ်ရှားနေသည့် ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပတ်ဝန်ကျင်မှာ ဗုံးပေါက်ကွဲမှုများ သေနတ် သံများ မကြာခဏကြားနေရသောကြောင့် ဒေသခံတို့က အထိတ်တလန့် နေကြသည်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာ စစ်အစိုးရ မြေတိုင်းစာရင်းရုံးအနီးတွင် ဗုံး တစ်လုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိသွားခဲ့ပြီး၊ စက်တင်ဘာလ ပထမအပတ်မှာလည်း ဘုရားသုံးဆူမြို့အပြင်ဘက်မှာ ဗုံးနှစ်လုံးပေါက်ကွဲ ခဲ့သည်။

ယခုလိုမျိုး ဘုရားသုံးဆူမြို့အနီးနားတဝိုက်မှာ ဗုံးမကြာခဏပေါက်ကွဲနေ သော်လည်း မည်သူတို့၏ လက်ချက်ဖြစ်ကြောင်းကို မြန်မာစစ်အစိုးရ အ နေဖြင့်ဖော်ထုတ်ပေးနိုင်ခြင်းမရှိပါ။ ဗုံးပေါက်ကွဲမှုဖြစ်ပွဲပြီးတိုင်း လုံခြံုရေး များ တိုးမြှင့်ထားကြောင်းလည်းသိရသည်။