ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ရန်ပွဲဖြစ်၊ ခုနှစ်ဥိး ဒဏ်ရာရ

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ရန်ပွဲဖြစ်၊ ခုနှစ်ဥိး ဒဏ်ရာရ
ဘင်္ဂါလာဒေးရှ် နိုင်ငံ၊ ကူတုဖါလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် တရားဝင် ဒုက္ခသည် များ နှင့် တရားမဝင် ဒုက္ခသည်များ အချင်းချင်း မနေ့နေ့လည်တွင်ရေစုပ်စက်မှ သောက်ရေ ယူရာတွင် ရန်ပွဲဖြစ် ...

ဘင်္ဂါလာဒေးရှ် နိုင်ငံ၊ ကူတုဖါလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် တရားဝင် ဒုက္ခသည် များ နှင့် တရားမဝင် ဒုက္ခသည်များ အချင်းချင်း မနေ့နေ့လည်တွင်ရေစုပ်စက်မှ သောက်ရေ ယူရာတွင် ရန်ပွဲဖြစ်ရာ တဦး  အပြင်းအထန် နှင့် တခြား ခြောက်ဦး ဒဏ်ရာ ရရှိသည့် အခြေအနေတွင် ရှိကြောင်း ဒုက္ခသည်စခန်း ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ ဦးရော်ဖိက်မှ ပြောဆိုပါသည်။

ငါးနှစ်အရွယ် အဘူဘော်ကောရ် ဆိဒိက် ကို ရေစုပ်စက် အစောင့် ဦးအိဗြာဟိမ်း မှ အုတ်ခဲကျိုးဖြင့် ဥိးခေါင်းကို ထုရိုက်နှိက်သဖြင့် ခေါင်းတွင် ရှစ်ချက်ခြုပ်လိုက်ရကြောင်း ၎င်းမှပင် ဆက်လက် ပြောဆိုသည်။

ဦးအိဗြာဟိမ်းသည် တရားဝင် ဒုက္ခသည်တဦးှဖြစ်ပြီး၊ ၎င်းရေစုပ်စက်များအားညတွင် စောင့် ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်နေသူတဦးလည်းဖြစ်သည်။ သို့သော် ဦးအိဗြာဟိမ်း သည် တရားမဝင်ဒုက္ခသည်စခန်းမှ လာရောက်ရေယူခြင်းကို အခွင့်ကောင်းယူပြီး တအိမ် လျှင်ဆန် နို့ဆီဗူးတဘူး ကောင်ခံလျှက်ရှိကြောင်းဒုက္ခသည်တဥိး၏ပြောပြချက်အရ သိရှိရ သည်။

တရားမဝင်ဒုက္ခသည်စခန်း၏ အမှတ် က တွင် အိမ်ထောင်စုပေါင်း ၁၈၂၄ ခုရှိပြီး၊ တလ လျှင် ဦးအိဗြာဟိမ်းသည် ဆန် ၄၅၆ ကိလို ကောက်ခံလျှက်ရှိကြောင်း ၎င်းဒုက္ခသည်မှပင် ဆက်လက်ပြောဆိုသည်။

တချို့ဆင်းရဲသော ဒုက္ခသည်များသည် ဦးအိဗြာဟိမ်း တောင်းသော ဆန်များကို မပေးနိုင် သဖြင့် ဦးအိဗြာဟိမ်း နှင့် ၎င်း၏သား တို့သည် ဒုက္ခသည်များကို ၀ုိင်း၍ ရိုက်နှက်သဖြင့် ဒုက္ခ သည် ငါးဦး ဒဏ်ရာ ရရှိသည်ကို တခြားဒုက္ခသည်များဝု်ိင်းဝန်ပြီး နီးစပ်ရာ နယ်ခြားမဲ့ ဆရာ ၀န်များ အသင်းသို့ ပေးပို့ပြီး ဆေးကုပေးရကြောင်း၊ ၎င်းတွင် ခလေးတဦး အပြင်းအထန် ဒဏ်ရာ ရ ရှိကြောင်း ဒုက္ခသည် ကော်မတီ ၀င် ဦးဟာရှိမ်း မှ ပြောပြသည်။

ဒဏ်ရာရရှိထားသူများမှာ ဒေါ်မာဘိယာခါတူး(၂၀)၊ မဂျော်နော်အာရာ (၅)၊  အဘူဘော် ကောရ် ဆိဒိက် (၅) နှင့် ဒေါ်ဟာဆီနာ တို့ဖြစ်သည်။

ဦးအိဗြာဟိမ်း နှင့် ၎င်း၏သား တို့သည် တရားဝင်စခန်းရှိ လုံခြံုရေး ရဲများကို ငွေပေးပြီး၊ တရားမဝင်ဒုက္ခသည်များကို ထပ်မံရိုက်ခိုင်းသဖြင့် ဦးကာလာမျာနှင့် နူရ်ရူအာမိန်တို့အား နောက်တဖန် ၎င်း နယ်ခြားမဲ့ ဆရာ ၀န်များ အသင်းသို့ ပေးပို့ခဲ့ရကြောင်း ၎င်းကော်မတီဝင်မှပင် ဆက်လက်ပြောဆိုသည်။

တရားမဝင်ဒုက္ခသည်များ ကော်မတီဝင်များသည် ၎င်းတို့ခံစားရသည့်အကြောင်းအရာများ အား တိုင်းကြား ရန် တရားဝင်ဒုက္ခသည်စခန်းတာဝန်ခံထံသွားသော်လည် မတွေ့ခဲ့ရ၍ ၎င်း စခန်းရှိ လုံခြံုရေးတာဝန်ခံ ရဲအရာရှိထံ တိုင်းကြားခဲ့သော််လည် ယ္ခူအချိန်အထိ အရေးယူခြင်း မရှိ ကြောင်း ပြောပြသည်။

ဒုက္ခသည်များအား အဘယ်ကြောင်း ဆန်တဘူးစီ ရေအတွက် ပေးနေသည့်အကြောင်း အား မေးမြန်းသောအခါ “ ကျွန်တော်တို့မှာ သောက်ရေအတွက် ရေ စုပ်စက်မရှိတော့ တခြား ဒုက္ခသည်စခန်းရဲ့ ရေစုပ်စက်ဆီက ယူနေရတယ်၊ ၎င်းစက် ကို ဦးအိဗြာဟိမ်း စောင့်နေပြီး၊ ကျွန်တော်တိုဆီက အမြတ်ထုတ်နေဒါပါဘဲ၊ ၎င်းကိစ္စကို သက်ဆိုင်ရာ  စခန်းတာဝန်ခံ နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ခံ များဆီမှာ တင်ပြထားသော်လည်း ဘာတခုမျှ လုပ်မပေးဘူး” ဟုပြောပြသည်။

နယ်ခြားမဲ့ ဆရာဝန်များ အသင်းမှ ရေကို သန့်စင်ပြိးပေးနေချိန်တွင် သောက်ရေအတွက် အခက်အခဲမရှိကြောင်း၊ အေစီအဖ် မှ ရေစုပ်စက်ပေးပြီးနောက်ပိုင်းတွင် ထွက်ရှိလာသော ရေတွင် သံဓါတ်များစွာပါ၀င်နေ၍ သောက်ရေ အတွက် အခက်အခဲ တွေ့နေရကြောင်း ခလေး လေးယောက်မိခင် ဒေါ်ဟာမိဒါ မှ ပြောဆိုသည်။