တိုင်းရင်းသား လက်နက်ကိုင်နှင့် ပတ်သက်သည့် စာစောင် ပျံ့နှံ့

တိုင်းရင်းသား လက်နက်ကိုင်နှင့် ပတ်သက်သည့် စာစောင် ပျံ့နှံ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့်ပတ်သက်သည့်စာရွက်များ ကရင်ပြည်နယ်အတွင်း ပျံ့နှံ့နေသည်ဟု သိရပါသည်။ ၄င်းစာရွက်မှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနှင့် မွန်ပြည်သစ် ပါတီတို့အကြောင်း ပါဝင် ...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့်ပတ်သက်သည့်စာရွက်များ ကရင်ပြည်နယ်အတွင်း ပျံ့နှံ့နေသည်ဟု သိရပါသည်။

၄င်းစာရွက်မှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနှင့် မွန်ပြည်သစ် ပါတီတို့အကြောင်း ပါဝင်သော်လည်း မွန်ပြည်သစ်ပါတီမှ အထွေထွေအ တွင်းရေးမှူး နိုင်ဟံသာကို အဓိကထားရည်ရွယ်သည်ဟု စာရွက်ကို လက် ဝယ်ရရှိသူတစ်ဦးက ပြောသည်။

“နိုင်ဟံသာ နိုင်ငံခြားသွားပြီး စည်းရုံးရေးဆင်းတဲ့ကြောင်း၊ ပြီးတော့ အ တိုက်ခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကေအန်ယူကနေ သင်တန်းသား ၆၀ နဲ့ဖောက်ခွဲရေးသင်တန်းပေးတဲ့အကြောင်းပါတယ်” ဟု ၄င်းက ပြောသည်။ သို့သော်လည်း ခေါင်းစည်ပိုင်းတွင် နိုင်ဟံသာကို အဓိကအသားပေး ဖော်ပြထားသည်။

လက်နက်ကိုင်အဖွဲ့အစည်းနှင့်ပတ်သက်သည့်၄င်းစာရွက် ပျံ့နှံ့နေသည်မှာ လွန်ခဲ့သည့်တစ်ရက်နှစ်ရက်ခန့်လောက်သာ ရှိပြီး ကော့ဗိန်းကျေးရွာ၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းများပေါ်တွင် အများပျံ့နှံ့သည်ဟု ၄င်းက ပြောသည်။

စာရွက်ပေါ်တွင် မည်သည့်အမှတ်အသား၊ တံဆိပ် တစ်စုံတစ်ရာမပါရှိယုံမျှ မက မည်သည့်အဖွဲ့အစည်းမှ ဖြန့်ဝေသည်ဟုလည်း မပါရှိဟု လက်ခံရရှိ သည့်ကော့ဗိန်းရွာသားတို့က ပြောသည်။ ၄င်းမှာ မြန်မာအာဏာပိုင်တို့မှ ဖြန့်သည်ဟု ဖြစ်နိုင်ကြောင်း ရွာသားတို့က ပြောသည်။

မြန်မာအာဏာပိုင်တို့သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တို့၏ လှုပ်ရှား မှုများကိုလည်း အဓိကအာရုံစိုက်ပြီး ၄င်းတို့၏လှုပ်ရှားမှုကိုလည်း အစီရင်ခံ တင်ပြရန် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာဥက္ကဌတို့အား အာဏာပိုင် တို့က တရားဝင် အမိန့်စာဖြင့် ညွန်ကြားထားသည်။

ကျေးရွာဥက္ကဌတို့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ အဖွဲဝင် များ ရွာအတွင်းသို့ ဝင်ထွက်သွားလာသည်ကို မှတ်သားရုံသာမက မည် သည့်အကြောင်းအရာဖြင့် ဝင်ထွက်သည်ကိုလည်း အစီရင်ခံတင်ပြရသည်။

မွန်ပြည်နယ်ရှိ အချို့မြို့နယ်များတွင်လည်း ၄င်းတိုင်းရင်းသားလက်နက် ကိုင်နှင့်ပတ်သက်သည့်စာများ လက်ခံရရှိရန်အတွက် ကျေးရွာဥက္ကဌ တို့အား မြို့နယ်မယကဥက္ကဌမှ အစည်းအဝေးခေါ်ယူနေကြောင်း ကျေး ရွာဥက္ကဌတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်အတွင်ရှိ ကျေးရွာဥက္ကဌတို့အား အစည်းအဝေးခေါ်ယူပြီးသော် လည်း ၄င်းစာကို တစ်ရက်နှစ်ရက်အတွင်း လက်ခံရရှိဖွယ်ရှိကြောင်း ၄င်း ဥက္ကဌက ပြောသည်။

ပါတီအဖွဲ့ဝင်ကဒ်ကိုင်ဆောင်သူများမှ ခရီးသွားလာရာတွင် ၄င်းကဒ်ကို မပြ ဘဲ နိုင်ငံသားမှတ်ပုံတင်ကဒ်ကိုသာ ပြသပါက မြန်မာအာဏာပိုင်တို့ စစ် ဆေးမှု ပို၍နည်းကြောင်း၊ ပါတီကဒ်ကိုပြပါက အစစ်ဆေးများနိုင်ကြောင်း မွန်ပြည်သစ်ပါတီ မော်လမြိုင်မြို့မှ အရာရှိတစ်ဦးက ပြောသည်။

မီးပွိုင့်များ၊ မော်လမြိုင်တက္ကသိုလ်၊ မုတ္တမဆိပ်ကမ်းသို့သွားရာလမ်း၊ ကျိုက် မရောမြို့သို့ သွားလာရာလမ်းအသီးသီးနှင့် လမ်းဆုံများတွင်လည်း အထူး ရဲတပ်ဖွဲ့မှ လုံခြုံရေးစစ်ဆေးနေသည်။ မှတ်တိုင်တစ်တိုင်စီခန့် လုံခြံုရေးချ ထားသည်ဟု မျက်မြင်တွေသူတို့က ပြောသည်။

Most read this week