ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာ စစ်အစိုးရ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် တရုတ်နယ်မြေအတွင်း သို့ ထွက်ပြေးခိုလှုံ လာသည့် ဒေသခံလူထု သုံးသောင်းကျော်အား ဒေသခံအာဏာပိုင်က ကူညီစောင့်ရှောက်ထားသည်။
သြဂုတ်လ (၂၇) ရက်မှစ၍ ရှမ်းပြည်နယ် အထူးဒေသ(၁)၊ ကိုးကန့်နယ်မြေအတွင်း ပေါ်ပေါက်ခဲ့သည့် ကိုးကန့် တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံလူထု သုံးသောင်းကျော် လောက်ကိုင်မြို့ တ ဖက် ကမ်း၊ တရုတ်ပြည်၊ ကျိန်ခမ်းခရိုင်၊ နမ်ဆန်မြို့တွင် ထွက်ပြေးခိုလှုံခဲ့ရာ တရုတ်နယ်စပ် အာဏာပိုင်များက ကူညီစောင့်ရှောက် ထားကြောင်း တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားဌာနများမှ ယခုရက်ပိုင်း ထုတ်လွှင့်ပြသနေ သည်။
စစ်ပြေးဒုက္ခသည်များအား အပြာရောင် တာလပတ်ရွက်ဖျင်တဲများတွင် နေရာချထားပေးပြီး တဲများအနီး ဝန်းကျင် တွင် ပိုးသတ်ဆေးဖြန်းကာ ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးထားသည်ဟု တရုတ် ရုပ်သံက ထုတ်လွှင့်ခဲ့ သည်။
စစ်ပြေးဒုက္ခသည်အချို့က တိုက်တန်းလျားများတွင် ငှါးရမ်းစုဖွဲ့ နေထိုင်ကြပြီး စစ်ပြေး ဒုက္ခသည်များအား စစ်တပ် နှင့် ရဲတပ်ဖွဲ့က လုံခြံုရေး အစောင့်ရှောက် ချထားသည့်အကြောင်း ထုတ်လွှင့်ပြသခဲ့သော်လည်း ၎င်းကို မြန်မာ ပြည်ဘက်သို့ မည်သည့်အချိန် ပြန်ပို့ မည်ဆိုသည် ကို ထုတ်ဖေါ်ကြေညာခြင်းမရှိခဲ့ပါ။
ကိုးကန့်ဒေသသည့် နယ်မြေတည်ငြိမ်မှု ပြန်လည်ရရှိလာပြီ ဖြစ်သဖြင့် ဒေသခံနှင့် ကိုးကန့် တပ်ဖွဲ့ဝင်များ နေရပ် ရင်းသို့ ပြန်လာရန် ယနေ့ထုတ် မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ယခု(၂၉)ရက်နေ့တွင် ဖုန်ကျားရှင်အားထောက်ခံသည့် ကိုးကန့်တပ်ဖွဲ့ဝင်အင်အား (၇ဝဝ)ခန့် လည်း တရုတ်ပြည် ဘက်သို့ ဝင်ရောက်ကာ တရုတ်အာဏာပိုင်များထံ လက်နက်များ အပ်နှံပြီး နောက် တိုက်ပွဲများ ရပ်ဆိုင်းသွား ခဲ့သည်။
အဆိုပါ နေ့ကတည်းကစ၍ ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများ မရှိတော့ဘဲ နအဖ စစ်တပ်များက နယ်မြေ ရှင်း လင်းရေးလုပ်ငန်းအဖြစ် ကင်းလှည့်ကာ လက်ကျန်ကိုးကန့် တပ်ဖွဲ့ဝင်များအား ပိုက်စိတ်တိုက်ရှာဖွှေမှုများ လုပ်နေ သည်ဟု စစ်ဘက်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
ဥက္ကဌ ဖုန်ကျားရှင်နှင့် ခေါင်းဆောင်အချို့မှာ တရုတ်ပြည်ဘက်သို့ ဝင်ရောက်သွားသည့် ကိုးကန့် တပ်ဖွဲ့နှင့်အတူ လိုက်ပါခြင်းမရှိသည့်အတွက် (ဝ)ဒေသဘက်သို့ ထွက်ပြေးတိမ်း ရှောင်သွားနိုင်ကြောင်း အများက ယူဆနေကြသည်။