အပစ်ရပ် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရကြား တင်းမာမှုအရှိန်မြင့််

အပစ်ရပ် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရကြား တင်းမာမှုအရှိန်မြင့််
by -
ဇော်ကြီး
မြန်မာရဲချုပ်က လောက်ကိုင်ရှိ ကိုးကန့်အဖွဲ့ရုံးအား ဖယ်ရှားခိုင်းခြင်းဖြင့် ကိုးကန့်နှင့် မြန်မာအစိုးရအကြား တင်း မာမှုများ ပိုမို ကြီးထွားလာစေခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ်က ကိုးကန့်အဖွဲ့ရုံးကို ...

မြန်မာရဲချုပ်က လောက်ကိုင်ရှိ ကိုးကန့်အဖွဲ့ရုံးအား ဖယ်ရှားခိုင်းခြင်းဖြင့် ကိုးကန့်နှင့် မြန်မာအစိုးရအကြား တင်း မာမှုများ ပိုမိုကြီးထွားလာစေခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ်က ကိုးကန့်အဖွဲ့ရုံးကို ယမန်နေ့ညနေက ဖယ်ရှားရန် အမိန့်ပေးခဲ့ပြီး ညပိုင်းတွင် စစ် အစိုးရတပ်များဝင်ရောက်လာသည်ဟု အပစ်ရပ်အဖွဲ့နှင့်နီးစပ်သူ ဦးအောင်ကျော်ဇောက ယခုလိုပြောသည်။

“ကွန်လုံဖက်ကနေ ကားအစီး (၆၀) ကျော်ဝင်လာပြီးတော့ ဒုရဲချုပ်အမိန့်နဲ့ လောက်ကိုင်မှာ ရှိတဲ့ ကိုးကန့် အထူးဒေသရုံးမှာရှိတဲ့ တပ်တွေကို ဖယ်ပေးခိုင်းတယ်။ သူတို့ရဲတွေဝင်ယူမယ် လို့ပြောတယ်။ အထူးရဲတဲ့။ ခင်ဗျားတို့ ဒီရုံးခန်းထဲက ထွက်ပေးပါ။ ကျနော်တို့လုံခြံုရေးအရ ၀င်ထိန်းမယ်ပေ့ါ။ ကိုးကန့် အဖွဲ့ကလည်း ထွက်မပေးဘူး။”   

နောက်ဆုံးရရှိသည့် သတင်းအရ ကိုးကန့်တပ်ဖွဲ့ ဆက်ဆံရေးတာဝန်ခံအရာရှိအား စစ်အစိုးရတပ်ဖွဲ့က ဖမ်းဆီး လိုက်ပြီး ကိုးကန့်တပ်ဖွဲ့များ လောက်ကိုင်မြို့တွင်းမှ ဆုတ်ခွာ၍ မြို့ပြင်တောင်ကုန်းများ၌ နေရာယူ တပ်စွဲထား သည်။

ယခုလ (၂၃) ရက်နေ့ညက ကိုးကန့်အဖွဲ့ ဒုဥက္ကဌပိုင်စုန်ချိန် ဦးဆောင်၍ အရပ်ဝတ် အထူးရဲတပ်ဖွဲ့ အင်အား (၁၀၀) ကျော်ဖြင့် ကိုးကန့်ဥက္ကဌ ဖုန်ကျားရှင်အား ဖမ်းဆီးရန် နေအိမ်ကို ၀ုိင်းရံခဲ့သော်လည်း ဖုန်ကျားရှင်မှာ လွတ်မြောက်ခဲ့သည်။

ဦးအောင်ကျော်ဇောက“ကိုးကန့်တပ်ဖွဲ့တွေက လက်နက်မအပ်ဖူးဆိုကတည်းက ကိုးကန့်ကို ချောင်းနေ တာလေ။ အဲလိုချောင်းနေတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ တစုံတရာ အတွင်းပိုင်းကိစ္စအချို့ ကို သူ(စစ်တပ်)က သွေးခွဲသပ်လျှိုလိုက်တာ။" ဟု ဆက်ပြောသည်။

ယခုလ(၈)ရက်နေ့က လောက်ကိုင်အခြေစိုက် စစ်တပ်နှင့်ရဲတပ်ဖွဲ့ အင်အား(၇ဝ)ခန့်သည် ကိုးကန့်တပ်ဖွဲ့ ဥက္ကဌ ဖုန်ကျားရှင်နေအိမ်ရှိ ဂိုဒေါင်အားရှာဖွှေရန် သွားရောက်စဉ် နှစ်ဖက် တပ်ဖွဲ့များအကြား ပစ်ခတ်လုနီးပါး ပြဿနာ တက်ခဲ့ပြီး ဒေသခံလူထု တစ်သောင်းကျော် တရုတ်ပြည်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ထိုပြဿနာအားဖြေရှင်းရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ််တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင် သို့ ရောက်လာခဲ့သော်လည်း ကိုးကန့်ဥက္ကဌအပါအဝင် ထိပ်တန်းခေါင်းဆောင်များက တွေ့ဆုံရန်ငြင်းဆန်ခဲ့သည်။

ထိုသို့ ငြင်းဆန်ခဲ့မှုကြောင့် ယခုလ(၁၁)နေ့က လောက်ကိုင် ဒကစဌာနချုပ်သို့ သွားခဲ့သည့် ကိုးကန့်တပ်ဖွဲ့မှ ကိုယ်စားလှယ်(၆)ဦးအား ငါးနာရီကြာ ထိန်းသိမ်းထားခဲ့သည့် အတွက် နအဖနှင့် ဆက်ဆံရေး ယာယီရပ်စဲလိုက် ကြောင်း ယခုလ(၂ဝ)ရက်နေ့စွဲဖြင့်  ကိုးကန့်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကြေငြာချက်ထွက်ပေါ်ပြီးနောက် ယခုလ(၂၂) ရက်နေ့က ကိုးကန့်တပ်ဖွဲ့ ဥက္ကဌဖုန်ကျားရှင် အပါအဝင် ခေါင်း ဆောင် လေးဦးအား လားရှိုးမြို့၊ အမှတ်(၁) ရဲစခန်းသို့ ဆင့်ခေါ်ခဲ့ရာ သွားရောက်ခြင်း မရှိခဲ့ပေ။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ မြန်မာစစ်အစိုး ရ နှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့ပြီး ယခုနှစ် ဧပြီ(၂၈)ရက် နေ့က စ၍နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် နအဖ ၏ ဖိအားပေးခြင်း ခံနေရသည်။

Most read this week